ေလွဆိုတာ ကမ္းမွာ ကပ္ထားရင္ အႏၲရာယ္ အကင္းဆုံးပဲ ၊ ဒါေပမယ့္ အဲဒါက ေလွ တည္ေဆာက္ခဲ့တဲ့ ရည္႐ြယ္ခ်က္ မဟုတ္ဘူး ။ လူဆိုတာ အိမ္မွာေနရင္ အသက္သာဆုံးပဲ ၊ ဒါေပမယ့္ အဲဒါက လူျဖစ္လာရတဲ့ ရည္႐ြယ္ခ်က္ မဟုတ္ဘူး ။
တစ္ရက္ကို မိုင္တေထာင္ေလာက္ ေျပးသြားႏိုင္တဲ့ အာဇာနည္ျမင္းပ်ိဳေလး တစ္ေကာင္ ရွိတယ္ ၊ သူ႔ရဲ႕ အရည္အခ်င္းကို ေဖာ္ထုတ္ျပသဖို႔ အခြင့္အေရးကို ေစာင့္ေနတယ္ ။ တေန႔ ကုန္သည္တစ္ေယာက္ ေရာက္လာပီး ျမင္းကို ေမးတယ္ ။
” မင္း ငါနဲ႔ လိုက္ႏိုင္မလား ”
ျမင္းက ေခါင္းခါၿပီး ေျပာတယ္ ။
” ငါက တေန႔ မိုင္တစ္ေထာင္ ေျပးႏိုင္တဲ့ အာဇာနည္ျမင္းကြ.. ဘာ့ေၾကာင့္ ကုန္သည္ေနာက္ကို လိုက္ၿပီး ကုန္ထမ္း ရမွာလဲ ”
စစ္သား ေရာက္လာတယ္၊ ျမင္းကို ေမးတယ္ ။
” မင္း ငါနဲ႔ လိုက္ႏိုင္မလား ”
ျမင္းက ေခါင္းခါၿပီး ေျပာျပန္တယ္ ။
” ငါက တေန႔ကို မိုင္တစ္ေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ.. ဘယ္လိုျဖစ္ပီး သာမာန္ စစ္သား တေယာက္ေနာက္ လိုက္ၿပီး တိုက္ပြဲ ဝင္ရမွာလဲကြ ”
မုဆိုးတစ္ေယာက္ ေရာက္လာတယ္ ၊ ျမင္းကိုေမးတယ္ ။
” မင္း ငါနဲ႔ လိုက္ႏိုင္မလား ”
ျမင္းက ေခါင္းခါၿပီး ေျပာတယ္ ။
” ငါက တစ္ေန႔ မိုင္တစ္ေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ.. ဘယ္လိုျဖစ္လို႔ မုဆိုးနဲ႔ အတူတူ ပင္ပန္းဆင္းရဲမႈဒဏ္ ခံရမွာလဲကြ ”
ဒီလိုနဲ႔ တစ္ေန႔ၿပီးတစ္ေန႔ တရက္ပီးတရက္သာ ကုန္ဆုံးသြားခဲ့တယ္ ။ ျမင္းဟာ သူနဲ႔ ထိုက္တန္တဲ့ အလုပ္ကို ရွာလို႔မေတြ႕ေသးဘူး ။ တေန႔မွာေတာ့ ဘုရင္မင္းျမတ္ အမိန႔္ျဖင့္ စစ္သူႀကီး တစ္ေယာက္ အာဇာနည္ျမင္းကို လိုအပ္ေၾကာင္း ေနရာအႏွံ႔ ေၾကာ္ျငာစာမ်ား ကပ္ကာ လိုက္ရွာေလသည္ ။ အာဇာနည္ျမင္းက စစ္သူႀကီးဆီ သြားေတြ႕ၿပီး ေျပာတယ္ ။
” က်ေနာ္က ခင္ဗ်ားတို႔ ရွာေနတဲ့ အာဇာနည္ျမင္း ပါ ”
စစ္သူႀကီးက ေမးတယ္ ။
” ဒါဆို မင္း ငါတို႔ တိုင္းျပည္ရဲ႕ ေတာေတာင္ေရေျမနဲ႔ လမ္းေတြကို ကြၽမ္းက်င္ႏွံ႔စပ္လား ”
ျမင္းက ေခါင္းခါျပတယ္ ။ စစ္သူႀကီးက ထပ္ေမးတယ္ ။
” ဒါဆို မင္း စစ္ပြဲဝင္ဖူးတဲ့ အေတြ႕အႀကဳံ ရွိသလား ”
ျမင္းက ေခါင္း ထပ္ခါတယ္ ။ စစ္သူႀကီးက ထပ္ေမးတယ္ ။
” ဒါဆို မင္း ေတာထဲ ေတာင္ထဲမွာ သားေကာင္ေတြနဲ႔ ေတြ႕တဲ့အခါ မင္းသခင္အတြက္ ရင္ဆိုင္ တိုက္ခိုက္ၿပီး ႐ုန္းထြက္ရဲ သလား ”
ျမင္းက ေခါင္း ထပ္ခါတယ္ ၊ စစ္သူႀကီးက ေျပာတယ္ ။
” ဒါဆို မင္း ဘာအသုံးက် ေသးသလဲ ”
ျမင္းက ေျပာတယ္ ။
” က်ေနာ္ ေန႔ဘက္ဆို မိုင္တစ္ေထာင္ သြားႏိုင္ၿပီး ညဘက္ဆို မိုင္ရွစ္ရာ သြားႏိုင္တယ္ ၊ ေလအဆန္မွာ အစုန္ထက္ေတာင္မွ အေျပးျမန္ေသးတယ္ ”
စစ္သူႀကီးက ျမင္းေပၚ ခြတက္စီး လိုက္တယ္ ၊ျမင္းက အားစိုက္ၿပီး တစ္ဟုန္ထိုး ေျပးလိုက္တယ္ ၊ ဒါေပမယ့္ ၁၀ လွမ္းေလာက္ပဲ ေျပးရေသးတယ္ ၊ အေမာဟိုက္ၿပီး ေက်ာမွာ ေခြၽးေတြ ျပန္လာတယ္ ။
