ဗဟုသုတ

အိမ်ထောင်သည် အစ်မကြီးတစ်ယောက်ရဲ့ တောင်းဆိုချက်အရ တင်လိုက်ပါပြီ

အိမ်ထောင်သည် အစ်မကြီးတစ်ယောက်ရဲ့ တောင်းဆိုချက်အရ တင်လိုက်ပါပြီ

နောက်အိမ်ထောင်ပြုတဲ့ ဖခင် ၊မိခင်တိုင်းလိုလို အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး …။

ကျန်ရစ်ခဲ့တဲ့ အမေ့ အဖေ့ ကို အသနားပိုပြီး သားသမီး များက ပို ချစ်ကြတယ် …။

အသိစိတ်က အဖေ အမေ ဆိုပေမယ့် မသိစိတ်ကကြည်ညိုလို့ မရတဲ့ ဖခင်၊မိခင် ဖြစ်နေတာပါ …။

အသိစိတ်က သွေးသား တော်စပ်ပေမယ့် မသိစိတ်က သူစိမ်းတစ်ယောက် လိုဘာ ခံစားချက်မှမရှိသလောက် ဖြစ်နေတော့တာပါ …။

အသက် အရွယ် ကြီး လာတာနဲ့ အမျှ သား ရင်း သမီး ရင်း ဆိုတာ အနား မှာ ကပ်ကြမှာ မဟုတ်တော့ပါဘူး …။

ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်းက ပြန်ကုစားလို့ မရနိုင်တော့လို့ပါ …။

” အဖေ အမေ မှားပါပြီ ” လို့ မျက်ရည် ကျပြလည်း သားသမီးများက ဒီ မျက်ရည်ကို ခံစားပေးနိုင်မှာမဟုတ်ပါဘူး …။

နောက်အိမ်ထောင်ပြုတဲ့ ဖခင် ၊မိခင်တိုင်းလိုလို အများစု အိုဇာတာ မကောင်းတတ်ကြပါဘူး …။

ဖခင် မိခင်ဆိုတဲ့ ဂုဏ်ထူးဟာ လူမှန်နေရာမှန် တာဝန်ကျေခဲ့ရင်အိမ်ဦးနတ်ဘဝနဲ့ အိမ်ဦးခန်းမှာ ကျက်သရေ ရှိရှိတစ်သက်တာ တင့်တယ်နေတော့မှာပါ …။

အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ ဖခင်မိခင်တိုင်းအတွက် တော့ကံကြမ္မာရဲ့ တန်ရာတန်ကြေး သစ္စာမဲ့မှု့ဒဏ်တော့ အနည်း နဲ့ အများ ခံစား ရမှာပါပဲ …။

စိတ်ဆန္ဒ ကို ဦးစားပေး ခဲ့တဲ့ ဖခင် မိခင် တိုင်းဟာစိတ်ဒဏ်ရာ ရ သွားတဲ့ သားသမီး များရဲ့ လျစ်လှူရှု့မှု့ အောက်မှာ မရှု့မလှ ကျဆုံး ရတော့မှာပါ …။

မျက်ရည် များရဲ့ ဝဋ် ကို လည်း အချိန် ရ လာတာနဲ့ အမျှ —အရှိန် ရ လာတာ နဲ့ အမျှ —ကိုယ်တိုင် ရှိုက်ကြီး တငင် ငိုကြွေး ဖို့ ကာလ ဟာ နီးနီး ကပ်ကပ် ရှိလာတော့မှာပါ …။

ကိုယ်ကိုယ်တိုင် အားကိုးရာ မဲ့ တဲ့ ဘဝ ရောက်ချိန်မှာကိုယ်ထားခဲ့တဲ့ ဇနီးက ကိုယ်တာဝန်မကျေခဲ့တဲ့ သားသမီးများ ဝန်းရံလျက်သာယာတဲ့ ဘဝလေးကို ပိုင်ဆိုင်နေတဲ့အချိန် ရောက်ရှိနေပါပြီ …။

ဘဝမှာ လမ်းမမှန်တဲ့နည်း နဲ့ အပျော်ရှာ နေတဲ့သူငယ်ချင်းရေ … !မင်းရော မင်းဖန်တီးခဲ့တဲ့ မိသားစုရော မျက်ရည်ကျမယ့်အရာအားလုံး ရပ်လိုက်ပါ …။

ဆန္ဒသစ်ရဲ့ နောက်အိမ်ထောင်ဆိုတာကို ကျောခိုင်းလိုက်ပါ …။မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမယ့် ဖောက်ပြန်မှုကြီး ကို စွန့်လွှတ်လိုက်ပါ …။

ကိုယ့်မိသားစုကို ပြန်လည်မျက်နှာမူဖို့ ၊ တစ်ဖန်လည်ပြန်နွေးထွေးပေးဖို့ကို တိုက်တွန်းစကားဆိုလိုက်ရပါတယ် သူငယ်ချင်း …။

မေတ္တာဖြင့် သာရေးသားသည် …။ ။

လေးစားစွာဖြင့် – သိန်းမောင်မောင်

Zawgyi

အိမ္ေထာင္သည္ အစ္မႀကီးတစ္ေယာက္ရဲ႕ ေတာင္းဆိုခ်က္အရ တင္လိုက္ပါၿပီ

ေနာက္အိမ္ေထာင္ျပဳတဲ့ ဖခင္ ၊မိခင္တိုင္းလိုလို အမ်ားစု ဘဝဇာတ္သိမ္း မေကာင္းၾကပါဘူး …။

