ၾကားသိရသမွ်

Fbကြောင့် မိသားစုပြိုကွဲပြီး အသက်ပါပေးလိုက်ရတဲ့ ကျနော့်သူငယ်ချင်း (ဖြစ်ရပ်မှန် )

တကယ်ရှိတယ်.တကယ်ဖြစ်သွားပါပြီ….Fbကြောင့် မိသားစုပြိုကွဲပြီး အသက်ပါပေးလိုက်ရတဲ့ ကျနော့်သူငယ်ချင်း (ဖြစ်ရပ်မှန် )

သူတို့မိသားစုဘဝထဲကို ဝင်ရောက်ဖျက်စီးသွားတဲ့အရာတခုက Fbမှာပါတဲ့ messengerလေးတခု ဆိုရင် မမှားပါဘူး ။ ဒီနေ့ခေတ် Online အသုံးပြုသူ တချို့ဟာ Fb ဆိုတဲ့ စိတ်ကွယ်ရာ အရပ်ကနေ အိမ်ထောင်ရှိတာ မရှိတာ နားမလည်ကြပဲ ဒု သ န သောဆိုတဲ့ အပြစ်ကို လူမသိ သူမသိ တချို့တွေ ကျူးလွန် နေကြခြင်း ဖြစ်ပါတယ် …။

ကျနော့် သူငယ်ချင်း အကြောင်း ဆက်ရအောင် သူ့နာမည် ကျော်မြင့် သူတို့ မိသားစုက ဝန်ထမ်းတွေပါ သမီးလေး တစ်ယောက် ရှိပါတယ် ။ ဖြစ်ပုံက ဒီလိုပါ သူ့မိန်းမ Fb သုံးရင်းနဲ့ ယောကျ်ားလေးတစ်ယောက်နဲ့ စပြီး ခင်ပါတယ်။ အစကတော့ ရိုးရိုးသားသားပါ ” မင်္ဂလာပါ နေကောင်းလား ” စသည်ဖြင့်ပေါ့ …။

ကျနော့် သူငယ်ချင်းကလည်း သူတို့ ရိုးရိုးသားပဲ ဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ဘာမှလည်း ထွေထွေထူးထူး ပြောမနေတော့ဘူး ။နောက်ပိုင်းကြတော့ တနေ့ထက် တနေ့ အဲဒီလူနဲ့ အမြဲတမ်း စကားတွေ ပြောနေကြတာ သူတွေ့ လာတယ် တခါတလေ Free call တွေ ခေါ်ရင် သူ့မိန်းမက နောက်ဖေးကို သွားပီးပြောတာ များတယ် …။

အဲဒီ အချိန်ထိ ကျနော့်သူငယ်ချင်း ဘာမှ မပြောသေးဘူး နားလည်ပေး လိုက်တယ် ။ သူ့မိန်မးက ခလေးကို ကျောင်းကြိုရမယ့် ဝတ္တရားတွေလည်း ပျက်လာတယ် ဖုန်းနဲ့ မျက်နှာလည်း မခွာတော့ဘူး ဖြစ်လာတယ် ။တခါတော့ သူ့မိန်းမ ထမင်းချက်နေတုန်း ဖုန်းကို ယူကြည့်မိလိုက်တော့ သူတို့ ပို့ထားတဲ့ စာတွေကို တွေ့လိုက်ရတော့ ကျနော့် သူငယ်ချင်း သူ့မိန်းမကို သွားပီးဆူတယ် ပြောတယ် …။

သူ့မိန်းမက ဘာပြန်ပြောလဲဆိုတော့ ဘာဖြစ်လဲ တဲ့ လိုင်းမှာဆိုတော့ တကယ် မဟုတ်ဘူးတဲ့ အပျော် စနေကြတာတဲ့ ။ ကျနော့် သူငယ်ချင်း နားလည်ပေးလိုက်တယ် ၊ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဘဝင်မကျဘူး အပျော်ပဲ ဖြစ်ဖြစ် စတာပဲ ဖြစ်ဖြစ် ကိုယ့်မိန်းမ တခြားသူနဲ့ အဲလို ပြောထားတာတော့ ဘယ်သူက ဘဝင်ကျ မှာတုန်း ဟုတ်ဘူးလား …။

