ၾကားသိရသမွ်

တောင်းစားရမှာရှက်လို့ အမှိုက်ပုံက စားကြွင်းစားကျန်တွေ တိတ်တိတ်လေး စားနေတဲ့အဖိုး

အင္ဒုိနီးရွားႏုိင္ငံ၊ အေရွ႕ဂ်ာဗားစီရင္စု၊ Pasar Besar မွာ သနားစဖြယ္အဖုိးအုိတစ္ေယာက္ဟာ သူမ်ားေတြဆီကေန ေတာင္းစားရမွာ ရွက္လုိ႔ထင္ပါရဲ႕၊ လူသူကင္းတဲ့ အမႈိက္ပုံးရွိရာကို တိတ္တိတ္ကေလးသြားၿပီး၊ ရသမွ်ေလးေတြ ျခစ္ျခဳပ္စားေသာက္ေနရွာပါတယ္။

ဒီအျဖစ္ကို လမ္းသြားလမ္းလာတစ္ဦးက မွတ္တမ္းတင္ႏုိင္ခဲ့ၿပီး၊ Ipoh 怡保 အမည္ရ Facebook Page ဆီကုိ ေပးပုိ႔ခဲ့ပါတယ္။ အဆုိပါ ဗြီဒီယုိႏွစ္ဖုိင္ဟာ တင္လုိက္ခ်င္းမွာပင္ ျပန္လည္မွ်ေဝသူ ျပန္လည္မွ်ေဝသူ (၁၁၀၀)အထိ ရွိခဲ့ၿပီး၊ မွတ္ခ်က္ေရးသူကေတာ့ (၄၂၁)ေယာက္ ျဖစ္ပါတယ္။

Ipoh 怡保 Page မွာ အဲဒီဗြီဒီယုိနဲ႔ပတ္သက္ၿပီး ” ဒီအဖုိးရဲ႕အေျခအေနက တကယ့္ကို ရင္နာဖုိ႔ ေကာင္းပါတယ္ … ေက်းဇူးျပဳၿပီးေတာ့ သူ႕ကို ကူညီေပးၾကပါ … သူဟာ Ipoh UTC အနီးမွာ ရွိပါတယ္ … သူဟာ အမႈိက္ေတြထဲက အစာအၾကြင္းအက်န္ေလးေတြ စားေနရရွာတာပါ “လုိ႔ ေရးသားထာပါတယ္။

အဖုိးအုိဟာ အိမ္ရာမဲ့တစ္ဦးျဖစ္ပုံရၿပီး၊ အဝတ္အစားေတြကလည္း ႏုံခ်ာစုတ္ျပတ္ေနရွာပါတယ္။ အေတာ္ေလး ဆာေလာင္ေနပုံရၿပီး၊ ဘယ္လုိမွ ဆာေလာင္မႈဒဏ္ကို သည္းမခံႏုိင္လုိ႔သာ ဒီလုိ လုပ္တာနဲ႔ တူပါတယ္။ Ipoh 怡保 ေၾကာင့္ သူ အကုူအညီေတြ ရႏုိင္မယ္လုိ႔ ထင္ပါတယ္။

လင္းေဇာ္ကို (D Khit Media)

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားစီရင်စု၊ Pasar Besar မှာ သနားစဖွယ်အဖိုးအိုတစ်ယောက်ဟာ သူများတွေဆီကနေ တောင်းစားရမှာ ရှက်လို့ထင်ပါရဲ့၊ လူသူကင်းတဲ့ အမှိုက်ပုံးရှိရာကို တိတ်တိတ်ကလေးသွားပြီး၊ ရသမျှလေးတွေ ခြစ်ခြုပ်စားသောက်နေရှာပါတယ်။

ဒီအဖြစ်ကို လမ်းသွားလမ်းလာတစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ Ipoh 怡保 အမည်ရ Facebook Page ဆီကို ပေးပို့ခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုနှစ်ဖိုင်ဟာ တင်လိုက်ချင်းမှာပင် ပြန်လည်မျှဝေသူ ပြန်လည်မျှဝေသူ (၁၁၀၀)အထိ ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူကတော့ (၄၂၁)ယောက် ဖြစ်ပါတယ်။

Ipoh 怡保 Page မှာ အဲဒီဗွီဒီယိုနဲ့ပတ်သက်ပြီး ” ဒီအဖိုးရဲ့အခြေအနေက တကယ့်ကို ရင်နာဖို့ ကောင်းပါတယ် … ကျေးဇူးပြုပြီးတော့ သူ့ကို ကူညီပေးကြပါ … သူဟာ Ipoh UTC အနီးမှာ ရှိပါတယ် … သူဟာ အမှိုက်တွေထဲက အစာအကြွင်းအကျန်လေးတွေ စားနေရရှာတာပါ “လို့ ရေးသားထာပါတယ်။

အဖိုးအိုဟာ အိမ်ရာမဲ့တစ်ဦးဖြစ်ပုံရပြီး၊ အဝတ်အစားတွေကလည်း နုံချာစုတ်ပြတ်နေရှာပါတယ်။ အတော်လေး ဆာလောင်နေပုံရပြီး၊ ဘယ်လိုမှ ဆာလောင်မှုဒဏ်ကို သည်းမခံနိုင်လို့သာ ဒီလို လုပ်တာနဲ့ တူပါတယ်။ Ipoh 怡保 ကြောင့် သူ အကုူအညီတွေ ရနိုင်မယ်လို့ ထင်ပါတယ်။

လင်းဇော်ကို (D Khit Media)