ဗီယက်နမ်နိုင်ငံက အမျိုးသမီး တယောက်က ဘဲဥတွေကို စားဖို့ ဝယ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတု ပူပြင်းမှုကြောင့် ဘဲဥလေးတွေက အကောင်ပေါက်လာ ပါတယ်။ ဒီနှစ်ဟာ အရှေ့တောင် အာရှအတွက် အတော်ကို ပူပြင်းလှပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်လေး ကတော့ ထူးဆန်းပါတယ်။
ဗီယက်နမ် အမျိုးသမီး တစ်ဦးက ဘဲဥနှစ်ဒါဇင်ကို ဝယ်လာပြီး မီးဖိုထဲ ထည့်ထားပါတယ်။ သူမဟာ ဘဲဥတွေရဲ့ သန္ဓေသားလောင်း (balut) ကို စားဖို့ ဝယ်လာခဲ့တာပါ။ ဒီအစားအစာကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ် လူမျိုးတွေက နှစ်နှစ်သက်သက် စားကြပါတယ်။
ဒါပေမယ့် ရာသီဥတုက တဟုန်ထိုး ပူပြင်းလာတဲ့ အတွက်ကြောင့် ဘဲဥလေးတွေက အကောင်ပေါက်လာပါတယ်။ အဲဒီနောက်မှာတော့ ချစ်စရာကောင်းတဲ့ ဘဲလေး ၂၄ ကောင် ထွက်လာပါတယ်။ ဗီယက်နမ် အမျိုးသမီးက ဘဲ ၂၄ ကောင်နဲ့ တော်တော် အလုပ်ရှူပ်သွားတယ် ထင်ပါတယ်။
သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘဲလေး တစ်ကောင်စီ ပေးလိုက်ပါတယ်။ ဘဲလေးတွေ ကလည်း မွေးစားချင်စရာလေး တွေပါပဲ။ သူတို့ရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးတွေက ချစ်စရာလေးပါနော် ။
Zombie (Lovemedia)
Ref – worldofbuzz
for zawgyi
အပူခ်ိန္ျမင့္မားလြန္းလို႔ စားဖို႔ဝယ္လာတဲ့ ဘဲဥ ၂၄ လုံး အေကာင္ေပါက္သြား
ဗီယက္နမ္ႏိုင္ငံက အမ်ိဳးသမီး တေယာက္က ဘဲဥေတြကို စားဖို႔ ဝယ္ခဲ့ပါတယ္။ ဒါေပမယ့္ ရာသီဥတု ပူျပင္းမႈေၾကာင့္ ဘဲဥေလးေတြက အေကာင္ေပါက္လာ ပါတယ္။ ဒီႏွစ္ဟာ အေရွ႕ေတာင္ အာရွအတြက္ အေတာ္ကို ပူျပင္းလွပါတယ္။ ဒါေပမယ့္ ဒီအျဖစ္အပ်က္ေလး ကေတာ့ ထူးဆန္းပါတယ္။
ဗီယက္နမ္ အမ်ိဳးသမီးတစ္ဦးက ဘဲဥႏွစ္ဒါဇင္ကို ဝယ္လာၿပီး မီးဖိုထဲ ထည့္ထားပါတယ္။ သူမဟာ ဘဲဥေတြရဲ႕ သေႏၶသားေလာင္း (balut) ကို စားဖို႔ ဝယ္လာခဲ့တာပါ။ ဒီအစားအစာကို ထိုင္း၊ ကေမာၻဒီးယား၊ ဖိလစ္ပိုင္ႏိုင္ငံနဲ႔ ဗီယက္နမ္ လူမ်ိဳးေတြက ႏွစ္ႏွစ္သက္သက္ စားၾကပါတယ္။
ဒါေပမယ့္ ရာသီဥတုက တဟုန္ထိုး ပူျပင္းလာတဲ့ အတြက္ေၾကာင့္ ဘဲဥေလးေတြက အေကာင္ေပါက္လာပါတယ္။ အဲဒီေနာက္မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ဘဲေလး ၂၄ ေကာင္ ထြက္လာပါတယ္။ ဗီယက္နမ္ အမ်ိဳးသမီးက ဘဲ ၂၄ ေကာင္နဲ႔ ေတာ္ေတာ္ အလုပ္ရႉပ္သြားတယ္ ထင္ပါတယ္။
သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဘဲေလး တစ္ေကာင္စီ ေပးလိုက္ပါတယ္။ ဘဲေလးေတြ ကလည္း ေမြးစားခ်င္စရာေလး ေတြပါပဲ။ သူတို႔ရဲ႕ အျပစ္ကင္းတဲ့ မ်က္ႏွာေလးေတြက ခ်စ္စရာေလးပါေနာ္ ။
Zombie (Lovemedia)
Ref – worldofbuzz