ၾကားသိရသမွ်

လျှပ်စစ် ရုံးစာရေးမတစ်ဦး မီတာလာဆောင်တဲ့ ပြည်သူတစ်ဦးအား ရိုင်းပြစွာပြောဆို

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က EPC ရုံးမှာ မီတာလာဆောင်တဲ့ ပြည်သူတဦးက ကျသင့်ငွေထက်ပိုများနေတာကြောင့် ရှင်းပြရန် မေးမြန်းစဉ်၊ ရုံးဝန်ထမ်းအမျိုးသမီး တဦးကရိုင်းစိုင်းစွာဆဲဆိုထားတဲ့ Video File တခု မနေ့က Facebook လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။

မီတာခတောင်းခဲ့တဲ့ ဖြတ်ပိုင်းလွှာကို ပေးတဲ့လရှိသလို မပေးတဲ့လတွေလည်းရှိပြီး၊ မီတာခမဆောင်လို့ ရပ်ကွက်ကို မီးဖြတ်လိုက်တာကြောင့် မီတာခသွားဆောင်စဉ် ကျသင့်ငွေထက် ပိုများနေတာကြောင့် ရှင်းပြဖို့ မေးမြန်းစဉ် အခုလို ရိုင်းပြစွာ ပြောဆိုခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မီတာခမဆောင်လို့ဆိုပြီး ရပ်ကွက်တွေထဲ မီး‌လိုက်ဖြတ်တယ်။ အလုပ်လေးလဲရှိတာနဲ့ မဖြစ်သေးပါဘူးဆိုပြီး သွားဆောင်တော့ မတန်တဆတောင်းတယ်။ ဆောင်ခဲ့ဖူးတဲ့ လတွေပါ ထပ်ဆောင်ခိုင်းတယ်။ မီတာစာရွက်လာပေးလားဆိုတော့လဲ ပေးတဲ့လ ပေးတယ် မပေးတဲ့လ မပေးဘူး။

ဘယ်လိုရှင်းပေးမှာလဲ မေးတော့ Vedio ရိုက်လို့ဆိုပြီး ရိုင်းချက် မျက်မြင်သာ ကြည့်ကြပါဗျာ။ စစ်အာဏာရှင်ခေတ်အခါဆိုတော့ လုပ်ချင်သလိုလုပ် ရိုင်းချင်သလိုရိုင်းမယ်ဆိုတဲ့ သဘောလား” လို့ ပြည်သူတဦးက ပြောပါတယ်။

အဲဒီလို ပြည်သူလူထုကိုရိုင်းပြစွာပြောဆို ဆက်ဆံခဲ့သူမှာ မင်းလှမြို့နယ် EPC ရုံး စာရေးမ ဒေါ်ဝေမာလွင်ဆိုသူဖြစ်ပြီး၊ အခုလို ပြည်သူလူထုအပေါ် ရိုင်းပြစွာဆက်ဆံပြောဆိုတဲ့ EPC ဝန်ထမ်းမျိုးကို

မင်းလှမြို့နယ်အတွင်း နအဖစစ်အစိုးရ လက်ထက်ကပင် မကြုံတွေ့ခဲ့ဖူးကြောင်းနဲ့ စစ်အာသိမ်းပြီးလပိုင်းအတွင်း ပြည်သူလူထုကို ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူလူထုက လက်မခံကြောင်း ပြောဆိုနေကြပါတယ်။

Video File အား သက်ဆိုင်သူများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူဖေါ်ပြသည်။

မြေလတ်အသံ

—————————————–

မင္းလွလ်ွပ္​စစ္​ဌာနမွ ႐ုံးစာေရးမတစ္​ဦး မီတာလာေဆာင္တဲ့ ျပည္သူတစ္​ဦးအား ရိုင္းျပစြာေျပာဆို