နောက်ပိုင်းသူ့မိန်းမက Fb က ကောင်နဲ့ ချိန်းတွေ့တဲ့ အကြောင်းသူ သိလာတယ် ၊ သူ့မိန်းမကို သူရှင်းပြတယ် မိန်းမရယ်တဲ့ မိန်းမ မှားတာကို သူ ခွင့်လွှတ်တယ်တဲ့ ။ နောက် ဆက်ပြီး မမှားပါနဲ့တော့ကွာ တဲ့ ကိုတို့မှာ သမီးလေးလဲ ရှိတယ်လို့ သူပြောတယ် ။ ဒါပေမယ့် ပြောလို့ မရပါဘူး သူ့မိန်းမ ရှေ့ဆက်တိုးတယ်လေ …။

တနေ့ကျသူ အလုပ်သွား နေတုန်း Fb က ကောင်နဲ့ ခိုးရာ လိုက်ပြေးသွားတယ်။ ကျနော့်သူငယ်ချင်း သူ့သမီးလေးကို ဖက်ပြီး အရမ်းငိုတယ်လေ။ သမီး သမီးအမေ မရှိတော့ဘူးတဲ့ ခလေးက ဘာမှ မသိဘူးပေါ့ ။ဒါနဲ့ သူ့မိဘဆီကို အကျိုးအကြောင်း ပြောပြ ခလေးကို ထားခဲ့ လိုက်တယ် ၊ အဲ့ဒီအချိန်ကနေ စပြီးကျနော့် သူငယ်ချင်း အလုပ်လည်း မသွားတော့ဘူး အရက်တွေချည်း ဖိသောက်တော့တာပါပဲ …။

ကြာတော့ အလုပ်ကလည်း ထုတ်ခံ လိုက်ရတယ် သူ့မိန်းမ ကိစ္စနဲ့ပဲ နေ့စဉ် ရက်ဆက် အရက်တွေ သောက် ဒီလိုနေရင်း တစ်လလောက်ရှိတော့ အရက်ကြောင့်ပဲ သူ လူ့လောကကြီး ထဲကနေ ထွက်ခွာသွားခဲ့ရတယ်။Fbကို လွဲမှားစွာ အသုံးပြုခဲ့တဲ့ သူတို့ကြောင့် ကြားထဲက အပြစ်မရှိတဲ့ ကလေးတစ်ယောက် ပဲလှော်ကြား ဆားညပ် မြေစာပင် ဖြစ်ခဲ့ရပီလေ ။

ဒါ့ကြောင့် Fb သုံးတဲ့သူတချို့ကို ကျနော် ပြောလိုက်ပါရစေ ။ Fb ကို လွဲမှားစွာ အသုံးမပြုမိပါစေနဲ့ လို့ ပြောလိုက်ပါရစေ ။ သူငယ်ချင်းးရေ …အားလုံးကို ကျေးဇူးတင်ပါသည် …။

အမှန်မှာတော့ ဖေ့ဘုတ်ဆိုရှယ်မီဒီယာဆိုတာ သုံးတတ်ရင် အင်မတန်အကျိုးရှိပေမယ့် အသုံးမတတ်ရင်တော့ ဘဝပျက်သွားစေနိုင်ပါတယ်။ စီးပွားပျက်သွားနိုင်ပါတယ်။ ကိုယ့်ဘဝအတွက် အကျိုးရှိမယ့် ဗဟုသုဖြစ်မယ့် စီးပွားရေး ပညာရေး ကျန်းမာရေးတို့အတွက် အကျိုးရှိအောင် အသုံးပြုမယ်ဆိုရင် အင်မတန် အကျိုးများပါတယ် …။

အဲလိုမဟုတ်ပဲ အလွဲအသုံးပြုမယ်ဆိုရင်တော့ အခုလိုအဖြစ်ဆိုတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ အားလုံးပဲ ဖေ့ဘုတ်ကို အကျိုးရှိရှိအသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…….

