အဖေ Facebook ဆိုတာကို စ သုံးတော့ကျွန်တော့် အကောင့်ကို စပြီးadd တာအဖေ့နာမည်နဲ့ အဖေ့အကောင့်ကို မြင်တော့ လန့်သွားတယ်။
ငါ့ အဖပေါလား..အံမယ် အဖေက အင်တာနက်တောင် သုံးတတ်လို့ အဖေက ကျွန်တော့် အကောင့်ကို add ပြီး ကျွန်တော့် ညီမလေး အကောင့်ကိုလည်း ရှာပြီး add တယ်။
သူက မောင်နှမ နှစ်ယောက်စလုံး ဘာတွေတင်ထားလဲ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင်ရုံသာကျွန်တော်ကတော့ အဖေ့အကောင့်ကို လက်ခံပြီးမှ စဉ်းစားတယ်
ငါ ပေါက်ကရတွေ လျှောက်တင်လို့အဖေမြင်ရင် အဆူခံရမလားဆိုပြီး သူက ကျွန်တော် အချစ်အကြောင်းတွေ လျှောက်ရင်လဲ ဖတ်တာပဲ
ပြီးရင် အမေ့ကို ပြန်တိုင်သလိုလိုနဲ့ မင်း သားတော်မောင်က ဘာတွေရေးနေတာလဲ ဆိုပြီး ..မိဘ အကြောင်းကျ မရေးဘူးဆိုပြီး ဆူသလိုလိုနဲ့ ပြန်ပြောတယ်။
ကြာတော့ ..မဖြစ်သေးပါဘူး …..ငါ့အကောင့်ထဲ အဖေရှိနေရင် ငါလုပ်ချင်သလို လုပ်လို့ ရမှာမဟုတ်ဘူးဆိုပြီး သူ မသိအောင် ဘလော့လိုက်တယ်။
ကျွန်တော့် အကောင့်ကို ရှာမတွေ့တော့ လာမေးတယ် ။…. မင်း အကောင့် ရှာမတွေ့တော့ဘူး ဘယ်ရောက်သွားလဲတဲ့။
ကျွန်တော်လည်း လိမ်လိုက်တယ်……သိဘူးလေ ပျက်သွာတာ နေမှာပေါ့လို့ …။အသက်ကြီးတဲ့ အဖေက မသိရှာဘူး
ေဩာ် ..ဟုတ်လား ဆိုပြီး သူ့အကောင့်ထဲက သတင်းတွေပဲ ဖတ်ပြီး ပျော်နေရှာတယ်။
မကြာခင် ..သူ့သားတော်မောင်က သူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်ကညီမ ပြောတော့မှ အကောင့်သစ်ကလေးဖွင့်ပြီး
add လို့မရတဲ့ သားအကောင့်ကို တိတ်တိတ်လေး follow လုပ်ထားရှာတယ်။
ဒီလိုနဲ့ ကျွန်တော် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာဖြစ်လာတယ်။
အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန် အဖေကတော့ add လို့မရတဲ့ သား အကောင့်က ပုံတွေကို ဆေးရုံမှာကြည့်ရင်း အလွမ်းဖြေနေရရှာတယ်။
ပါးစပ်ကလဲ တဖွဖွ ငါ့သားလေး စိတ်ပူနေမယ် ငါ့ရောဂါအကြောင်း မပြောပါနဲ့တဲ့။သားတော်မောင်က ပင်လယ်ထဲမှာ သဘောင်္သားဘဝဆိုတော့
ကမ်းကပ်တဲ့အချိန် အင်တာနက်သုံးလို့ရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ်လုပ်မှ သိရတယ်။အဖေဆုံးပြီတဲ့
မသေခင် ကျွန်တော့် အကောင့်မှာတင်ထားတဲ့ စာလေးတွေ ပုံလေးတွေကို ဖတ်ရင်းပြုံးနေရှာတာတဲ့ ..အခု ကျွန်တော် အဖေ့အကောင့်ကို လက်ခံလိုက်ပြီလေ အဖေ
ကျွန်တော် ဘလော့ မလုပ်တော့ပါဘူးလို့ အဖေ့ကို ဂတိတွေပေးရင်း ငိုနေမိလည်း…..အဖေ့ အကောင့်လေးကတော့ မီးမစိမ်းတော့ပါ။
ဇူလိုင် ၃၁ ၂၀၁၆ ကြေးမုံသတင်းစာပါ အောင်ဘုန်း ( ရူပဗေဒ ဒဂုံတက္ကသိုလ်၏ စာကို ကူးယူဖော်ပြပါသည်)
အဖေ့ အကောင့်လေးမီးစိမ်းနေပါစေ။
Credit
Unicode