မြန်မာ့ရွှေဈေးသမိုင်းမှာ စံချိန်တင်အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ ရွှေဈေးဖြစ်ပေါ်နေရတဲ့ အကြောင်းရင်း
ဖေဖော်ဝါရီလပထမပတ်ကစလို့ အခေါက်ရွှေတစ်ကျပ်သား ၁၄ သိန်း၂ သောင်းနဲ့ တရိပ်ရိပ်တက်လာတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ မေလမှာ ၁၅သိန်း ၉သောင်းကျော်ဖြစ်ခဲ့ပါတယ်။
သြဂုတ် ၁၆ရက်မှာ ပြည်တွင်းအခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားကို ကျပ် ၁၇ သိန်းခန့်အထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် နောက်ရက်မှာ တစ်ကျပ်သားကို ကျပ် ၁၆ သိန်း ၅ သောင်းကို ပြန်လည်ကျဆင်းခဲ့ပါသေးတယ်။
အဲဒီနောက် တရိပ်ရိပ် ပြန်တက်လာပြီး အခု စက်တင်ဘာ ၄ရက် ပြည်တွင်းရွှေဈေးနှုန်းဟာ ဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၁,၇၇၈,၀၀၀ ကျော် အထိ ဈေးကွက်ပေါက်ဈေးရှိပါတယ်။
ဒါဟာ အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်း နားကပ်လာလို့မြန်မာ့ရွှေဈေးသမိုင်းမှာအမြင့်ဆုံးမှတ်တမ်းဝင်တဲ့ဈေးလည်းဖြစ်ပါတယ်။ရွှေလုပ်ငန်းရှင်အချို့ကတော့နောက်ရက်မှာ ကျရိပ်ရှိနိုင်တယ်လို့ ခန့်မှန်းပေမယ့်
အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်နေတဲ့အတွက် ပြောရခက်တဲ့ အခြေအနေလို့ ဆိုပါတယ်။ပြည်တွင်းရွှေဈေးနှုန်း တရိပ်ရိပ်စေတဲ့ အချက်တွေကတော့ ပြည်တွင်းရွှေဈေးနှုန်း ဟာ ဒေါ်လာငွေဈေးနဲ့ ကမ္ဘာ့ရွှေဈေးအပေါ်မှာ အဓိကမှီတည်ပြီး ပြည်တွင်းငွေတန်ဖိုး ကျဆင်းတဲ့အခါ
ရွှေမှာ ရင်းနှီးမြုပ်နှံမှုပိုလုပ်တာနဲ့လက်ရှိဈေးကွက်ထဲကိုရွှေအဝင်နည်းမှုတွေကလည်း ရွှေဈေးမြင့်တက်စေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။ ၇ လအတွင်း မြန်မာငွေတန်ဖိုးကျပြီးအမေရိကန်ဒေါ်လာငွေတန်ဖိုးတရိပ်ရိပ်မြင့်တက်ခဲ့တာဟာ ပြည်တွင်းရွှေဈေးတက်စေတဲ့ အဓိကအချက်လို့ပြောကြပါတယ်။
စက်တင်ဘာပထမပတ်မှာတော့ဗဟိုဘဏ်ရဲ့ဒေါ်လာရည်ညွှန်းငွေလဲလှယ်နှုန်းသတ်မှတ်ဈေးမှာတင်တစ်ဒေါ်လာငွေလဲနှုန်းဟာ ၁၇၀၇ ကျပ် ရှိနေပြီး
ပြင်ပဈေးကွက်မှာတစ်ဒေါ်လာပေါက်ဈေးဟာကျပ် ၁၈၀၀ ဝန်းကျင်အထိဈေးပေါက်နေတာပါ။ဒီလိုဒေါ်လာငွေလဲနှုန်းမြင့်တက်လာတာကြောင့်ပြည်တွင်းငွေထက် ခိုင်မာတဲ့ရွှေဈေးကွက်မှာပိုပြီးရင်းနှီးမြှုပ်နှံလာကြပါတယ်။
အဲဒီအခါဝယ်လိုအားများပြီးရွှေဈေးမြင့်တက်ပါတယ်။ကမ္ဘာ့ရွှေဈေးကိုကြည့်ရင်လည်း စက်တင်ဘာ ၄ ရက်မှာ ၁ အောင်စ ကို ၁၈၂၇ ဒေါ်လာ ဈေးပေါက်ပြီး ဒါဟာပြီးခဲ့တဲ့ရက်တွေနဲ့နှိုင်းယှဉ်ရင်ဒေါ်လာ ၂၀ ခန့်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
အခုလိုရွှေဈေးနှုန်းမြင့်တက်တာများပြီးမတည်မငြိမ်ဖြစ်တာကဗဟိုဘဏ်က စက်တင်ဘာ ၃ရက်မှာထပ်မံထုတ်ပြန်လိုက်တဲ့ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့ဘဏ်ငွေစာရင်းတွေထဲကို နိုင်ငံခြားသုံးငွေဝင်လာတာနဲ့ရတဲ့ငွေထဲကမသုံးဘဲကျန်တဲ့ပို့ကုန်ရငွေတွေကို သက်ဆိုင်ရာနိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဘဏ်မှာဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချဖို့ ဆိုတာကြောင့်လည်း ပါပါတယ်။
ပုံမှန်မိုးကာလမှာရွှေထွက်နည်းလို့ ဈေးကွက်ထဲရွှေဝင်နည်းတာရှိပါတယ်။ဒါပေမယ့်အခုတော့ ရွှေထွက်တဲ့နေရာတွေမှာတိုက်ပွဲတွေရှိနေတာ။နောက်အာဏာသိမ်းပြီးတဲ့နောက် လမ်းခရီးမှာ အစစ်အဆေးတွေတင်းကြပ်တာနဲ့ ကိုဗစ်ကြောင့်ရွှေချွတ်တဲ့လုပ်ငန်းတွေပိတ်ထားကြတာက ဈေးကွက်ထဲမှာရွှေအရနည်းပါး ရွှေဈေးတက်စေတဲ့အချက်ဖြစ်နေပြန်ပါတယ်။
အဓိက အကြောင်းအချက်မျိုးစုံနဲ့ ရွှေဈေးကွက်ကိုရွှေဝင်ရောက်တာနည်းနေတယ်။ကိုဗစ်ကာလမှာ ကျန်းမာရေးအရရွှေချွတ်ခန်းတွေက အလုပ်နားထားရတဲ့အခြေအနေရှိတယ်။အဲဒီတော့ရွှေက ဈေးကွက်ထဲ နည်းတော့ ဈေးတက်စေတာလည်းပါတယ်” လို့ နှစ် ၃၀ ကျော် ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကဆိုပါတယ်။
Source:BBC