လႈိင္သာယာ၊ မတ္လ ၁၇/၂၀၂၂ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္၊ လႈိင္သာယာ အေရွပိုင္းၿမိဳ႕နယ္တြင္ ဆိုင္ကယ္ေဘးတြဲေ
မာင္းႏွင္သူအား လည္ပင္းလွီး၍ ဆိုင္ကယ္ ေဘးတြဲလုယူသြားမႈ ယေန႔ (မတ္လ ၁၇) ေန႔လည္ ၁၂နာရီခန႔္က
ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။“လႈိင္သာယာ(အေရွပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမကေန
လူ(၃)ဦးက ဆိုင္ကယ္ေဘးတြဲ ငွားလို႔ လိုက္ပို႔တယ္။ အမွတ္(၁၅)ရပ္ကြက္၊ ဝန္ထမ္းႀကီးမ်ားအိမ္ယာ ကန္ပတ္လမ္း
အေရာက္ ဆိုင္ကယ္ေဘးတြဲငွားစီးလာသူ(၃)ဦးက စိုးျပည့္ေအာင္ရဲ႕ လည္ပင္းကို ဓါးနဲ႔လွီးၿပီး ဆိုင္ကယ္ေဘးတြဲ
လုယူ ေမာင္းေျပးသြားတယ္။စိုးျပည့္ေအာင္က လည္ပင္းမွာ ဒဏ္ရာရၿပီး လမ္းေဘးလဲေနတာေတြ႕လို႔ ေဆး႐ုံပို႔ေပး
လိုက္တယ္”ဟု (၁၅)ရပ္ကြက္ေနသူတစ္ဦးက ေျပာပါတယ္။ဒဏ္ရာရသြားသည့္ အသက္ ၁၇ႏွစ္အ႐ြယ္ စိုးျပည့္ေ
အာင္က လႈိင္သာယာ အမွတ္(၅)ရပ္ကြက္၊ နဝရတ္လမ္းမွာ ေနတာလို႔ သိရပါတယ္။ ေဘးတြဲလုယူသြားသူမ်ား
အား ဖမ္းဆီးရမိျခင္းမရွိေသးဘူးဟု ဆက္လက္ေျပာဆိုပါတယ္။
Unicode
လှိုင်သာယာ၊ မတ်လ ၁၇/၂၀၂၂ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ အရှေပိုင်းမြို့နယ်တွင် ဆိုင်ကယ်ဘေးတွဲေ
မာင်းနှင်သူအား လည်ပင်းလှီး၍ ဆိုင်ကယ် ဘေးတွဲလုယူသွားမှု ယနေ့ (မတ်လ ၁၇) နေ့လည် ၁၂နာရီခန့်က
ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။“လှိုင်သာယာ(အရှေပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကနေ
လူ(၃)ဦးက ဆိုင်ကယ်ဘေးတွဲ ငှားလို့ လိုက်ပို့တယ်။ အမှတ်(၁၅)ရပ်ကွက်၊ ဝန်ထမ်းကြီးများအိမ်ယာ ကန်ပတ်လမ်း
အရောက် ဆိုင်ကယ်ဘေးတွဲငှားစီးလာသူ(၃)ဦးက စိုးပြည့်အောင်ရဲ့ လည်ပင်းကို ဓါးနဲ့လှီးပြီး ဆိုင်ကယ်ဘေးတွဲ
လုယူ မောင်းပြေးသွားတယ်။စိုးပြည့်အောင်က လည်ပင်းမှာ ဒဏ်ရာရပြီး လမ်းဘေးလဲနေတာတွေ့လို့ ဆေးရုံပို့ပေး
လိုက်တယ်”ဟု (၁၅)ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ဒဏ်ရာရသွားသည့် အသက် ၁၇နှစ်အရွယ် စိုးပြည့်ေ
အာင်က လှိုင်သာယာ အမှတ်(၅)ရပ်ကွက်၊ နဝရတ်လမ်းမှာ နေတာလို့ သိရပါတယ်။ ဘေးတွဲလုယူသွားသူများ
အား ဖမ်းဆီးရမိခြင်းမရှိသေးဘူးဟု ဆက်လက်ပြောဆိုပါတယ်။
credit