အလုပ်ရှင်တစ်ယောက်က အလုပ်လျှောက်သူကို အင်တာဗျူးမှာ သူ့ ကုမ္ပဏီ စည်းကမ်းကို ပြောပြပြီး မေးခွန်း ထုတ်ပါတယ်။
” တို့ရဲ့ ကုမ္ပဏီမှာ အလုပ်ခန့်ဖို့က အဓိက စံ သတ်မှတ်ချက် နှစ်ခုနဲ့ စိစစ်တယ် ။ အဲဒီထဲက ဒုတိယ အချက်ကတော့ သန့်သန့် ရှင်းရှင်း နေထိုင် တတ်မှုပဲ ။ ”
” ဒါထက် မင်း ဒီအခန်းထဲကို ဝင်လာတဲ့အချိန်မှာ တံခါးနားမှာ ချထားတဲ့ ခြေသုတ်ဖုံမှာ မင်းခြေထောက်ကို သုတ်ပြီးမှ ဝင်ခဲ့တာ ဟုတ်ရဲ့လား ” လို့ ဆိုတော့ အလုပ်လျှောက်ထားသူက..
” သုတ်ခဲ့ပါတယ် ဆရာ ၊ အသေ အချာ သုတ်ပြီးမှ ဝင်လာခဲ့ တာပါ ” လို့ တိတိ ကျကျ ပြန်ဖြေလိုက် ပါသတဲ့ ။
ဒီတော့ အလုပ်ရှင်က..
” အေး.. ကောင်းပြီ ၊ ငါတို့ကုမ္ပဏီရဲ့ အရေးကြီးဆုံး ပထမစံ သတ်မှတ်ချက် ကတော့ ရိုးသားဖြောင့်မှန်မှု ပဲ ”
” မင်းကို ပြောရဦးမယ်၊ ငါတို့ တံခါးဝမှာ ဘာခြေသုတ်ဖုံ မှ မထားဘူးကွ ” လို့ ဆိုလိုက် ပါသတဲ့။
ဥပဒေသ ။ တစ်ခါတစ်ရံ၌ ဘဝတွင် အရေးမကြီးလှဟု ထင်ရသော မုသား အသေး အဖွဲလေးကြောင့် ကြီးမားသော ထိခိုက် ဆုံးရှုံးမှု ကြုံရတတ် ပါသည် ။
အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ ။
ရီနေနိုင်
for zawgyi
လူသန႔္ဖို႔က ဒုတိယ ၊ စိတ္သန႔္ရမွာ ပထမ
အလုပ္ရွင္တစ္ေယာက္က အလုပ္ေလွ်ာက္သူကို အင္တာဗ်ဴးမွာ သူ႔ ကုမၸဏီ စည္းကမ္းကို ေျပာျပၿပီး ေမးခြန္း ထုတ္ပါတယ္။
” တို႔ရဲ႕ ကုမၸဏီမွာ အလုပ္ခန႔္ဖို႔က အဓိက စံ သတ္မွတ္ခ်က္ ႏွစ္ခုနဲ႔ စိစစ္တယ္ ။ အဲဒီထဲက ဒုတိယ အခ်က္ကေတာ့ သန႔္သန႔္ ရွင္းရွင္း ေနထိုင္ တတ္မႈပဲ ။ ”
” ဒါထက္ မင္း ဒီအခန္းထဲကို ဝင္လာတဲ့အခ်ိန္မွာ တံခါးနားမွာ ခ်ထားတဲ့ ေျခသုတ္ဖုံမွာ မင္းေျခေထာက္ကို သုတ္ၿပီးမွ ဝင္ခဲ့တာ ဟုတ္ရဲ႕လား ” လို႔ ဆိုေတာ့ အလုပ္ေလွ်ာက္ထားသူက..
” သုတ္ခဲ့ပါတယ္ ဆရာ ၊ အေသ အခ်ာ သုတ္ၿပီးမွ ဝင္လာခဲ့ တာပါ ” လို႔ တိတိ က်က် ျပန္ေျဖလိုက္ ပါသတဲ့ ။
ဒီေတာ့ အလုပ္ရွင္က..
” ေအး.. ေကာင္းၿပီ ၊ ငါတို႔ကုမၸဏီရဲ႕ အေရးႀကီးဆုံး ပထမစံ သတ္မွတ္ခ်က္ ကေတာ့ ႐ိုးသားေျဖာင့္မွန္မႈ ပဲ ”
” မင္းကို ေျပာရဦးမယ္၊ ငါတို႔ တံခါးဝမွာ ဘာေျခသုတ္ဖုံ မွ မထားဘူးကြ ” လို႔ ဆိုလိုက္ ပါသတဲ့။
ဥပေဒသ ။ တစ္ခါတစ္ရံ၌ ဘဝတြင္ အေရးမႀကီးလွဟု ထင္ရေသာ မုသား အေသး အဖြဲေလးေၾကာင့္ ႀကီးမားေသာ ထိခိုက္ ဆုံးရႈံးမႈ ႀကဳံရတတ္ ပါသည္ ။
အၿပဳံးျဖင့္ စီမံ၊ အၿပဳံးျဖင့္ နာခံႏိုင္ၾကပါေစ ။
ရီေနႏိုင္