ၾကားသိရသမွ်

ပစ္စည်းလာဝယ်သလိုနဲ့ ဆိုင်ရှင်ကို တပတ်လှည့်ပြီး လုပ်စားနေတဲ့ အမျိုးသမီး (ဂရုစိုက်ကြပါ)

ပစ္စည်းလာဝယ်သလိုနဲ့ ဆိုင်ရှင်ကို တပတ်လှည့်ပြီး လုပ်စားနေတဲ့ အမျိုးသမီး (ဂရုစိုက်ကြပါ)

လူလိမ် ဂရုပြုရန်၊ ဆေးလာဝယ်တယ်။ ဟိုဆေးရှိလား ဒီဆေးရှိလား ၃ ၄ မျိုးလောက်မေးပြီးပြခိုင်းတယ်။ ကလေးက ၃ နှစ် ထမင်းမစားလို့ဘာဆေးတိုက်ရမလဲမေးတယ်။

ရှင်းပြပြီးတော့ ဆေးနှစ်မျိုးယူမယ်ပြောတယ် (ပိုင်ကွန်ပေါင်း မီကိုခရင် တစ်ဘူးနဲ့ ကယ်လ်ဒရိုင်း တစ်ဘူး)၊ ၁,၀၅၀ ကျတယ်ဆိုတော့ ဟိုနေ့က ၁၀၀ ပြန်အမ်းဖို့ကျန်တယ်လို့ပြောတယ်။ ဆိုင်က ညီလေးနဲ့ ညီမလေး ထမင်းစားပြန်သွားတော့ ဪ သူတို့များသိမလား ၁၀၀ ဆိုတော့လည်း ဒါဆိုလည်း ၉၅၀ ပဲပေးသွားဆိုတော့ ၄၀၀၀ ပြန်အမ်းပါတဲ့။

အမ် ပိုက်ဆံမပေးရသေးဘူးလေဆိုတော့ ကလေးအားဆေးမမေးခင်တည်းက ၅၀၀၀ တန်တစ်ရွက်ပေးလိုက်တာလေတဲ့။ မပေးရသေးဘူး၊ ပေးပြီးပြီလေ။ မပေးရသေးပါဘူးဆို၊ ပေးပြီးပါပြီဆို ဒီမှာတွေ့လား ပိုက်ဆံအိတ်ထဲမှာ အကြွေပဲရှိတော့တယ် ၅၀၀၀ တန်ပေးပြီးပြီ ဆိုပြီး အိတ်ဖြဲပြ။

ကဲ ဒါဆိုခဏစောင့်၊ စီစီတီဗီလေး ပြန်ကြည့်လိုက်ဦးမယ် ဆိုတော့ အာ့ဆိုကြည့်ထားလိုက် အိမ်မှာမေ့ခဲ့လားမသိဘူးဆိုပြီး လှည့်ပြေးပါလေရော။ ရိုးရှင်းတဲ့ လှည့်ကွက် (Simple trick) ပေမယ့် တစ်ယောက်တည်းရှိနေချိန်တို့ အူတူတူဖြစ်နေချိန်တို့ဆို လိမ်ခံရနိုင်လို့ သတိထားနိုင်ကြပါရန်။

(ဆေးဆိုင်က မြောက်ဥက္ကလာ ၆ ကွေ့လမ်းဆုံမှာပါ။ အဲ့အမျိုးသမီးက ဘယ်ဘက်လက်မောင်းမှာ တက်တူးကြီးကြီး တစ်ခုပါပါတယ်။ ဘာအရုပ်ထိုးထားမှန်းတော့ မမှတ်မိလိုက်)

ပစၥည္းလာဝယ္သလိုနဲ႔ ဆိုင္ရွင္ကို တပတ္လွည့္ၿပီး လုပ္စားေနတဲ့ အမ်ိဳးသမီး (ဂ႐ုစိုက္ၾကပါ)

လူလိမ္ ဂ႐ုျပဳရန္၊ ေဆးလာဝယ္တယ္။ ဟိုေဆးရွိလား ဒီေဆးရွိလား ၃ ၄ မ်ိဳးေလာက္ေမးၿပီးျပခိုင္းတယ္။ ကေလးက ၃ ႏွစ္ ထမင္းမစားလို႔ဘာေဆးတိုက္ရမလဲေမးတယ္။

ရွင္းျပၿပီးေတာ့ ေဆးႏွစ္မ်ိဳးယူမယ္ေျပာတယ္ (ပိုင္ကြန္ေပါင္း မီကိုခရင္ တစ္ဘူးနဲ႔ ကယ္လ္ဒ႐ိုင္း တစ္ဘူး)၊ ၁,၀၅၀ က်တယ္ဆိုေတာ့ ဟိုေန႔က ၁၀၀ ျပန္အမ္းဖို႔က်န္တယ္လို႔ေျပာတယ္။ ဆိုင္က ညီေလးနဲ႔ ညီမေလး ထမင္းစားျပန္သြားေတာ့ ဪ သူတို႔မ်ားသိမလား ၁၀၀ ဆိုေတာ့လည္း ဒါဆိုလည္း ၉၅၀ ပဲေပးသြားဆိုေတာ့ ၄၀၀၀ ျပန္အမ္းပါတဲ့။

အမ္ ပိုက္ဆံမေပးရေသးဘူးေလဆိုေတာ့ ကေလးအားေဆးမေမးခင္တည္းက ၅၀၀၀ တန္တစ္႐ြက္ေပးလိုက္တာေလတဲ့။ မေပးရေသးဘူး၊ ေပးၿပီးၿပီေလ။ မေပးရေသးပါဘူးဆို၊ ေပးၿပီးပါၿပီဆို ဒီမွာေတြ႕လား ပိုက္ဆံအိတ္ထဲမွာ အေႂကြပဲရွိေတာ့တယ္ ၅၀၀၀ တန္ေပးၿပီးၿပီ ဆိုၿပီး အိတ္ၿဖဲျပ။

ကဲ ဒါဆိုခဏေစာင့္၊ စီစီတီဗီေလး ျပန္ၾကည့္လိုက္ဦးမယ္ ဆိုေတာ့ အာ့ဆိုၾကည့္ထားလိုက္ အိမ္မွာေမ့ခဲ့လားမသိဘူးဆိုၿပီး လွည့္ေျပးပါေလေရာ။ ႐ိုးရွင္းတဲ့ လွည့္ကြက္ (Simple trick) ေပမယ့္ တစ္ေယာက္တည္းရွိေနခ်ိန္တို႔ အူတူတူျဖစ္ေနခ်ိန္တို႔ဆို လိမ္ခံရႏိုင္လို႔ သတိထားႏိုင္ၾကပါရန္။

(ေဆးဆိုင္က ေျမာက္ဥကၠလာ ၆ ေကြ႕လမ္းဆုံမွာပါ။ အဲ့အမ်ိဳးသမီးက ဘယ္ဘက္လက္ေမာင္းမွာ တက္တူးႀကီးႀကီး တစ္ခုပါပါတယ္။ ဘာအ႐ုပ္ထိုးထားမွန္းေတာ့ မမွတ္မိလိုက္)