ၾကားသိရသမွ်

ပရဟိတအသင်းကို စုထားတဲ့စုဘူးလေးကို ဖွင့်ပြီးတစ်ပြားမကျန်လှူဒါန်းလိုက်တဲ့ ၈နှစ်အရွယ်သမီးလေး

ပရဟိတအသင္းကို စုထားတဲ့စုဘူးေလးကို ဖြင့္ၿပီးတစ္ျပားမက်န္လႉဒါန္းလိုက္တဲ့ ၈ႏွစ္အ႐ြယ္သမီးေလး

ဉာဏ္ႀကီးတဲ့၀င့္ဝါႏိုင္ ၀င့္ဝါႏိုင္ က ႏြားထိုးႀကီးၿမိဳ႕ အမွတ္ ၁ ရပ္မွာ ခ်စ္ရတဲ့ သူ႔အေဖ အေမတို႔နဲ႔ အတူေနထိုင္ေနတဲ့ ၈ ႏွစ္သမီးေလး။လြန္ခဲ့တဲ့ လေပါင္းမ်ားစြာကတည္းက စၿပီး ေျမအိုးစုဘူးေလး နဲ႔ သူ႔မုန႔္ဖိုးေလးေတြ စုလာတာ။

ခုဆို ငါးေသာင္း ေျခာက္ေသာင္း ရွိေရာေပါ့လို႔ သူ႔မွန္းသတဲ့။ အ၀တ္အစားအသစ္ဆို ၄စုံ ၅စုံ ရႏိုင္မွာေပါ့။ ဖိနပ္ေလးလည္း ၀ယ္လို႔ရႏိုင္တာပဲ။မိန္းကေလးမို႔ အေမြးပြ႐ုပ္ေလးေတြ ကစားစရာ ဘိုမ႐ုပ္ေလးေတြ ေရာေပါ့။အေမ့ကို ေခၚၿပီး လိုခ်င္တာေတြ ေဈးထဲပတ္၀ယ္လိုက္မယ္ ဆိုတဲ့အေတြးမ်ိဳးနဲ႔ သူစုခဲ့တာ။

၀င့္ဝါႏိုင့္ စိတ္ထဲမွာ ပရဟိတ ဆိုတဲ့အလုပ္ အမ်ားအက်ိဳးျပဳျခင္း ဆိုတဲ့အဓိပၸာယ္ကိုယ္ခ်င္းစာတရားရဲ႕‌ေႏြးေထြးမႈ ေတြကို အရိပ္အႁမြက္ေတာ့ နားလည္သလိုလိုရွိေနၿပီ။ေဘးက ၿခံ၀န္းႀကီးထဲမွာ ပရဟိတအဖြဲ႕တစ္ခုက ယာယီ႐ုံး ဖြင့္ၿပီး လုပ္ေနတာ သူျမင္တယ္။

ၾကားလည္းၾကားတယ္။ ေန႔တိုင္း အဖြဲ႕သား ဦးဦး ‌ေတြ ပ်ားေတြ ၀တ္ရည္သယ္သလို လူးလာေခါက္တုံ ကူးေနတာ။အေမ သမီးစုဘူးကို ဟိုဘက္က ဦးဦး တို႔အဖြဲ႕ကို အကုန္လုံး လႉပစ္လိုက္ခ်င္တယ္ လည္းဆိုေရာ။သူ႔စုဘူး သူစုထားတာ သူ႔သေဘာေပါ့။ လႉခ်င္သပ ဆို အေမျဖစ္သူက ေခၚေပး႐ုံ။

အလႉခံမယ့္ ပရဟိတအဖြဲ႕က ဦးဦးေတြ ေရာက္ေတာ့ ေျမအိုးစုဘူး အကြဲေလးေဘးမွာ ပိုက္ဆံ အေခါက္ေလးေတြ ျဖည္ၿပီး ေရေနတဲ့ ၀င့္ဝါႏိုင္။အားလုံးေပါင္း ၆၂၀၀၀ ေျခာက္ေသာင္း ႏွစ္ေထာင္က်ပ္တိတိ ရသတဲ့။

တစ္ျပားမွ သူ႔ဖို႔မခ်န္ဘူး။အကုန္လုံးလႉမယ္ဆိုတဲ့ ဝိသာခါမေလး။ျပတ္လိုက္တဲ့သဒၶါတရား။ ႀကီးလိုက္တဲ့ေစတနာအဟုန္။ပိုက္ဆံစုဘူးဆိုတာ သံသရာထိယူသြားလို႔မရဘူးကုသိုလ္စုဘူး ကမွ သံသရာထိ ပါတာလို႔ သိမ်ားသိေလေရာ့သလား။

ငယ္သာငယ္တာ အသိႂကြယ္တဲ့၀င့္ဝါႏိုင္။ ဉာဏ္ သိပ္ႀကီးတဲ့၀င့္ဝါႏိုင္။ေကာင္းၿပီးေတာ္မယ့္ အတိဇာတသမီးေလး ျဖစ္ပါေစ။အတၱ ပရ မွ်တဲ့ ဘ၀ကိုေအာင္ျမင္စြာတည္ေဆာက္ ႏိုင္ပါေစ။အသက္ရွည္ပါေစ။ အဆင္းလွပါေစ။ခြန္အားႀကီးပါေစ။ ဉာဏ္ပညာႀကီးပါေစ လို႔ ဆုေတာင္းပါတယ္ ကြယ္။

