အမႈ႐ုပ္သိမ္းၿပီး လႊတ္ၿငိမ္းခ်မ္းသာခြင့္ ရရွိခဲ့ တဲ့ အႏုပညာရွင္မ်ားရဲ႕ စရင္းထြက္ေပၚ
ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လူဦးေရငါးေထာင္ေက်ာ္အား လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ေၾကာင္း နစက ဥကၠ႒ က ယေန႔တြင္ေၾ
ကညာသည္။
အမိန႔္အမွတ္ ( ၁၈၆ /၂၀၂၁)၊အမိန႔္အမွတ္ ( ၁၈၇ /၂၀၂၁) တို႔ျဖင့္ေၾကညာျခင္းျဖစ္ကာလြတ္ၿငိမ္းခ်မ္းသာခြင့္ထဲ အႏုပညာရွင္မ်ားလည္း ပါဝင္ေနသည္။
ယေန႔ လြတ္ၿငိမ္းခ်မ္းသာခြင့္သည္ ဆႏၵျပမႈမ်ားႏွင့္စပ္လ်ဥ္း၍ ၾကားနာစစ္ေဆးဆဲျပစ္မႈဆိုင္ရာအမႈမ်ားကို ပိတ္သိမ္းျခင္း၊အက်ဥ္းက်ေနသူတို႔ကို ခံဝန္ျဖ
င့္ ျပစ္ဒဏ္မ်ားေလ်ာ့ေပါ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္းျဖစ္သည္။
တရားစြဲဆိုျခင္းခံေနရသူ ေလးေထာင္ေက်ာ္လြတ္ၿငိမ္းခ်မ္းသာခြင့္ေၾကညာခ်က္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆူပူဆႏၵျပမႈမ်ားတြင္ပါဝင္ခဲ့သျ
ဖင့္ အေရးယူခံရၿပီး ႏိုင္ငံေတာ္အတြင္း တရား႐ုံးအသီးသီးတြင္ တရားစြဲဆိုျခင္းခံေနရသူမ်ားအား လူသားခ်င္း စာနာေထာက္ထားမႈကို အေလးထားေ
သာအားျဖင့္လည္းေကာင္း၊
ျပည္သူလူထု ႏွလုံးစိတ္ဝမ္း ေအးခ်မ္းေစရန္ႏွင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးတြင္ ပါဝင္ႏိုင္ေစရန္အတြက္လည္းေကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳ
ပ္ေရးေကာင္စီဥကၠ႒သည္ တရားစြဲဆိုျခင္းခံေနရသူ (၄၃၂၀) ဦးတို႔၏ ၾကားနာစစ္ေဆးဆဲ ျပစ္မႈဆိုင္ရာအမႈမ်ားကို ပိတ္သိမ္း၍ တရားခံမ်ားအား အမႈမွလႊ
တ္လိုက္သည္ဟုဆိုသည္။
အက်ဥ္းက်ေနသာ တစ္ေထာင္ေက်ာ္လြတ္ၿငိမ္းေၾကညာခ်က္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒သည္ အက်ဥ္းေထာင္ အခ်ဳပ္ေထာင္/စခန္း
အသီးသီးတြင္ အက်ဥ္းက်ခံေနၾကရေသာ အက်ဥ္းသား/သူ (၁၃၁၆) ဦးတို႔ကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊
ပုဒ္မခြဲ (၁) အရ “ေနာက္တစ္ႀကိမ္ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္”ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္
ယင္းတို႔က်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚေလွ်ာ့ေပါ့၍ ျပစ္ဒဏ္ လြတ္ၿငိမ္းသက္သာခြင့္ျပဳလိုက္သည္ဟု ေဖာ္ျပထားသည္။
Credit
uNICODE
အမှုရုပ်သိမ်းပြီး လွှတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ တဲ့ အနုပညာရှင်များရဲ့ စရင်းထွက်ပေါ်
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူဦးရေငါးထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နစက ဥက္ကဋ္ဌ က ယနေ့တွင်ကြေညာသည်။
အမိန့်အမှတ် ( ၁၈၆ /၂၀၂၁)၊အမိန့်အမှတ် ( ၁၈၇ /၂၀၂၁) တို့ဖြင့်ကြေညာခြင်းဖြစ်ကာလွတ်ငြိမ်းချမ်းသာခွင့်ထဲ အနုပညာရှင်များလည်း ပါဝင်နေသည်။
ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်သည် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း၊အကျဉ်းကျနေသူတို့ကို ခံဝန်ဖြင့် ပြစ်ဒဏ်
များလျော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည်။
တရားစွဲဆိုခြင်းခံနေရသူ လေးထောင်ကျော်လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခဲ့သဖြင့် အရေးယူခံရ
ပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများအား လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊
ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
သည် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀) ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်လိုက်သည်ဟုဆိုသည်။
အကျဉ်းကျနေသာ တစ်ထောင်ကျော်လွတ်ငြိမ်းကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင် အချုပ်ထောင်/စခန်းအသီးသီးတွင်
အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ (၁၃၁၆) ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊
ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော
စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။
Credit