ပဲခူးတိုင္းေဒသႀကီး၊ သာယာ၀တီခရိုင္၊ မင္းလွၿမိဳ့နယ္က EPC ႐ုံးမွာ မီတာလာေဆာင္တဲ့ ျပည္သူတဦးက က်သင့္ေငြထက္ပိုမ်ားေနတာေၾကာင့္ ရွင္းျပရန္ ေမးျမန္းစဥ္၊ ႐ုံး၀န္ထမ္းအမ်ိဳးသမီး တဦးကရိုင္းစိုင္းစြာဆဲဆိုထားတဲ့ Video File တခု မေန႔က Facebook လူမွုကြန္ရက္စာမ်က္ႏွာမွာ ထြက္ေပၚလာခဲ့ပါတယ္။

မီတာခေတာင္းခဲ့တဲ့ ျဖတ္ပိုင္းလႊာကို ေပးတဲ့လရွိသလို မေပးတဲ့လေတြလည္းရွိၿပီး၊ မီတာခမေဆာင္လို့ ရပ္ကြက္ကို မီးျဖတ္လိုက္တာေၾကာင့္ မီတာခသြားေဆာင္စဥ္ က်သင့္ေငြထက္ ပိုမ်ားေနတာေၾကာင့္ ရွင္းျပဖို့ ေမးျမန္းစဥ္ အခုလို ရိုင္းျပစြာ ေျပာဆိုခဲ့တာျဖစ္တယ္လို့ ေဒသခံေတြက ေျပာပါတယ္။

“မီတာခမေဆာင္လို့ဆိုၿပီး ရပ္ကြက္ေတြထဲ မီး‌လိုက္ျဖတ္တယ္။ အလုပ္ေလးလဲရွိတာနဲ႔ မျဖစ္ေသးပါဘူးဆိုၿပီး သြားေဆာင္ေတာ့ မတန္တဆေတာင္းတယ္။ ေဆာင္ခဲ့ဖူးတဲ့ လေတြပါ ထပ္ေဆာင္ခိုင္းတယ္။ မီတာစာရြက္လာေပးလားဆိုေတာ့လဲ ေပးတဲ့လ ေပးတယ္ မေပးတဲ့လ မေပးဘူး။

ဘယ္လိုရွင္းေပးမွာလဲ ေမးေတာ့ Vedio ရိုက္လို့ဆိုၿပီး ရိုင္းခ်က္ မ်က္ျမင္သာ ၾကည့္ၾကပါဗ်ာ။ စစ္အာဏာရွင္ေခတ္အခါဆိုေတာ့ လုပ္ခ်င္သလိုလုပ္ ရိုင္းခ်င္သလိုရိုင္းမယ္ဆိုတဲ့ သေဘာလား” လို့ ျပည္သူတဦးက ေျပာပါတယ္။

အဲဒီလို ျပည္သူလူထုကိုရိုင္းျပစြာေျပာဆို ဆက္ဆံခဲ့သူမွာ မင္းလွၿမိဳ့နယ္ EPC ႐ုံး စာေရးမ ေဒၚေဝမာလြင္ဆိုသူျဖစ္ၿပီး၊ အခုလို ျပည္သူလူထုအေပၚ ရိုင္းျပစြာဆက္ဆံေျပာဆိုတဲ့ EPC ဝန္ထမ္းမ်ိဳးကို

မင္းလွၿမိဳ့နယ္အတြင္း နအဖစစ္အစိုးရ လက္ထက္ကပင္ မၾကဳံေတြ႕ခဲ့ဖူးေၾကာင္းနဲ႔ စစ္အာသိမ္းၿပီးလပိုင္းအတြင္း ျပည္သူလူထုကို ရိုင္းျပစြာေျပာဆိုဆက္ဆံခဲ့တာနဲ႔ ပတ္သက္လို့ ေဒသခံျပည္သူလူထုက လက္မခံေၾကာင္း ေျပာဆိုေနၾကပါတယ္။

Video File အား သက္ဆိုင္သူမ်ား၏ ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ကူးယူေဖၚျပသည္။

​ေျမလတ္​အသံ