ၾကားသိရသမွ်

မုံရွာ-မန္တလေးလမ်းအပါအဝင် မြင်းမူမြို့နယ်ရှိ လမ်းပိုင်းများအား ဖြတ်သန်းသွား လာခြင်းမပြုရန် GTR-MMUအဖွဲ့သတိပေး

မုံရြာ-မႏၲေလးလမ္းအပါအဝင္ ျမင္းမူၿမိဳ႕နယ္ရွိ လမ္းပိုင္းမ်ားအား ျဖတ္သန္းသြား လာျခင္းမျပဳရန္ GTR-MMUအဖြဲ႕သတိေပး

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံရြာ-မႏၲေလးလမ္းမႀကီးအပါအဝင္ ျမင္းမူၿမိဳ႕နယ္အတြင္း လမ္းပိုင္းမ်ားအား

ျဖတ္သန္းသြားလာျခင္းမျပဳရန္ ျမင္းမူနယ္အေျခစိုက္ GTR-MMU အဖြဲ႕က သတိ​ေပးေၾကညာသည္။

ယေန႔(ဧၿပီ ၁၁ရက္)နံနက္ပိုင္းတြင္ GTR-MMU အဖြဲ႕က အေရးေပၚသတိေပး ေၾကညာခ်က္တစ္ခု

ထုတ္ျပန္ခဲ့ရာ မုံရြာ – ျမင္းမူ – မႏၲေလး လမ္းပိုင္းႏွင့္ ျမင္းမူၿမိဳ႕နယ္အတြင္းရွိ လမ္းပိုင္းမ်ား၊

ၿမိဳ႕နယ္ခ်င္းဆက္လမ္းပိုင္းမ်ားအား ယခုအခ်ိန္မွ စတင္ၿပီးလုံးဝ(လုံးဝ) အသုံးျပဳျခင္း မျပဳၾကရန္ ျပည္သူလူထုအား

အသိေပးအေၾကာင္းၾကားေၾကာင္း၊ သတိေပးခ်က္ကို လိုက္နာေပးျခင္းျဖင့္ ကူညီေပးေစလိုေၾကာင္း အသိေပးထားသည္။

လမ္းပိုင္းေခတၱပိတ္သိမ္းရသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ GTR-MMU အဖြဲ႕ထံ ဆက္သြယ္ေမးျမန္း ထားေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိေသးပါ။

မႏၲေလး-မုံရြာလမ္းမႀကီးေပၚတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား မၾကာခဏ တိုက္ခိုက္

ခံရေလ့ရွိၿပီး ဧၿပီ ၇ ရက္ နံနက္ ၂နာရီခြဲခန္႔ကလည္း မႏၲေလးဘက္မွ မုံရြာၿမိဳ႕သို႔ ထြက္ခြာလာေသာ

စစ္ေကာင္စီလက္နက္ကိုင္မ်ား လိုက္လာပါသည့္ Express ကားႏွစ္စီး၊ ကားအေသး ေလးစီးကို ေခ်ာင္းဦး

PDF ႏွင့္ ေျမာင္ၿမိဳ႕နယ္ TGR ျပည္သူ႔ကာကြယ္ေရးတပ္ တို႔က မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ ကားသုံးစီးထိခဲ့ကာ

ထိခိုက္ေသဆုံးသူမ်ားျပားေၾကာင္း ေဒသတြင္း PDFမ်ားက ထုတ္ျပန္ခဲ့သည္။

(မုံရြာ-မႏၲေလးကားလမ္းတြင္ တိုက္ပြဲျဖစ္၍ ခရီးသြား ကားမ်ားရပ္၍​ေစာင့္​ေပးခဲ့ၾကစဥ္)

Unicode,

မုံရွာ-မန္တလေးလမ်းအပါအဝင် မြင်းမူမြို့နယ်ရှိ လမ်းပိုင်းများအား ဖြတ်သန်းသွား လာခြင်းမပြုရန် GTR-MMUအဖွဲ့သတိပေး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအပါအဝင် မြင်းမူမြို့နယ်အတွင်း လမ်းပိုင်းများအား

ဖြတ်သန်းသွားလာခြင်းမပြုရန် မြင်းမူနယ်အခြေစိုက် GTR-MMU အဖွဲ့က သတိပေးကြေညာသည်။

ယနေ့(ဧပြီ ၁၁ရက်)နံနက်ပိုင်းတွင် GTR-MMU အဖွဲ့က အရေးပေါ်သတိပေး ကြေညာချက်တစ်ခု

ထုတ်ပြန်ခဲ့ရာ မုံရွာ – မြင်းမူ – မန္တလေး လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိ လမ်းပိုင်းများ၊

မြို့နယ်ချင်းဆက်လမ်းပိုင်းများအား ယခုအချိန်မှ စတင်ပြီးလုံးဝ(လုံးဝ) အသုံးပြုခြင်း မပြုကြရန် ပြည်သူလူထုအား

အသိပေးအကြောင်းကြားကြောင်း၊ သတိပေးချက်ကို လိုက်နာပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်း အသိပေးထားသည်။

လမ်းပိုင်းခေတ္တပိတ်သိမ်းရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ GTR-MMU အဖွဲ့ထံ ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်

ခံရလေ့ရှိပြီး ဧပြီ ၇ ရက် နံနက် ၂နာရီခွဲခန့်ကလည်း မန္တလေးဘက်မှ မုံရွာမြို့သို့ ထွက်ခွာလာသော

စစ်ကောင်စီလက်နက်ကိုင်များ လိုက်လာပါသည့် Express ကားနှစ်စီး၊ ကားအသေး လေးစီးကို ချောင်းဦး

PDF နှင့် မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ် တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားသုံးစီးထိခဲ့ကာ

ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်း PDFများက ထုတ်ပြန်ခဲ့သည်။

(မုံရွာ-မန္တလေးကားလမ်းတွင် တိုက်ပွဲဖြစ်၍ ခရီးသွား ကားများရပ်၍စောင့်ပေးခဲ့ကြစဉ်)