Unicode

ပရဟိတအသင်းကို စုထားတဲ့စုဘူးလေးကို ဖွင့်ပြီးတစ်ပြားမကျန်လှူဒါန်းလိုက်တဲ့ ၈နှစ်အရွယ်သမီးလေး

ဉာဏ်ကြီးတဲ့၀င့်ဝါနိုင် ၀င့်ဝါနိုင် က နွားထိုးကြီးမြို့ အမှတ် ၁ ရပ်မှာ ချစ်ရတဲ့ သူ့အဖေ အမေတို့နဲ့ အတူနေထိုင်နေတဲ့ ၈ နှစ်သမီးလေး။လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက စပြီး မြေအိုးစုဘူးလေး နဲ့ သူ့မုန့်ဖိုးလေးတွေ စုလာတာ။

ခုဆို ငါးသောင်း ခြောက်သောင်း ရှိရောပေါ့လို့ သူ့မှန်းသတဲ့။ အ၀တ်အစားအသစ်ဆို ၄စုံ ၅စုံ ရနိုင်မှာပေါ့။ ဖိနပ်လေးလည်း ၀ယ်လို့ရနိုင်တာပဲ။မိန်းကလေးမို့ အမွေးပွရုပ်လေးတွေ ကစားစရာ ဘိုမရုပ်လေးတွေ ရောပေါ့။အမေ့ကို ခေါ်ပြီး လိုချင်တာတွေ ဈေးထဲပတ်၀ယ်လိုက်မယ် ဆိုတဲ့အတွေးမျိုးနဲ့ သူစုခဲ့တာ။

၀င့်ဝါနိုင့် စိတ်ထဲမှာ ပရဟိတ ဆိုတဲ့အလုပ် အများအကျိုးပြုခြင်း ဆိုတဲ့အဓိပ္ပာယ်ကိုယ်ချင်းစာတရားရဲ့‌နွေးထွေးမှု တွေကို အရိပ်အမြွက်တော့ နားလည်သလိုလိုရှိနေပြီ။ဘေးက ခြံ၀န်းကြီးထဲမှာ ပရဟိတအဖွဲ့တစ်ခုက ယာယီရုံး ဖွင့်ပြီး လုပ်နေတာ သူမြင်တယ်။

ကြားလည်းကြားတယ်။ နေ့တိုင်း အဖွဲ့သား ဦးဦး ‌တွေ ပျားတွေ ၀တ်ရည်သယ်သလို လူးလာခေါက်တုံ ကူးနေတာ။အမေ သမီးစုဘူးကို ဟိုဘက်က ဦးဦး တို့အဖွဲ့ကို အကုန်လုံး လှူပစ်လိုက်ချင်တယ် လည်းဆိုရော။သူ့စုဘူး သူစုထားတာ သူ့သဘောပေါ့။ လှူချင်သပ ဆို အမေဖြစ်သူက ခေါ်ပေးရုံ။

အလှူခံမယ့် ပရဟိတအဖွဲ့က ဦးဦးတွေ ရောက်တော့ မြေအိုးစုဘူး အကွဲလေးဘေးမှာ ပိုက်ဆံ အခေါက်လေးတွေ ဖြည်ပြီး ရေနေတဲ့ ၀င့်ဝါနိုင်။အားလုံးပေါင်း ၆၂၀၀၀ ခြောက်သောင်း နှစ်ထောင်ကျပ်တိတိ ရသတဲ့။

တစ်ပြားမှ သူ့ဖို့မချန်ဘူး။အကုန်လုံးလှူမယ်ဆိုတဲ့ ဝိသာခါမလေး။ပြတ်လိုက်တဲ့သဒ္ဓါတရား။ ကြီးလိုက်တဲ့စေတနာအဟုန်။ပိုက်ဆံစုဘူးဆိုတာ သံသရာထိယူသွားလို့မရဘူးကုသိုလ်စုဘူး ကမှ သံသရာထိ ပါတာလို့ သိများသိလေရော့သလား။

ငယ်သာငယ်တာ အသိကြွယ်တဲ့၀င့်ဝါနိုင်။ ဉာဏ် သိပ်ကြီးတဲ့၀င့်ဝါနိုင်။ကောင်းပြီးတော်မယ့် အတိဇာတသမီးလေး ဖြစ်ပါစေ။အတ္တ ပရ မျှတဲ့ ဘ၀ကိုအောင်မြင်စွာတည်ဆောက် နိုင်ပါစေ။အသက်ရှည်ပါစေ။ အဆင်းလှပါစေ။ခွန်အားကြီးပါစေ။ ဉာဏ်ပညာကြီးပါစေ လို့ ဆုတောင်းပါတယ် ကွယ်။