မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနရုံးတွင် ယနေ့ ဗုံးကွဲ(ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၁၈
မန္တလေးမြို့တွင် ပြည်တွင်းအခွန်ရုံး ၄ ခုနှင့် တိုင်းစည်ပင်ရုံးတို့တွင် ယနေ့ ဗုံးများ ပေါက်ကွဲပြီး စစ်တပ်ပိုင် မြန်မာဘီယာဝင်းအတွင်းတွင်လည်း ပေါက်ကွဲမှုဖြစ်ပွား
ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြည်ကြီးတံခွန် အခွန်ရုံး၊ ချမ်းအေးသာဇံ အခွန်ရုံး၊ မဟာအောင် မြေ အခွန်ရုံး၊ ချမ်းမြသာစည် အခွန်ရုံး၊ တိုင်းစည်ပင်ရုံးအတွင်း
မြန်မာဘီယာဝင်းအတွင်းမှာ ပေါက် ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပေါက်ကွဲမှုဖြစ်တာကတော့ ၁၁ ခွဲဝန်းကျင်လောက်ကပဲ၊ အထိအခိုက်အခြေ အနေကတော့ သေချာမသိရသေးဘူး။ တခြားနေရာတွေက အခွန်ရုံးတွေမှာလည်း
တပြိုင်နက်တည်းပေါက်ကွဲမှုတွေ ဖြစ်တယ်လို့တော့ သိရတယ် ” လို့ ဒေသခံတစ်ဦးက ပြောကြားသည်။
ထိခိုက်ပျက်စီးမှု အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း၊ ယခုရက်ပိုင်းတွင် စစ်ကောင်စီ ထောက်တိုင်များ၊ အုပ်ချုပ်ရေးယန္တရားများကို မြို့ပေါ်
ပြောက်ကျားအဖွဲ့များက ပစ်မှတ်ထား တိုက်ခိုက်မှုများ ခပ်စိတ်စိတ်တွေ့လာရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ခေတ်သစ် မီဒီယာ
zawgyi version
မႏၲေလး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ အခြန္ဦးစီးဌာန႐ုံးတြင္ ယေန႔ ဗုံးကြဲ(႐ုပ္/သံ)
ရန္ကုန္၊ ေအာက္တိုဘာ ၁၈
မႏၲေလးၿမိဳ႕တြင္ ျပည္တြင္းအခြန္႐ုံး ၄ ခုႏွင့္ တိုင္းစည္ပင္႐ုံးတို႔တြင္ ယေန႔ ဗုံးမ်ား ေပါက္ကြဲၿပီး စစ္တပ္ပိုင္ ျမန္မာဘီယာဝင္းအတြင္းတြင္လည္း ေပါက္ကြဲ
မႈျဖစ္ပြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
ယေန႔ ေအာက္တိုဘာ ၁၈ ရက္ေန႔တြင္ ျပည္ႀကီးတံခြန္ အခြန္႐ုံး၊ ခ်မ္းေအးသာဇံ အခြန္႐ုံး၊ မဟာေအာင္ ေၿမ အခြန္႐ုံး၊ ခ်မ္းျမသာစည္ အခြန္႐ုံး၊ တို
င္းစည္ပင္႐ုံးအတြင္းႏွင့္ ျမန္မာဘီယာဝင္းအတြင္းမွာ ေပါက္ ကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ေပါက္ကြဲမႈျဖစ္တာကေတာ့ ၁၁ ခြဲဝန္းက်င္ေလာက္ကပဲ၊ အထိအခိုက္အေၿခ အေနကေတာ့ ေသခ်ာမသိရေသးဘူး။ တျခားေနရာေတြက အခြန္႐ုံးေတြမွာလ
ည္း တၿပိဳင္နက္တည္းေပါက္ကြဲမႈေတြ ျဖစ္တယ္လို႔ေတာ့ သိရတယ္ ” လို႔ ေဒသခံတစ္ဦးက ေျပာၾကားသည္။
ထိခိုက္ပ်က္စီးမႈ အေျခအေနကို အေသးစိတ္ မသိရွိရေသးေၾကာင္း၊ ယခုရက္ပိုင္းတြင္ စစ္ေကာင္စီ ေထာက္တိုင္မ်ား၊ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားကို ၿမိဳ႕ေပၚေျပာ
က္က်ားအဖြဲ႕မ်ားက ပစ္မွတ္ထား တိုက္ခိုက္မႈမ်ား ခပ္စိတ္စိတ္ေတြ႕လာရေၾကာင္း ေဒသခံတစ္ဦးက ေျပာဆိုသည္။ ေခတ္သစ္ မီဒီယာ