ဗဟုသုတ
မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်နည်း
သစ်တံခါး ဆရာတော်မှ နည်းလမ်းပေး တော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင် ရမည်များမှာ
အရံဟံဗုဒ္ဓေါ အရဟံဗုဒ္ဓေါ ဗုဒ္ဓသ ဂုဏတေဇဿ သဗ္ဗသဒ္ဓိလာဘံမေ ဘာဝိဿတိ” ကို ၁၀ ကြိမ်ရွက်ပါ
၇။ နံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ် ဖွင့်ပီး မင်္ဂလာယူပါ ဆရာတော်ကြီးများ၏ တရားတော်များ ဖွင်ြ့ပီး နံနက်စာစားပါ ။
သစ်တံခါးဆရာတော်၏ မေတ္တာဓာတ်ကို ခံယူကာ ဆရာတော်၏ လုပ်စဉ်များကို တကယ် ယုံကြည်စွာ လုပ်ကြည့်ပါ ဆောင်ရွက်ကြည့်ပါ ထူးခြားစေ ရပါမည် သစ်တံခါးဆရာတော်၏ စာအုပ်ထဲမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်
ခရစ်ဒစ် စာရေးသူ
Unicode
သစ်တံံံခါး ဆရာတော်မှ နည်းလမ်းပေး တော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင် ရမည်များမှာ
၁။ နံနက်အိပ်ယာထသည်နှင့် တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေး ပြုလုပ်ပါ
၂ ။ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ သစ်သီးလှူလည်း ရပါတယ်
၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံ းပွားလည်းရ၊ ပုတီးစိပ်ရင် ပိုကောင်း ပါ၏
၄။ ကိုယ်လုပ်သော ကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံတွေဆိုင်တွေမှာ စောင့်သော နတ်မြတ် နတ်ကောင်းအား အမျှပေးဝေပါ။ သစ်တံခါး ဆရာတော် မေတ္တာဝေနည်းကိုဘဲ အစအဆုံး မေတ္တာပို့ပါ ပြီးရင် ကြေးစည် သို့ ခေါင်းလောင်းလှုပ် အမျှဝေပါ သာဓုခေါ်ပါ ။
၅။ အိမ်မှာ နံနက်ခင်း စိတ်တိုစရာ စိတ်ညစ်စရာ မတွေးဘဲ မပြောဘဲ မဆဲမိ ,မအော်မိ , မဆူမိအောင် ကြိုးစားပြီး စောင့်ထိန်းပါ လေ့ကျင့်ပါ မေတ္တာထားပါ အောင်မြင် ပါမည်
၆။ ”လာဘ်ခေါ်ဂါထာ” ကို ရွတ်ပါ
အရံဟံံဗုဒေါ္ဓ အရဟံဗုဒေါ္ဓ ဗုဒ္ဓသ ဂုဏတေဇဿ သဗ္ဗသဒ္ဓိလာဘံမေ ဘာဝိဿတိ” ကို ၁၀ ကြိမ်ရွက်ပါ
ရွတ်ပြီး ပါ က အရပ်ရှစ်မျက်နှာ – အရပ်ကိုး မျက်နှာ အရပ်ဆယ်မျက်နှာမှ လာဘ်ဝင်ပါစေ မိတ်ဆွေ ကောင်းတွေ ဝင်ပါစေ။ငွေဝင်ပါစေ ဘေးရန်ဟုသမျှ ကင်းကြပါစေ ကောင်းသတင်းကြား၍ ကျော်ပါစေဟု အရပ် လေးမျက်နှာ ကို အာရုံပြုပြီးပြောပါ။
၇။ နံံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ် ဖွင့်ပီး မင်္ဂလာယူပါ ဆရာတော်ကြီးများ၏ တရားတော်များ ဖွင်ြ့ပီး နံနက်စာစားပါ ။
သစ်တံံခါးဆရာတော်၏ မေတ္တာဓာတ်ကို ခံယူကာ ဆရာတော်၏ လုပ်စဉ်များကို တကယ် ယုံကြည်စွာ လုပ်ကြည့်ပါ ဆောင်ရွက်ကြည့်ပါ ထူးခြားစေ ရပါမည် သစ်တံခါးဆရာတော်၏ စာအုပ်ထဲမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်
မနက်တိုင်း အိပ်ယာတော့ စောစောထရတာပေါ့နော် အိပ်ယာ စောစောထခြင်းကြောင့် မိမိ၏ ကိုယ်စောင့်နတ်လည်း မိမိကိုချစ်တဲ့ ဓာတ်ကို ရပါတယ် အလုပ်သွားရင်လည်း နောက်ကျတာမျိုးမဖြစ်ဘဲ ညဘက်အိပ်ယာဝင်ရင်လည်း တရေးထဲ အိပ်ပျော်စေပါတယ်…
အားလုံးဘဲ ခုနှစ်ရက်သား သမီးအပေါင်း နေအိမ်မှာနေထိုင် ကြသူ အိမ်သူအိမ်သား အားလုံး ကျက်သရေတိုးပါစေ လာဘ်ပွင့်ကြပါစေ အဆင်ပြေကြပါစေ အပူအပင်ကင်းအေးကြပါစေ ။