” မင္းအိုသြားၿပီ.. မေျပးႏိုင္ေတာ့ဘူး ” ဟု ဆိုကာ စစ္သူႀကီး ျပန္လွည့္ထြက္ သြားသည္ ။
ဒီေန႔ သင္လုပ္တဲ့ ကိစၥတစ္ခုစီတိုင္းဟာ သာမာန္ ႀကိဳးစားေနတယ္ ထင္ရေပမယ့္ ေနာင္တစ္ခ်ိန္ အတြက္ အင္အားေလး တစ္ခု ဆိုတာ သိထားပါ ။ ဒီေန႔ သင္ျဖတ္ေက်ာ္ရတဲ့ စိတ္ဆင္းရဲတဲ့ အေတြ႕အႀကဳံတိုင္း၊ ျငင္းပယ္မႈ တိုင္းဟာ အနာဂတ္အတြက္ အုတ္ျမစ္ခ်ပ္ေလး ေတြပါ ။ အိုသြားတဲ့ အခ်ိန္ မေျပးႏိုင္ေတာ့မွ မေျပးခဲ့ရပါလားလို႔ ေနာင္တ မရပါနဲ႔ ။
ေလွက ကမ္းမွာ ကပ္ထားရင္ အႏၲရာယ္ အကင္းဆုံးပဲ ၊ ဒါေပမယ့္ အဲဒါဟာ ေလွတည္ေဆာက္ခဲ့တဲ့ ရည္႐ြယ္ခ်က္ မဟုတ္ဘူး ။ လူက အိမ္မွာေနရင္ အသက္သာဆုံးပဲ ၊ ဒါေပမယ့္ ဒါဟာ လူျဖစ္လာရတဲ့ ရည္႐ြယ္ခ်က္ မဟုတ္ဘူး ။
ပညာက အရည္အခ်င္းကို ကိုယ္စား မျပဳဘူး ၊ စာေပက ယဥ္ေက်းမႈကို ကိုယ္စား မျပဳဘူး ။ မေန႔က ေက်ာ္ေဇာခဲ့တဲ့ အရာဟာ ဒီေန႔မွာ အတိတ္နဲ႔ မွတ္ဉာဏ္ အခ်ိဳ႕ ျဖစ္သြားၿပီ ။
ဒါ့ေၾကာင့္ အေရးႀကီးတာက မေန႔က သင္ဘယ္သူလဲ မဟုတ္ပါဘူး ၊ ဒီေန႔ သင္ဘယ္သူလဲ ဆိုတာပါ ။
ပိုၿပီး အေရးႀကီးတာက.. ဒီေန႔ သင္ ဘာလုပ္သလဲ ဆိုတာထက္.. မနက္ျဖန္ သင္ဘာျဖစ္မလဲ ဆိုတာပါ ။
Crd
Unicode
လှေဆိုတာ ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ ၊ ဒါပေမယ့် အဲဒါက လှေ တည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။ လူဆိုတာ အိမ်မှာနေရင် အသက်သာဆုံးပဲ ၊ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။
တစ်ရက်ကို မိုင်တထောင်လောက် ပြေးသွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တစ်ကောင် ရှိတယ် ၊ သူ့ရဲ့ အရည်အချင်းကို ဖော်ထုတ်ပြသဖို့ အခွင့်အရေးကို စောင့်နေတယ် ။ တနေ့ ကုန်သည်တစ်ယောက် ရောက်လာပီး မြင်းကို မေးတယ် ။
” မင်း ငါနဲ့ လိုက်နိုင်မလား ”
မြင်းက ခေါင်းခါပြီး ပြောတယ် ။
” ငါက တနေ့ မိုင်တစ်ထောင် ပြေးနိုင်တဲ့ အာဇာနည်မြင်းကွ.. ဘာ့ကြောင့် ကုန်သည်နောက်ကို လိုက်ပြီး ကုန်ထမ်း ရမှာလဲ ”
စစ်သား ရောက်လာတယ်၊ မြင်းကို မေးတယ် ။
” မင်း ငါနဲ့ လိုက်နိုင်မလား ”
မြင်းက ခေါင်းခါပြီး ပြောပြန်တယ် ။
” ငါက တနေ့ကို မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်ပီး သာမာန် စစ်သား တယောက်နောက် လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ ”
မုဆိုးတစ်ယောက် ရောက်လာတယ် ၊ မြင်းကိုမေးတယ် ။
” မင်း ငါနဲ့ လိုက်နိုင်မလား ”
မြင်းက ခေါင်းခါပြီး ပြောတယ် ။
” ငါက တစ်နေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့ မုဆိုးနဲ့ အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ ”
