ယမန်နှစ်တုန်းက ဘရားဇီးလ်နိုင်ငံသား Arthur O Urso ရဲ့အကြောင်းဟာ လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားခဲ့ဖူးပါတယ်။ သူဟာ သူ့ရဲ့ အတူနေချစ်သူ အားလုံးနဲ့ ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ တကယ်က Urso ဟာ ယခင်ကတည်းက Luana Kazaki နဲ့ လက်ထပ်ထားပြီးသားပါ။
ဘရားဇီးမှာ မယားပြိုင်လင်ပြိုင်စနစ်ဟာ တရားဝင် ခွင့်ပြုထားခြင်းမရှိတဲ့အတွက် သူတို့ ထိမ်းမြားမှုဟာ ဥပဒေအရ တရားမဝင်ဘူးလို့ ဆိုရပါမယ်။ မည်သို့ပင်ဆိုစေကာမူ အဲဒီအရပ် အဲဒီဒေသမှာတော့ ဒီမင်္ဂလာပွဲကို အားလုံး အသိအမှတ် ပြုခဲ့ကြပါတယ်။

အခုတော့ Agatha အမည်ရ ဇနီးဖြစ်သူက သူ့ကို ကွာရှင်းလိုက်ပါပြီ။ အကြောင်းကတော့ Urso ဟာ အားလုံးထဲမှာ သူမကို မျက်နှာသာ သိပ်မပေးသလို၊ ဂရုစိုက်မှုကလည်း မရှိသလောက် နည်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Urso အတွက်ကတော့ ဒါဟာ သစ်စိမ်းချိုး ချိုးခံရတာဆိုပြီး၊ ကြေကွဲနေပါတယ်။
သူက ” သူမသဘောနဲ့သူမ ထားသွားခဲ့တာပါ … တကယ်က သူမတစ်ယောက်တည်း ကျွန်တော့်ကို အလုံးစုံ ပိုင်ချင်တာပါ … ဒါကတော့ မဖြစ်နိုင်ဘူးလေ … ကျွန်တော်တို့ အချစ်ကို အတူတူ မျှဝေရမှာမဟုတ်လား “လို့ ပြောခဲ့ပါတယ်။ သူက ဆက်လက်ပြီး-
” ကျွန်တော် ခွဲလိုက်ရလို့ အတော် စိတ်မကောင်းဖြစ်ရပါတယ် … သူမရဲ့ အကြောင်းပြချက်ကို ကြားရတော့ ပိုဆိုးတာပေါ့ … တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးချင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အရာပဲလေ “လို့ ဆိုပါသေးတယ်။

သူက “ကျန်တဲ့ဇနီးတွေက သူမရဲ့ လုပ်ရပ် မှားနေပြီလို့ ထောက်ပြခဲ့ပါတယ် … သူမက အိမ်ထောင်ရေးကို စွန့်စားဖို့သက်သက် ရွေးခဲ့တာ … ခံစားမှု မပါခဲ့ဘူး … “လို့ ပြောခဲ့ပါတယ်။ သူဟာ အုန်းလီးဖန်အကောင့်ကနေ တစ်လ ပေါင်(၆၀၀၀၀)လောက် ဝင်ငွေရှိတယ်လို့ သိရပြီး၊ မကာမီ မိန်းမနှစ်ယောက် ထပ်ပြီး ယူမှာပါတဲ့။
ဘာသာပြန် – လင်းဇော်ကို
ကိုးကား – LadBible



