ၾကားသိရသမွ်

၂သောင်းခွဲတန် ငါးကို လေးယောက်ပေါင်းမှ ငွေ၂ထောင် နဲ့ လာဝယ်တဲ့ကလေးတွေနဲ့ ​လေးစားစရာဆိုင်ရှင်တို့ရဲ့ အဖြစ်ပျက်လေး

ငါးလာဝယ်တာတဲ့ ကိုကြီး ဒီငါးလေး ဘယ်လောက်လဲတဲ့ ၂၅၀၀၀ လို့ပြောလိုက်တော့ မျက်လုံပြူးသွားတယ်

အဲ့တာဆို ၂၀၀၀ တန်ထဲကပြပေးတဲ့ ၄ ယောက်ကို ၂၀၀၀ ပဲ ပါတယ်တဲ့ အေးကွာ ကြိုက်တာ တစ်စုံရွေးလိုက် ၂၀၀၀ ကွာ ဆိုတော့ “ဟာ တကယ်လားတဲ့”

အေးကွာ မင်းတို့မို့လျော့ပေးတာဆိုတော့ သူတို့ သေချာရွေးတယ် နာရီဝက်လောက် ကြာတယ်

ငါးလဲ ရွေးပီးရောကန်တစ်လုံးလောက် ရောင်းပေးပါတဲ့ သားပိုက်ဆံကို ၂ ရက် ခွဲပေးပါ့မယ်တဲ့

ရော့ပါကွာလို့ ကန်ရော ငါးရော လက်ဆောင်ကွာဆိုတော့ ပျော်ပီး ထခုန်ကြတယ် ဆိုင်ထဲကို ဆူညံလို့ …

နေပါဦးလို့ မင်းတို့ကို ချစ်လို့ အမှတ်တရ ပုံရိုက်ဦးမယ်ဆိုတော့ သားတို့က ရှက်တတ်တယ် မြန်မြန်ရိုက်နော်တဲ့

အေးပါ ” မင်းသား ” တို့ရယ်လို့ တစ်ပုံထဲပါဟ လို့ ငါးရွေးနေတဲ့ ပုံတောင် ခိုးရိုက်လိုက်ရတာ ဆရာတို့က ရှက်တယ်ဆိုလို့ နေဦးကွာလို့ ပိုက်ဆံမပေးရင်နေ လက်ထဲက မုန့်တော့

ငါ့ကိုကျွေးခဲ့ကွာ ဆိုတော့ နောက်ထပ်စားမယ်ဆို ထပ်ဝယ်ပေးဦးမယ်တဲ့ တော်တော်ပျော်နေကြတာ တစ်ခြားငါးဆိုင်သွားတာ အလကား ကိုမပေးဘူးတဲ့

ငါးဆိုင်တိုင်းက အလကားပေးရမှာလားလို့ မင်းတို့ကလဲဆိုတော့ ဟဲဟဲဟဲ တဲ့ …

ဝါသနာရှင် Customers အကြီးစားတေ ကန် ၁ လုံး / ငါး တစ်စုံ “Free” နဲ့ ဝယ်သွားပါပီ

နောက်လဲ လာရောက် အားပေးပါဦးလို့ ဆရာကြီးတို့ တစ်သိုက်ဆိုတော့ “စိတ်ချကိုကြီးတဲ့”

ငါတော့ ကုန်ပါပီ ပုံထဲမှာ ငါးတစ်ကောင် ၂၅၀၀၀ ပြောလို့ မျက်လုံးပြူးသွားကြတယ်

ဝါသနာရှင်လေးတွေ မုန့်မစားပဲ မုန့်ဖိုးစုပီး ငါးလာဝယ်တာဆိုတော့ Free ပေးလိုက်တယ် ဝါသနာရှင်လေးတွေ ဆက်လက် တိုးပွားကြပါစေဗျာ

Credit Mandalay Fish Paradise

unicode

ငါးလာဝယျတာတဲ့ ကိုကွီး ဒီငါးလေး ဘယျလောကျလဲတဲ့ ၂၅၀၀၀ လို့ပွောလိုကျတော့ မကြျလုံပွူးသှားတယျ













Credit Mandalay Fish Paradise