က်န္ရစ္ခဲ့တဲ့ အေမ့ အေဖ့ ကို အသနားပိုၿပီး သားသမီး မ်ားက ပို ခ်စ္ၾကတယ္ …။

အသိစိတ္က အေဖ အေမ ဆိုေပမယ့္ မသိစိတ္ကၾကည္ညိဳလို႔ မရတဲ့ ဖခင္၊မိခင္ ျဖစ္ေနတာပါ …။

အသိစိတ္က ေသြးသား ေတာ္စပ္ေပမယ့္ မသိစိတ္က သူစိမ္းတစ္ေယာက္ လိုဘာ ခံစားခ်က္မွမရွိသေလာက္ ျဖစ္ေနေတာ့တာပါ …။

အသက္ အ႐ြယ္ ႀကီး လာတာနဲ႔ အမွ် သား ရင္း သမီး ရင္း ဆိုတာ အနား မွာ ကပ္ၾကမွာ မဟုတ္ေတာ့ပါဘူး …။

ကိုယ့္ကိုပစ္ထားခဲ့တဲ့ နာၾကည္းခ်က္ အနာေဟာင္းက ျပန္ကုစားလို႔ မရႏိုင္ေတာ့လို႔ပါ …။

” အေဖ အေမ မွားပါၿပီ ” လို႔ မ်က္ရည္ က်ျပလည္း သားသမီးမ်ားက ဒီ မ်က္ရည္ကို ခံစားေပးႏိုင္မွာမဟုတ္ပါဘူး …။

ေနာက္အိမ္ေထာင္ျပဳတဲ့ ဖခင္ ၊မိခင္တိုင္းလိုလို အမ်ားစု အိုဇာတာ မေကာင္းတတ္ၾကပါဘူး …။

ဖခင္ မိခင္ဆိုတဲ့ ဂုဏ္ထူးဟာ လူမွန္ေနရာမွန္ တာဝန္ေက်ခဲ့ရင္အိမ္ဦးနတ္ဘဝနဲ႔ အိမ္ဦးခန္းမွာ က်က္သေရ ရွိရွိတစ္သက္တာ တင့္တယ္ေနေတာ့မွာပါ …။

အိမ္ေထာင္ေရးေဖာက္ျပန္တတ္တဲ့ ဖခင္မိခင္တိုင္းအတြက္ ေတာ့ကံၾကမၼာရဲ႕ တန္ရာတန္ေၾကး သစၥာမဲ့မႈ႕ဒဏ္ေတာ့ အနည္း နဲ႔ အမ်ား ခံစား ရမွာပါပဲ …။

စိတ္ဆႏၵ ကို ဦးစားေပး ခဲ့တဲ့ ဖခင္ မိခင္ တိုင္းဟာစိတ္ဒဏ္ရာ ရ သြားတဲ့ သားသမီး မ်ားရဲ႕ လ်စ္လႉရႈ႕မႈ႕ ေအာက္မွာ မရႈ႕မလွ က်ဆုံး ရေတာ့မွာပါ …။

မ်က္ရည္ မ်ားရဲ႕ ဝဋ္ ကို လည္း အခ်ိန္ ရ လာတာနဲ႔ အမွ် —အရွိန္ ရ လာတာ နဲ႔ အမွ် —ကိုယ္တိုင္ ရႈိက္ႀကီး တငင္ ငိုေႂကြး ဖို႔ ကာလ ဟာ နီးနီး ကပ္ကပ္ ရွိလာေတာ့မွာပါ …။

ကိုယ္ကိုယ္တိုင္ အားကိုးရာ မဲ့ တဲ့ ဘဝ ေရာက္ခ်ိန္မွာကိုယ္ထားခဲ့တဲ့ ဇနီးက ကိုယ္တာဝန္မေက်ခဲ့တဲ့ သားသမီးမ်ား ဝန္းရံလ်က္သာယာတဲ့ ဘဝေလးကို ပိုင္ဆိုင္ေနတဲ့အခ်ိန္ ေရာက္ရွိေနပါၿပီ …။

ဘဝမွာ လမ္းမမွန္တဲ့နည္း နဲ႔ အေပ်ာ္ရွာ ေနတဲ့သူငယ္ခ်င္းေရ … !မင္းေရာ မင္းဖန္တီးခဲ့တဲ့ မိသားစုေရာ မ်က္ရည္က်မယ့္အရာအားလုံး ရပ္လိုက္ပါ …။

ဆႏၵသစ္ရဲ႕ ေနာက္အိမ္ေထာင္ဆိုတာကို ေက်ာခိုင္းလိုက္ပါ …။မိသားစု ဂုဏ္သေရ ညႇိဳးႏြမ္းေစမယ့္ ေဖာက္ျပန္မႈႀကီး ကို စြန႔္လႊတ္လိုက္ပါ …။

ကိုယ့္မိသားစုကို ျပန္လည္မ်က္ႏွာမူဖို႔ ၊ တစ္ဖန္လည္ျပန္ေႏြးေထြးေပးဖို႔ကို တိုက္တြန္းစကားဆိုလိုက္ရပါတယ္ သူငယ္ခ်င္း …။

ေမတၱာျဖင့္ သာေရးသားသည္ …။ ။

ေလးစားစြာျဖင့္ – သိန္းေမာင္ေမာင္