အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ မသန်စွမ်းအမျိုးသားတစ်ဦးနှင့် messaging app တစ်ခုမှတွေ့ခဲ့ပြီး သုံးရက်အကြာမှာဘဲ အဆိုပါအမျိုးသားနှင့်လက်ထပ်ဖို့ သူမရဲ့ပညာရေးလေ့လာမှုကို စွန့်လွှတ်ပစ်ခဲ့ပါတယ်။ဆွဲဆောင်မှုရှိတဲ့အဆိုပါကောလိပ်ကျောင်းသူဖြစ်တဲ့ Xiao Dan ဟာ Kong Chuang အမည်ရှိမသန်စွမ်းအမျိုးသားအား ပြုစုစောင့်ရှောက်ရန် သူမ၏တက္ကသိုလ်မှတောက်ပတဲ့အနာဂတ်ကို ထားခဲ့ရန်ဆုံးဖြတ်ခဲ့ပါတယ်။တရုတ်နိုင်ငံ Guangdong ပြည်နယ်ရှိ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kong Chuang ဟာ Wheelchair တစ်လုံးပေါ်မှာသာ အချိန်နေခဲ့ရသော်လည်း သူ၏အကောင်းမြင်ဝါဒနှင့်အောင်မြင်ရန်စိတ်ထက်သန်မှုတို့က Dan ကို စွဲမက်သွားစေခဲ့ပါတယ်။
Chuang ရဲ့ပုံတွေကိုကြည့်ခြင်းဖြင့် ထိုင်ဝမ်နာမည်ကြီးအဆိုတော်၊ ဂီတပညာရှင်နဲ့ဒါရိုက်တာ Jay Cho နဲ့တူနေတာကြောင့် Dan က သူစိတ်ဝင်စားသွားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
တစ်ကယ်လည်း Chuang ဟာ piano နှင့် ဂီတာတို့ကို ကောင်းကောင်းတီးနိုင်ပါတယ်။သို့ပေမဲ့ ကြည်နူးစရာကောင်းတဲ့ သူတို့ conversation က Dan ကို Chuang အား ပိုမိုချစ်ကျွမ်းဝင်သွားစေခဲ့ပါတယ်။
“ သူနဲ့စကားပြောရတာက ကျွန်မ အွန်လိုင်းမှာတွေ့တဲ့တခြားသူတွေနဲ့စကားပြောရတာနဲ့လုံးဝမတူနေဘူး ၊ သူက တကယ့်ကိုအံ့သြဖွယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပုံရတယ်၊ ကျွန်မတို့ညဘက်ရောက်တိုင်း အကြာကြီး chat လုပ်ခဲ့ကြတယ် ” လို့ Danက ပြောပြခဲ့ပါတယ်။သူတို့ဟာ ပထမဆုံးအကြိမ် chat ခဲ့ကြပြီး နောက်တစ်ရက်အကြာမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။၎င်းကိစ္စကြောင့် Dan ဟာ သူမရဲ့အတန်းချိန်ကိုတောင် ပျက်ကွက်ခဲ့ပါသေးတယ်။
Dan ရဲ့အဆိုအရ သူမဟာ Chang ကို အပြင်မှာမတွေ့ခင်အထိ Chang ရဲ့အခြေအနေကို မသိခဲ့ရပါဘူး။သို့ပေမဲ့ အချစ်နွံ့နစ်နေတဲ့ Dan က သူမတို့ရဲ့တွေ့ဆုံမှုမှတဆင့် Chang ဟာ သူမအတွက် ထူးခြားနေခဲ့တာကို နားလည်သဘောပေါ်ခဲ့ရကြောင်း ထို့ကဲ့သို့ ရှင်းပြခဲ့ပါတယ်။
၎င်းတို့ရဲ့တွေ့ဆုံမှုအပြီးမှာ Danဟာ သူမ၏မိဘများအား ဖုန်းဆက်ကာ သူမရဲ့ချစ်သူကို ချစ်မြတ်နိုးကြောင်းနှင့် သူမရဲ့ပညာရေးကို ဆက်မလေ့လာလိုတော့ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ Kong ၏မိသားစုနှင့်အတူနေနေပြီဖြစ်တဲ့ Dan ဟာ သူတို့မိသားစုနှင့် သီးခြားထွက်ကာ နေထိုင်နိုင်ရန်အတွက် အလုပ်အကိုင်ကောင်းတစ်ခုရှာရန် ကြိုးစားနေပါတယ်။
Mia (KBdailynews)