ၾကားသိရသမွ်

ကား၊ထီဆိုင်ပြုတ်ပြီး အိမ်ပြုတ်ဖို့ပဲ ကျန်တော့တယ်လို့ပြောပြလာခဲ့တဲ့ စိုင်းဆိုင်မောဝ်ရဲ့ဇနီးဖြစ်သူ ခေးလားမိုး

ကား၊ထီဆိုင်ပြုတ်ပြီး အိမ်ပြုတ်ဖို့ပဲ ကျန်တော့တယ်လို့ပြောပြလာခဲ့တဲ့ စိုင်းဆိုင်မောဝ်ရဲ့ဇနီးဖြစ်သူ ခေးလားမိုး၊

ပရိသတ်ကြီးရေနိုင်ငံကျော်ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မောဝ်ကတော့ဆယ်စုနှစ်များစွာတိုင်ပရိသတ်ရင်ထဲရောက်အောင်တေးသီချင်းတွေကို၊သီဆိုနိုင်

ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ဂီတလောကမှာ အချိန်အကြာကြီးလျှောက်လှမ်းခဲ့ပေမဲ့ သူ့ရဲ့သီချင်းတွေကတော့ဒီကနေ့ထိတိုင်အောင်လူကြိုက်များ အောင်မြင်

ကျော်ကြားနေဆဲပဲ ဖြစ်ပါတယ်။စိုင်းဆိုင်မောဝ်က အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပြီး သီချင်းတွေကို မသီဆိုနိုင်တော့ပဲ ဆေးကုသမှု ခံယူနေရ

တာဖြစ်ပါတယ်နော်။စိုင်းဆိုင်မောဝ်ကလက်ရှိအချိန်မှာတော့ဇနီးဖြစ်သူ မခေးလားမိုးနဲ့အတူတူ နေထိုင်နေတာပဲဖြစ်ပါတယ်။ယခုအခါမှာတော့ စိုင်းဆိုင်မောဝ်ရဲ့ဇနီး

ဖြစ်သူ၊မခေးလားမိုးက သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ အခုလိုပဲ ရေးသားမျှဝေလာခဲ့တာပါ။”(၂၀၂၁)မှာ…ထီဆိုင်လည်းပြုတ်၊ကားလည်းပြုတ်၊ နေအိမ် ထပ်ပြုတ်

ဖို့ပဲကျန်တော့တယ်။မူးစု၊မတ်စု အိမ်ငှားဘဝကနေ အိမ်ရှင်ကောင်းတွေ့လို့ နည်းနည်း ဖဲ့ဖဲ့ပေးဝယ်ပြီး အိမ်ငှားဘဝက လွတ်လာခဲ့တာ ကာလအနေအထားအရ၊မငတ်

အောင်ပဲ မနည်းရုန်းကန်နေရင်း ကျမ်းမာအောင် နေရပါတယ်။ဒါနမျိုးစေ့ ပိစိလေးတွေနဲ့တင် ကျေနပ်နှစ်သိမ့် ရပါတယ်။အိမ်ကြီးနဲ့နေလို့ဓားပြလာတိုက်လို့ဘာမှပေး

စရာမရှိအိမ်ကြီးမယူလို့ရရင်ယူသွားပါလို့ပဲ ပြောရင်ယုံမယ်မထင်ဘူး။ကျမနေမကောင်းဖြစ်တုန်းကဆို ဆန်ကုန်သွားလို့ ဆန်ဖိုးကိုစိတ်ရင်းကောင်းတဲ့၊မိတ်ဆွေဆီက

ငွေချေးဝယ်ခဲ့ရတယ်။ အခု မီတာဆောင်ဖို့တဲ့ ဆောင်သင့်တယ် ပြောတဲ့သူတွေ ကျမကိုကူဆောင်ပေးကြမလား။ဆောင်မယ်ဆို မဆောင်တာကြာပြီမို့သိန်းဆယ်ချီ

တယ်နော်။အခုစီးပွားရေးက မငတ်ရုံလေးတင်မို့ကျမမီတာမဆောင်တာကျမစီးပွားရေးမပြေလည်လို့ပါလို့ ကျမပြောရင်အပြစ်ဖြစ်ရောလား။ဒီလိုအခက်အခဲ

အကျပ်အတည်း ကာလတွေ မတိုင်ခင်တုန်းကဆို ကျမကတိုင်းပြည်အခွန်ဆောင်ဖို့ အမြဲတက်ကြွနေခဲ့သူပါလို့😫”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။စိုင်းဆိုင်မောဝ်

ကတော့ လက်ရှိမှာ မိသားစုနဲ့ အေးအေးချမ်းချမ်းနေထိုင်ရင်းသူ့ရဲ့ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။စာဖတ် ပရိတ်သတ်ကြီးတို့အတွက်

ပြန်လည်ကူးယူပြီးဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။Source:KLM