Credit

Zawgyi

တကယ္ရွိတယ္.တကယ္ျဖစ္သြားပါၿပီ….Fbေၾကာင့္ မိသားစုၿပိဳကြဲၿပီး အသက္ပါေပးလိုက္ရတဲ့ က်ေနာ့္သူငယ္ခ်င္း (ျဖစ္ရပ္မွန္ )

သူတို႔မိသားစုဘဝထဲကို ဝင္ေရာက္ဖ်က္စီးသြားတဲ့အရာတခုက Fbမွာပါတဲ့ messengerေလးတခု ဆိုရင္ မမွားပါဘူး ။ ဒီေန႔ေခတ္ Online အသုံးျပဳသူ တခ်ိဳ႕ဟာ Fb ဆိုတဲ့ စိတ္ကြယ္ရာ အရပ္ကေန အိမ္ေထာင္ရွိတာ မရွိတာ နားမလည္ၾကပဲ ဒု သ န ေသာဆိုတဲ့ အျပစ္ကို လူမသိ သူမသိ တခ်ိဳ႕ေတြ က်ဴးလြန္ ေနၾကျခင္း ျဖစ္ပါတယ္ …။

က်ေနာ့္ သူငယ္ခ်င္း အေၾကာင္း ဆက္ရေအာင္ သူ႔နာမည္ ေက်ာ္ျမင့္ သူတို႔ မိသားစုက ဝန္ထမ္းေတြပါ သမီးေလး တစ္ေယာက္ ရွိပါတယ္ ။ ျဖစ္ပုံက ဒီလိုပါ သူ႔မိန္းမ Fb သုံးရင္းနဲ႔ ေယာက်္ားေလးတစ္ေယာက္နဲ႔ စၿပီး ခင္ပါတယ္။ အစကေတာ့ ႐ိုး႐ိုးသားသားပါ ” မဂၤလာပါ ေနေကာင္းလား ” စသည္ျဖင့္ေပါ့ …။

က်ေနာ့္ သူငယ္ခ်င္းကလည္း သူတို႔ ႐ိုး႐ိုးသားပဲ ဆိုေတာ့ ဒီအတိုင္းပဲ ထားလိုက္တယ္။ ဘာမွလည္း ေထြေထြထူးထူး ေျပာမေနေတာ့ဘူး ။ေနာက္ပိုင္းၾကေတာ့ တေန႔ထက္ တေန႔ အဲဒီလူနဲ႔ အၿမဲတမ္း စကားေတြ ေျပာေနၾကတာ သူေတြ႕ လာတယ္ တခါတေလ Free call ေတြ ေခၚရင္ သူ႔မိန္းမက ေနာက္ေဖးကို သြားပီးေျပာတာ မ်ားတယ္ …။

အဲဒီ အခ်ိန္ထိ က်ေနာ့္သူငယ္ခ်င္း ဘာမွ မေျပာေသးဘူး နားလည္ေပး လိုက္တယ္ ။ သူ႔မိန္မးက ခေလးကို ေက်ာင္းႀကိဳရမယ့္ ဝတၱရားေတြလည္း ပ်က္လာတယ္ ဖုန္းနဲ႔ မ်က္ႏွာလည္း မခြာေတာ့ဘူး ျဖစ္လာတယ္ ။တခါေတာ့ သူ႔မိန္းမ ထမင္းခ်က္ေနတုန္း ဖုန္းကို ယူၾကည့္မိလိုက္ေတာ့ သူတို႔ ပို႔ထားတဲ့ စာေတြကို ေတြ႕လိုက္ရေတာ့ က်ေနာ့္ သူငယ္ခ်င္း သူ႔မိန္းမကို သြားပီးဆူတယ္ ေျပာတယ္ …။

သူ႔မိန္းမက ဘာျပန္ေျပာလဲဆိုေတာ့ ဘာျဖစ္လဲ တဲ့ လိုင္းမွာဆိုေတာ့ တကယ္ မဟုတ္ဘူးတဲ့ အေပ်ာ္ စေနၾကတာတဲ့ ။ က်ေနာ့္ သူငယ္ခ်င္း နားလည္ေပးလိုက္တယ္ ၊ ဒါေပမယ့္ သူ႔စိတ္ထဲမွာေတာ့ ဘဝင္မက်ဘူး အေပ်ာ္ပဲ ျဖစ္ျဖစ္ စတာပဲ ျဖစ္ျဖစ္ ကိုယ့္မိန္းမ တျခားသူနဲ႔ အဲလို ေျပာထားတာေတာ့ ဘယ္သူက ဘဝင္က် မွာတုန္း ဟုတ္ဘူးလား …။

