တောထဲမှာ စုတ်ပြတ်သတ်နေတယ်လို့ ပျက်ရယ်ပြုလှောင်ပြောင်
ခံနေရတဲ့ ဦးကျော်သက်လင်း
မြန်မာ့အသံရဲ့ သတင်းကြေငြာသူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်
လင်း ဟာ လက်ရှိမှာ CDM လုပ်ပြီး အားလုံးနဲ့ဝေးကွာတဲ့
လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့်လဲ
မိသားစုရဲ့စွန့်လွှတ်ခြင်းကိုခံရပြီး တစ်ချို့မိတ်ဆွေတွေရဲ့ စိမ်း
ကားမူ့ကိုလဲ တွေ့ကြုံခံစားခဲ့ရပါတယ်။
ဦးကျော်သက်လင်း ဟာ အရာရာခက်ခဲ ကြမ်းတမ်းနေပေမယ့်လဲ
စိတ်ဓာတ်ကတော့ ခိုင်မာပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေ
မယ့် ဦးကျော်သက်လင်း ဟာ သူ့ရဲ့ရုပ်ရည်နဲ့ပတ်သတ်ပြီး
လှောင်ပြောင်တာကို ခံစားနေရတယ်လို့ ပရိသတ်ကို ရင်ဖွင့်လာ
ပါတယ်။
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ သူ့ရဲ့ရင်တွင်း
ခံစားချက်တွေကို အခုလိုပဲရေးသားလာခဲ့ပါတယ်။ “ခင်ဗျားတို့
သတိမထားမိတာလား ဘာလားတော့မသိ feb 1 ကစလို့ ကျ
နော်postတွေမှာ ဟီးဟီးဟားဟား လိလိလားလားတစ်ခုမှမ
တင်ခဲ့ဘူး ဒီနေ့အထိ။
ကျနော်အကုန်စွန့်ပြီး ယုံကြည်ရာကို နောက်ပြန်မလှည့်တန်း
လျှောက်တဲ့အခါမှာလည်း ဘယ်သူ့ကိုမှပြစ်တင်စော်ကားခြင်းမ
လုပ်ခဲ့ဘူး။ သူများpostတွေမှာလည်း မထော်မနန်း ဝင်ပြီးမရေး
ခဲ့ဘူး။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းချူပ်ပြီး နေထိုင်ခဲ့တယ်။
ပြည်သူတွေအားကိုးရာဖြစ်အောင် လုပ်စရာရှိတာလုပ်ပြီးနေခဲ့
တယ်။
သေချာတာကတော့ ကျနော်ဝေဖန်ကဲ့ရဲ့ပြစ်တင်တာကိုခံနိုင်
တယ်။ တော်လှန်ရေးလုပ်တာပဲ တောထဲနေရတာ စုတ်ပြတ်သတ်
နေတာ ပိန်သွားတာ ကျန်းမာရေးမကောင်းတာ လူရုပ်မပေါက်
တော့တာ ဖြစ်မှာပေါ့။ အိမ်မှာနေ သလိုမဖြစ်တော့တာကိုပဲ ပျက်
ရယ်ပြုလှောင်ပြောင် ခေတ်အဆက်ဆက်နဲ့နှိုင်းယှဥ်ပြပြီး မ
အောင်မြင်နိုင်ဘူးပြောနေကြတဲ့သူတွေကိုလည်း တော်တော်အံ့
သြမိတယ်။ ဒီလောက်ပါပဲဗျာ။
ကျနော်တို့ကပေးဆပ်နေတာမဟုတ်ဘူးယုံကြည်ရာကိုလျှောက်
နေကြတာ။ ခင်ဗျားတို့ ဖာသူ ခင်ဗျားတို့ မဂ်လာပဲဆောင်ဆောင်
အောကားပဲရိုက်ရိုက် ကာရာအိုကေပဲသွားသွား ကျူပ်ကတော့
အပြစ်မမြင် အပြစ်မတင်ဘူး။ ကြောင်ကညောင်ခွေးကဝုတ် နွား
ကဘွတ်အဲ အဲ…လူကတော့အသံမျိုးစုံလုပ်တတ်ကြတာပဲလေ။
ဘာဆန်းလို့လည်း…။ ” လို့ ရေးသားထားပါတယ်။