ကမ္ဘာ့ရွှေစျေးတန်းတွေ မတည်ငြိမ်ချိန်မှာ ဖြစ်လေ့ရှိတဲ့အတိုင်း ပြည်တွင်းက ရွှေဆိုင်တွေမှာ ရွှေစျေးဟာ ကျပ်သောင်းဂဏန်း စျေးဟနေပါတယ်။ ကမ္ဘာ့ရွှေတက်နေတာကြောင့် ဒေါ်လာစျေးကတော့ ပြန်ကျရိပ်တွေ ရှိနေပါတယ်။ ယနေ့ January လ ( ၁၁ ) ရက်နေ့ ညပိုင်း နောက်ဆုံးရ ငွေဈေးနှုန်း ၊ ရွှေဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
Day: January 11, 2025
ယနေ့ မနက်ပိုင်း နိုင်ငံခြားငွေလဲနှုန်းများ ( ဇန်နဝါရီလ ၁၁ ရက်၊ စနေနေ့)
ဇန်နဝါရီလ ပထမ ၁၀ ရက်မှာတင် ဗဟိုဘဏ်ဘက်က ဒေါ်လာ ၇၅ သန်းကျော် ရောင်းထုတ်ထားပြီး ပြည်ပစျေးကွက် ဒေါ်လာစျေးကတော့ ၄၆၀၀ တဝိုက်ကို ရောက်ရှိနေပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (ဇန်နဝါရီလ ၁၁ ရက်) -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၄၆၀၀ ကျပ် ဝယ်ဈေး – ၄၅၂၀ ကျပ် -ယူရို ရောင်းဈေး – ၄၆၅၅ ကျပ် ဝယ်ဈေး – ၄၅၆၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၀၁၀ ကျပ် ဝယ်ဈေး – ၉၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၆၂၀ ကျပ် ဝယ်ဈေး – ၆၀၈ ကျပ် […]
တက်ကောင်းနေဆဲ ကမ္ဘာ့ရွှေနဲ့ ယနေ့ ပြည်တွင်းရွှေစျေးများ ( ဇန်နဝါရီလ ၁၁ ရက်၊ စနေနေ့)
ကမ္ဘာ့ရွှေ တရိပ်ရိပ်နဲ့ တက်နေခဲ့ကာ သောကြာနေ့ အပိတ်စျေးမှာတော့ စံချိန်တင်စျေးတန်းဖြစ်တဲ့ ၂၇၀၀ ကို ပြန်ထိသွားဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေသက်ရောက်မှုကြောင့် ပြည်တွင်းမှာ အကယ်ဒမီ အခေါက်ရွှေစျေးတန်းဟာ ၆၃ သိန်းကနေ တက်လာပြီး ၆၄ သိန်း တဝိုက် စျေးတန်းမာလာပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (ဇန်နဝါရီလ – 11 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၈၉ ဒေါ်လာ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းစျေး – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၄၀၀၀၀၀ ကျပ်