ေနာက္ပိုင္းသူ႔မိန္းမက Fb က ေကာင္နဲ႔ ခ်ိန္းေတြ႕တဲ့ အေၾကာင္းသူ သိလာတယ္ ၊ သူ႔မိန္းမကို သူရွင္းျပတယ္ မိန္းမရယ္တဲ့ မိန္းမ မွားတာကို သူ ခြင့္လႊတ္တယ္တဲ့ ။ ေနာက္ ဆက္ၿပီး မမွားပါနဲ႔ေတာ့ကြာ တဲ့ ကိုတို႔မွာ သမီးေလးလဲ ရွိတယ္လို႔ သူေျပာတယ္ ။ ဒါေပမယ့္ ေျပာလို႔ မရပါဘူး သူ႔မိန္းမ ေရွ႕ဆက္တိုးတယ္ေလ …။

တေန႔က်သူ အလုပ္သြား ေနတုန္း Fb က ေကာင္နဲ႔ ခိုးရာ လိုက္ေျပးသြားတယ္။ က်ေနာ့္သူငယ္ခ်င္း သူ႔သမီးေလးကို ဖက္ၿပီး အရမ္းငိုတယ္ေလ။ သမီး သမီးအေမ မရွိေတာ့ဘူးတဲ့ ခေလးက ဘာမွ မသိဘူးေပါ့ ။ဒါနဲ႔ သူ႔မိဘဆီကို အက်ိဳးအေၾကာင္း ေျပာျပ ခေလးကို ထားခဲ့ လိုက္တယ္ ၊ အဲ့ဒီအခ်ိန္ကေန စၿပီးက်ေနာ့္ သူငယ္ခ်င္း အလုပ္လည္း မသြားေတာ့ဘူး အရက္ေတြခ်ည္း ဖိေသာက္ေတာ့တာပါပဲ …။

ၾကာေတာ့ အလုပ္ကလည္း ထုတ္ခံ လိုက္ရတယ္ သူ႔မိန္းမ ကိစၥနဲ႔ပဲ ေန႔စဥ္ ရက္ဆက္ အရက္ေတြ ေသာက္ ဒီလိုေနရင္း တစ္လေလာက္ရွိေတာ့ အရက္ေၾကာင့္ပဲ သူ လူ႔ေလာကႀကီး ထဲကေန ထြက္ခြာသြားခဲ့ရတယ္။Fbကို လြဲမွားစြာ အသုံးျပဳခဲ့တဲ့ သူတို႔ေၾကာင့္ ၾကားထဲက အျပစ္မရွိတဲ့ ကေလးတစ္ေယာက္ ပဲေလွာ္ၾကား ဆားညပ္ ေျမစာပင္ ျဖစ္ခဲ့ရပီေလ ။

ဒါ့ေၾကာင့္ Fb သုံးတဲ့သူတခ်ိဳ႕ကို က်ေနာ္ ေျပာလိုက္ပါရေစ ။ Fb ကို လြဲမွားစြာ အသုံးမျပဳမိပါေစနဲ႔ လို႔ ေျပာလိုက္ပါရေစ ။ သူငယ္ခ်င္းးေရ …အားလုံးကို ေက်းဇူးတင္ပါသည္ …။

အမွန္မွာေတာ့ ေဖ့ဘုတ္ဆိုရွယ္မီဒီယာဆိုတာ သုံးတတ္ရင္ အင္မတန္အက်ိဳးရွိေပမယ့္ အသုံးမတတ္ရင္ေတာ့ ဘဝပ်က္သြားေစႏိုင္ပါတယ္။ စီးပြားပ်က္သြားႏိုင္ပါတယ္။ ကိုယ့္ဘဝအတြက္ အက်ိဳးရွိမယ့္ ဗဟုသုျဖစ္မယ့္ စီးပြားေရး ပညာေရး က်န္းမာေရးတို႔အတြက္ အက်ိဳးရွိေအာင္ အသုံးျပဳမယ္ဆိုရင္ အင္မတန္ အက်ိဳးမ်ားပါတယ္ …။

အဲလိုမဟုတ္ပဲ အလြဲအသုံးျပဳမယ္ဆိုရင္ေတာ့ အခုလိုအျဖစ္ဆိုေတြနဲ႔ႀကဳံေတြ႕ရႏိုင္ပါတယ္။ အားလုံးပဲ ေဖ့ဘုတ္ကို အက်ိဳးရွိရွိအသုံးျပဳႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း…….

Credit