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ တရက်ပီးတရက်သာ ကုန်ဆုံးသွားခဲ့တယ် ။ မြင်းဟာ သူနဲ့ ထိုက်တန်တဲ့ အလုပ်ကို ရှာလို့မတွေ့သေးဘူး ။ တနေ့မှာတော့ ဘုရင်မင်းမြတ် အမိန့်ဖြင့် စစ်သူကြီး တစ်ယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည် ။ အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ် ။
” ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်း ပါ ”
စစ်သူကြီးက မေးတယ် ။
” ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို ကျွမ်းကျင်နှံ့စပ်လား ”
မြင်းက ခေါင်းခါပြတယ် ။ စစ်သူကြီးက ထပ်မေးတယ် ။
” ဒါဆို မင်း စစ်ပွဲဝင်ဖူးတဲ့ အတွေ့အကြုံ ရှိသလား ”
မြင်းက ခေါင်း ထပ်ခါတယ် ။ စစ်သူကြီးက ထပ်မေးတယ် ။
” ဒါဆို မင်း တောထဲ တောင်ထဲမှာ သားကောင်တွေနဲ့ တွေ့တဲ့အခါ မင်းသခင်အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲ သလား ”
မြင်းက ခေါင်း ထပ်ခါတယ် ၊ စစ်သူကြီးက ပြောတယ် ။
” ဒါဆို မင်း ဘာအသုံးကျ သေးသလဲ ”
မြင်းက ပြောတယ် ။
” ကျနော် နေ့ဘက်ဆို မိုင်တစ်ထောင် သွားနိုင်ပြီး ညဘက်ဆို မိုင်ရှစ်ရာ သွားနိုင်တယ် ၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ် ”
စစ်သူကြီးက မြင်းပေါ် ခွတက်စီး လိုက်တယ် ၊မြင်းက အားစိုက်ပြီး တစ်ဟုန်ထိုး ပြေးလိုက်တယ် ၊ ဒါပေမယ့် ၁၀ လှမ်းလောက်ပဲ ပြေးရသေးတယ် ၊ အမောဟိုက်ပြီး ကျောမှာ ချွေးတွေ ပြန်လာတယ် ။
” မင်းအိုသွားပြီ.. မပြေးနိုင်တော့ဘူး ” ဟု ဆိုကာ စစ်သူကြီး ပြန်လှည့်ထွက် သွားသည် ။
ဒီနေ့ သင်လုပ်တဲ့ ကိစ္စတစ်ခုစီတိုင်းဟာ သာမာန် ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တစ်ချိန် အတွက် အင်အားလေး တစ်ခု ဆိုတာ သိထားပါ ။ ဒီနေ့ သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှု တိုင်းဟာ အနာဂတ်အတွက် အုတ်မြစ်ချပ်လေး တွေပါ ။ အိုသွားတဲ့ အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရပါလားလို့ နောင်တ မရပါနဲ့ ။
လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ ၊ ဒါပေမယ့် အဲဒါဟာ လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။ လူက အိမ်မှာနေရင် အသက်သာဆုံးပဲ ၊ ဒါပေမယ့် ဒါဟာ လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။
ပညာက အရည်အချင်းကို ကိုယ်စား မပြုဘူး ၊ စာပေက ယဉ်ကျေးမှုကို ကိုယ်စား မပြုဘူး ။ မနေ့က ကျော်ဇောခဲ့တဲ့ အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ် အချို့ ဖြစ်သွားပြီ ။
ဒါ့ကြောင့် အရေးကြီးတာက မနေ့က သင်ဘယ်သူလဲ မဟုတ်ပါဘူး ၊ ဒီနေ့ သင်ဘယ်သူလဲ ဆိုတာပါ ။
ပိုပြီး အရေးကြီးတာက.. ဒီနေ့ သင် ဘာလုပ်သလဲ ဆိုတာထက်.. မနက်ဖြန် သင်ဘာဖြစ်မလဲ ဆိုတာပါ ။
Crd