ၾကားသိရသမွ်




၎/၅ယောက်က လှောင်သလိုလို ပြောင်သလိုလိုနဲ့ မျက်နှာပြောင်နေကြသည်။















crd

unicode

မော်လမြိုင်မြို့ မှကြောက်စရာကောင်းတဲ့ဖြစ်ရပ်😳😳😱😱

မော်လမြိုင်မြို့အထင်ကရနေရာတစ်ခု တွင် ဘိုးတော်တစ်ပါး ဗေဒင်ဟော နေတာကိုဘေးကလူငယ်အုပ်စု

၄/၅ယောက်က လှောင်သလိုလို ပြောင်သလိုလိုနဲ့ မျက်နှာပြောင်နေကြသည်။

ကြာလာတော့ဘိုးတော်လဲ ဒေါသထွက်လာပြီး…..

“ဟေ့ကောင်တွေမင်းတို့ငါကိုဘာထင်နေလဲ၊

ငါကျိန်စာတိုက် အင်းခွက်ရေးလိုက်ရင်

မင်းတို့ဘဝတွေဘာဖြစ်သွားမယ်ထင်လဲ!…”

အဲ့ဒါကို လူငယ်အုပ်စုကမကြောက်တဲ့အပြင်

ခွက်ထိုးခွက်လန် ဟားတိုက်ရယ်မောပြီး လှောင်ပြောင်နေကြသေးသည်။

ဒါပေမယ်… ချက်ချင်းဆိုသလိုပဲ

သူတို့မျက်လုံးတွေ ဘာမှမမြင်ရတော့ပဲ

တစ်လောကလုံးမှောင်မဲသွားလေတော့သည်။

အဲ့သည့်တော့မှသူတို့လဲ အသိတရားဝင်လာကြပြီး

“အဖိုးရယ်သားတို့မှားသွားပါတယ်၊ သားတို့ကိုခွင့်လွှတ်ပေးပါ…”လို့အော်ကြဒါပေါ့

အဲချိန်မှာ ဘိုးတော်ပြန်ပြောလိုက်တဲ့စကားက

“မသာတွေငါဘာမှ မလုပ်ရသေးဘူးမင်းတို့ပထွေး EPCက မီးဖြတ်လိုက်တာကွ၊

ငါလဲဘာမှမမြင်ရတော့ဘူး…”

crd