“အလကားေပးလို႔ရရဲ့သားနဲ႔၊ဘာျဖစ္လို႔၅၀-၁၀၀တန္ဖိုး သတ္မွတ္ၿပီးေရာင္းတာလဲ?”
“အလကားဆိုရင္တခ်ိဳ႕သူေတြလာယူရမွာခက္ေနမွာစိုးလို႔
တန္ဖိုးသင့္ၿပီးေရာင္းတယ္လို႔လုပ္ထားတာပါ”လွလိုက္တဲ့ ဒႆန!
လူေတြမွာသိမ္ငယ္စိတ္၊ရွက္ရြံ့စိတ္ဆိုတာရွိၾကတယ္။
အခုလိုက်ပ္တည္းေနၾကတဲ့အခ်ိန္စားဝတ္ေနေရးခက္ခဲၾကမွာပဲဆိုတာ(sympathy) ကိုယ္ခ်င္းစာစိတ္။
တတ္နိုင္တာရွိရင္ေပးလိုက္မယ္။ သနားပါတယ္ဆိုတာမ်ိဳး
ဒါေပမဲ့ဒီလိုအခ်ိန္မွာပဲ က်ပ္တည္းေနေပမဲ့အလကားယူဖို႔မရြံ့မရဲျဖစ္ေနသူေတြရွိမယ္။
အရင္ကအလုပ္ရွိတယ္၊ဝင္ေငြရွိတယ္။ေနဖို႔ထိုင္ဖို႔လည္းရွိတယ္။
ခက္တာကအခုအခ်ိန္မွာေရႊေက်ာင္းေျပာင္ေျပာင္၊ဝမ္းေခါင္ေခါင္ျဖစ္ေနတာ။ေျခအေကာင္း၊
လက္အေကာင္း၊ဝင္ေငြကမရွိ။ေရာင္းသင့္ရာရာလည္းကုန္ၿပီ။ဒီလိုလူေတြအထိပါေတြးၿပီး
သူ႔ေနရာကိုယ္တိုင္ဝင္ခံစားၿပီးမွနားလည္စာနာတဲ့စိတ္ (empathy )။
ပရဟိတ၊အလႉဒါနလုပ္တဲ့အခါ ဒီလိုမြန္ျမတ္တဲ့စိတ္ေစတနာထားနိုင္ဖို႔အလြန္အေရးႀကီးပါတယ္။
တခ်ိဳ႕ကလုပ္ေတာ့ေပးတယ္။ငါဒီေလာက္လုပ္ေပးေနတာပဲ၊
မေက်နပ္လဲေသဆိုတာမ်ိဳးက မိမိရဲ့ေကာင္းမႈေတြကိုပ်က္စီးေစပါတယ္။
စြန္႔လႉမႈနဲ႔ပတ္သက္ရင္အေသြးေတြ၊အသားေတြမေရာက္ရွိဘူး။
သင္တို႔ရဲ့ စိတ္ရည္စူးခ်က္ေတြသာ ဘုရားသခင္ထံေရာက္ရွိတယ္လို႔က်မ္းစာမွာလည္းေတြ႕ရပါတယ္။
စိတ္ထားတတ္ရင္ျမတ္တယ္။သေဘာဟုတ္ရင္၊ေလာကုတ္ဆိုတဲ့ပညာရွိတို႔စကားနားထဲၾကားေယာင္မိရဲ့ဗ်ာ
Sayar U Kyaw San . Eduzone
Unicode Version
“အလကားပေးလို့ရရဲ့သားနဲ့၊ဘာဖြစ်လို့၅၀-၁ဝဝတန်ဖိုး သတ်မှတ်ပြီးရောင်းတာလဲ?”
“အလကားဆိုရင်တချို့သူတွေလာယူရမှာခက်နေမှာစိုးလို့
တန်ဖိုးသင့်ပြီးရောင်းတယ်လို့လုပ်ထားတာပါ”လှလိုက်တဲ့ ဒဿန!
လူတွေမှာသိမ်ငယ်စိတ်၊ရှက်ရွံ့စိတ်ဆိုတာရှိကြတယ်။
အခုလိုကျပ်တည်းနေကြတဲ့အချိန်စားဝတ်နေရေးခက်ခဲကြမှာပဲဆိုတာ(sympathy) ကိုယ်ချင်းစာစိတ်။
တတ်နိုင်တာရှိရင်ပေးလိုက်မယ်။ သနားပါတယ်ဆိုတာမျိုး။
ဒါပေမဲ့ဒီလိုအချိန်မှာပဲ ကျပ်တည်းနေပေမဲ့အလကားယူဖို့မရွံ့မရဲဖြစ်နေသူတွေရှိမယ်။
အရင်ကအလုပ်ရှိတယ်၊ဝင်ငွေရှိတယ်။နေဖို့ထိုင်ဖို့လည်းရှိတယ်။
ခက်တာကအခုအချိန်မှာရွှေကျောင်းပြောင်ပြောင်၊ဝမ်းခေါင်ခေါင်ဖြစ်နေတာ။ခြေအကောင်း၊
လက်အကောင်း၊ဝင်ငွေကမရှိ။ရောင်းသင့်ရာရာလည်းကုန်ပြီ။ဒီလိုလူတွေအထိပါတွေးပြီး
သူ့နေရာကိုယ်တိုင်ဝင်ခံစားပြီးမှနားလည်စာနာတဲ့စိတ် (empathy )
ပရဟိတ၊အလှူဒါနလုပ်တဲ့အခါ ဒီလိုမွန်မြတ်တဲ့စိတ်စေတနာထားနိုင်ဖို့အလွန်အရေးကြီးပါတယ်။
တချို့ကလုပ်တော့ပေးတယ်။ငါဒီလောက်လုပ်ပေးနေတာပဲ၊
မကျေနပ်လဲသေဆိုတာမျိုးက မိမိရဲ့ကောင်းမှုတွေကိုပျက်စီးစေပါတယ်
စွန့်လှူမှုနဲ့ပတ်သက်ရင်အသွေးတွေ၊အသားတွေမရောက်ရှိဘူး။
သင်တို့ရဲ့ စိတ်ရည်စူးချက်တွေသာ ဘုရားသခင်ထံရောက်ရှိတယ်လို့ကျမ်းစာမှာလည်းတွေ့ရပါတယ်။
စိတ်ထားတတ်ရင်မြတ်တယ်။သဘောဟုတ်ရင်၊လောကုတ်ဆိုတဲ့ပညာရှိတို့စကားနားထဲကြားယောင်မိရဲ့ဗျာ။
Sayar U Kyaw San . Eduzone