ၾကားသိရသမွ်

သားရီး..!ငါတို႔ ပြဲမၿပီးေသးဘူးကြ…

သားရီး ထပါကြာ ငါ့ကို မစနဲ႔ေဟ်ာင့္ငါတို႔ အိမ္ျပန္ရအုံးမယ္ေလကြာ

သားရီး…!ငါတို႔ အိမ္ျပန္ရအုံးမယ္ေလကြာ…။

သားရီး…! မင္း ဘာမွမျဖစ္ပါဘူးဟ…။

သားရီး..!ငါတို႔ ပြဲမၿပီးေသးဘူးကြ…။

 

သားရီး…!ငါ့ေကာင္ႀကီး…ထစမ္းပါကြာ… မင္းေသလို႔မျဖစ္ဘူး…

ငါတို႔ေတြ ႏိုင္ေတာ့မွာကြ..မင္းလိုခ်င္တဲ့ ဒီမိုကေရစီ ရေတာ့မွာကြ…။

သားရီးရာ…မင့္အိမ္ကို ငါဘယ္လိုေျပာရမွာလဲ…မင့္မပါဘဲ ငါမျပန္ႏိုင္ဘူးကြာ…။

သားရီးရာ…!ငါ့ေကာင္ႀကီး…!မင္းၾကားလားကြာ…”ငါတို႔ေတြဘယ္ေတာ့မွ

ေနာက္မဆုတ္ဘူး ” လို႔ ကတိေပးတယ္။

သားရီး မင့္စိတ္ခ်ေဟ်ာင့္…မင့္အတြက္…
ငါတို႔အတြက္…

ငါတို႔မ်ိဳးဆက္အတြက္..ေႏြဦးေတာ္လွန္ေရး မုခ်ေအာင္ရမယ္…။ ။

 

ည(ကေလး)

Credit

Zawgyi

သားရီး ထပါကွာ ငါ့ကို မစနဲ့ဟျောင့်ငါတို့ အိမ်ပြန်ရအုံးမယ်လေကွာ

သားရီး…!ငါတို့ အိမ်ပြန်ရအုံးမယ်လေကွာ…။

သားရီး…! မင်း ဘာမှမဖြစ်ပါဘူးဟ…။

သားရီး..!ငါတို့ ပွဲမပြီးသေးဘူးကွ…။

သားရီး…!ငါ့ကောင်ကြီး…ထစမ်းပါကွာ… မင်းသေလို့မဖြစ်ဘူး…

 

ငါတို့တွေ နိုင်တော့မှာကွ..မင်းလိုချင်တဲ့ ဒီမိုကရေစီ ရတော့မှာကွ…။

သားရီးရာ…မင့်အိမ်ကို ငါဘယ်လိုပြောရမှာလဲ…မင့်မပါဘဲ ငါမပြန်နိုင်ဘူးကွာ…။

သားရီးရာ…!ငါ့ကောင်ကြီး…!မင်းကြားလားကွာ…”ငါတို့တွေဘယ်တော့မှ

နောက်မဆုတ်ဘူး ” လို့ ကတိပေးတယ်။

သားရီး မင့်စိတ်ချဟျောင့်…မင့်အတွက်…
ငါတို့အတွက်…

ငါတို့မျိုးဆက်အတွက်..နွေဦးတော်လှန်ရေး မုချအောင်ရမယ်…။ ။

 

ည(ကလေး) Credit