ကားဘက်မှန်တွေ အခိုးမခံရအောင် လုပ်တဲ့ နည်းလမ်းတခု (လွယ်လွယ်လေးပါပဲ)
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းမှာ ညအိပ်ရပ်ထားတဲ့ အိမ်စီးကားတွေရဲ့ ဘက်မှန်တွေ ခွာယူပြီး အခိုးခံနေရတာ မကြာခဏ ဖြစ်ပေါ်နေကြောင်း ကားပိုင်ရှင်တွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။
ကားပိုင်ရှင်တွေခမျာ ကိုယ့်ကားမှန်ကိုယ် ပိုက်ဆံပေး ပြန်ဝယ်နေရတဲ့ ဘဝရောက်နေပြီး စျေးကွက်မှာ ကားဘက်မှန်တွေကို လွတ်လပ်စွာခိုးယူ လွတ်လပ်စွာ ရောင်းဝယ်နေကြတယ်ပါတယ်။ အဆိုပါဖြစ်ရပ်ကို အထိုက်အလျောက် ကာကွယ်ပေးမယ့် နည်းလမ်းတခု ဖော်ပြချင်ပါတယ်။

ကား ဘက်မှန် ခိုးမရအောင် အပေါ်မှာ ကားနံပါတ်ပေါ်အောင် မှန်ကို အမှုံစားပြစ်လိုက်တယ်.. အဲ့ဘက်မှန် ခိုးရောင်းဖို့ အတော်စဉ်းစားရမယ်.. ရောင်းတယ်ပဲထားအုံး ဆိုင်သမားက အော်တို သူခိုးပစ္စည်းရောင်းတာဖြစ်သွားပါပြီ.. အခြားကားပိုင်ရှင်က နံပါတ် မတူပဲ ဘက်မှန်တပ် သုံးထားရင် သူခိုးဆီက ဝယ်ထားသလိုလို ကိုယ်တိုင်ပဲ ခိုးထား သလိုလိုဖြစ်ပြီ (Ye Naing) တကယ်တော့ သူခိုးပေါလာတယ်ဆိုတာက အရပ်ဖက် အုပ်ချုပ်ရေး ပျက်ယွင်းလာတဲ့ လက္ခဏာပါပဲ။
ကားနဲ့လူတွေ အရမ်းများတဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ အရပ်ဖက် အုပ်ချုပ်ရေး ပျက်ပြားလာတာကတော့ ကောင်းမွန်တဲ့အခြေအနေ မဟုတ်ပါဘူး။ ခေတ်ဆိုးခေတ်ကျပ်ကာလကြီးမှာ တဦးအပေါ် တဦး မေတ္တာ၊ စေတနာတွေထားပြီး ဆက်ဆံကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ကားဘက္မွန္ေတြ အခိုးမခံရေအာင္ လုပ္တဲ့ နည္းလမ္းတခု (လြယ္လြယ္ေလးပါပဲ)
အခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕တြင္းမွာ ညအိပ္ရပ္ထားတဲ့ အိမ္စီးကားေတြရဲ့ ဘက္မွန္ေတြ ခြာယူၿပီး အခိုးခံေနရတာ မၾကာခဏ ျဖစ္ေပၚေနေၾကာင္း ကားပိုင္ရွင္ေတြက လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ေဖာ္ျပေနၾကပါတယ္။
ကားပိုင္ရွင္ေတြခမ်ာ ကိုယ့္ကားမွန္ကိုယ္ ပိုက္ဆံေပး ျပန္ဝယ္ေနရတဲ့ ဘဝေရာက္ေနၿပီး ေစ်းကြက္မွာ ကားဘက္မွန္ေတြကို လြတ္လပ္စြာခိုးယူ လြတ္လပ္စြာ ေရာင္းဝယ္ေနၾကတယ္ပါတယ္။ အဆိုပါျဖစ္ရပ္ကို အထိုက္အေလ်ာက္ ကာကြယ္ေပးမယ့္ နည္းလမ္းတခု ေဖာ္ျပခ်င္ပါတယ္။
ကား ဘက္မွန္ ခိုးမရေအာင္ အေပၚမွာ ကားနံပါတ္ေပၚေအာင္ မွန္ကို အမႈံစားျပစ္လိုက္တယ္.. အဲ့ဘက္မွန္ ခိုးေရာင္းဖို႔ အေတာ္စဥ္းစားရမယ္.. ေရာင္းတယ္ပဲထားအုံး ဆိုင္သမားက ေအာ္တို သူခိုးပစၥည္းေရာင္းတာျဖစ္သြားပါၿပီ.. အျခားကားပိုင္ရွင္က နံပါတ္ မတူပဲ ဘက္မွန္တပ္ သုံးထားရင္ သူခိုးဆီက ဝယ္ထားသလိုလို ကိုယ္တိုင္ပဲ ခိုးထား သလိုလိုျဖစ္ၿပီ (Ye Naing) တကယ္ေတာ့ သူခိုးေပါလာတယ္ဆိုတာက အရပ္ဖက္ အုပ္ခ်ဳပ္ေရး ပ်က္ယြင္းလာတဲ့ လကၡဏာပါပဲ။
ကားနဲ႔လူေတြ အရမ္းမ်ားတဲ့ ရန္ကုန္လို ၿမိဳ႕ႀကီးေတြမွာ အရပ္ဖက္ အုပ္ခ်ဳပ္ေရး ပ်က္ျပားလာတာကေတာ့ ေကာင္းမြန္တဲ့အေျခအေန မဟုတ္ပါဘူး။ ေခတ္ဆိုးေခတ္က်ပ္ကာလႀကီးမွာ တဦးအေပၚ တဦး ေမတၱာ၊ ေစတနာေတြထားၿပီး ဆက္ဆံၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္ခင္ဗ်ာ။



