နေကြာဇာတ်လမ်းက ယခုမှအစပြုတယ်။ ဒီလိုကာလမှာ ဘုရားဖူးခရီးသွားဆိုတာ
လူသားမှန်လျှင် မည်သူမျှမပြုဘူး။ ဒီလိုပဲ ပြည်သူတွေမပြုလုပ်ကြဘူး။
ချွင်းချက်အနေနဲ့ နားနှစ်ဖက်ပိတ် မျက်လုံးနှစ်ဖက်မမြင်တဲ့ ဒုက္ခိတမသန်မစွမ်း (မသန်စွမ်းမဟုတ်) တွေတော့ အနည်းအကျဉ်းမျှ ပါလျှင်ပါဝင်နိုင်တယ်။
ဘုရားပေါ်မှာ လူတွေပြည့်နှက် နိုင်ငံသာယာနေပြီဆိုတဲ့ဂျင်း ဖေဖော်ဝါရီလတည်းကနေ့စားငှားရမ်းပြုလုပ်ခဲ့ကြတယ်။
နေရွှေသွေးအောင်ကိုယ်တိုင် ကိုယ်ရောင်ပြ ဘုရားတက်ရေသပ္ပါယ်လုပ်ပြတယ်။
ဒီအတွက်မထူးဆန်းဘူး။ ထူးဆန်းတာက သိလျှက်နဲ့ ဒီဘုရားဖူးတွေကို ပြည်သူတွေပါပဲဆိုပြီး ဇွတ်အတင်းဗီလိမ်သွင်းပြီး တောထဲက PDF တွေ စိတ်ဓာတ်အခံ
ပျက်ပြားအောင် မှိုင်းတိုက်လာတာပဲ။
မြို့ပေါ်တွေမှာ တကယ်သာယာနေသယောင်, လူငယ်တွေတောခိုဝင်ရောက်ရတာ မှားယွင်းသယောင် အရေးအသား အပြောအဆို ကာတွန်းချက်တွေ ဆက်တိုက်ဝင်
လာတယ်။
အဖြူ အနီ အစိမ်း အဝါ အားလုံးရှယ်တယ်။ မျှဝေတယ်။ ပြန်ရေးတယ်။
ဒီမှိုင်း မရိုင်းပေမယ့် ပေါက်တယ်။
မျက်စိတဆုံးကြည့်စရာမလို မျက်တောင်တဆုံးပဲကြည့်လျှင်အဖြေပေါ်တဲ့အရာ ဘာကြောင့်မကြည့်သလဲ။
အောက်ကိုငုံ့ကြည့်နေကြလို့ပဲ။ ဘယ်မော်ဒယ်, ဘယ် HD, ဘယ်မေထုံမက ပိုလှသလဲပဲ စိတ်ဝင်စားကြတယ်။
နိုင်ငံရေးစိတ်ဝင်စား, နိုင်ငံရေးသတင်းစိတ်ဝင်စားတယ်ဆိုတာ ဟန်ပြသာလုပ်ကြတယ်။
မိမိပတ်ဝန်းကျင်မှာ အနေချောင်လည်ဖို့မျှသာယောင်ဝါးစိတ်ဝင်စားပြတယ်။တဖက်ဖက်ကို မှီကပ်ပြရုံသာပဲ။
တကယ်စိတ်ဝင်စားသူ ၂၀% အောက်မှာပဲရှိတယ်။ ဒီလိုလူတွေရဲ့လက်သုံးစကားက မြန်မြန်ပြီးချင်ပြီဆိုတာပဲ။
ဒါကြောင့်ဟိုလူ့ Blame လည်းယုံတယ်။ ဒီလူ့ဖောင်းနေလည်း ယုံကြတာပဲ။ သူတို့သိတယ်ဆိုတယ သူတို့ပတ်ဝန်းကျင်မျှပဲ။
အတ္တဖုံးလွှမ်းသွားကြတယ်။ ဒါကြောင့်လည်း ရှိသမျှဆိုက်ဝါးကိုယုံတယ်။ သတင်းမှန်လျှင်စိတ်မဝင်စားဘူး။ သူတို့နဲ့မှမဆိုင်ပဲကိုး။
ဒီလိုနဲ့ပဲ တဖက်က အဆက်မပြတ် ဆိုက်ဝါးထည့်တယ်။ ပြောခဲ့သလိုပဲ။
ဆိုက်ဝါးဆိုတာ အင်မတန်သိမ်မွေ့တယ်။ ဉာဏ်မျက်လုံးကမ်းလျှင် ကြည့်လို့မမြင်ဘူး။ သတိထားကြပါ။ ဆိုက်ဝါးကာလဖြစ်တယ်။ ဘာကြောင့်ဆိုတော့ သူတို့ရှုံးနေပြီ
ကြောင့်ပဲ။
BK
zawgyi
ေနၾကာဇာတ္လမ္းက ယခုမွအစျပဳတယ္။ ဒီလိုကာလမွာ ဘုရားဖူးခရီးသြားဆိုတာ
လူသားမွန္လွ်င္ မည္သူမွ်မျပဳဘူး။ ဒီလိုပဲ ျပည္သူေတြမျပဳလုပ္ၾကဘူး။
ခြၽင္းခ်က္အေနနဲ႔ နားႏွစ္ဖက္ပိတ္ မ်က္လုံးႏွစ္ဖက္မျမင္တဲ့ ဒုကၡိတမသန္မစြမ္း (မသန္စြမ္းမဟုတ္) ေတြေတာ့ အနည္းအက်ဥ္းမွ် ပါလွ်င္ပါဝင္ႏိုင္တယ္။
ဘုရားေပၚမွာ လူေတြျပည့္ႏွက္ ႏိုင္ငံသာယာေနၿပီဆိုတဲ့ဂ်င္း ေဖေဖာ္ဝါရီလတည္းကေန႔စားငွားရမ္းျပဳလုပ္ခဲ့ၾကတယ္။
ေနေ႐ႊေသြးေအာင္ကိုယ္တိုင္ ကိုယ္ေရာင္ျပ ဘုရားတက္ေရသပၸါယ္လုပ္ျပတယ္။
ဒီအတြက္မထူးဆန္းဘူး။ ထူးဆန္းတာက သိလွ်က္နဲ႔ ဒီဘုရားဖူးေတြကို ျပည္သူေတြပါပဲဆိုၿပီး ဇြတ္အတင္းဗီလိမ္သြင္းၿပီး ေတာထဲက PDF ေတြ စိတ္ဓာတ္အခံ
ပ်က္ျပားေအာင္ မႈိင္းတိုက္လာတာပဲ။
ၿမိဳ႕ေပၚေတြမွာ တကယ္သာယာေနသေယာင္, လူငယ္ေတြေတာခိုဝင္ေရာက္ရတာ မွားယြင္းသေယာင္ အေရးအသား အေျပာအဆို ကာတြန္းခ်က္ေတြ ဆ
က္တိုက္ဝင္လာတယ္။
အျဖဴ အနီ အစိမ္း အဝါ အားလုံးရွယ္တယ္။ မွ်ေဝတယ္။ ျပန္ေရးတယ္။
ဒီမႈိင္း မ႐ိုင္းေပမယ့္ ေပါက္တယ္။
မ်က္စိတဆုံးၾကည့္စရာမလို မ်က္ေတာင္တဆုံးပဲၾကည့္လွ်င္အေျဖေပၚတဲ့အရာ ဘာေၾကာင့္မၾကည့္သလဲ။
ေအာက္ကိုငုံ႔ၾကည့္ေနၾကလို႔ပဲ။ ဘယ္ေမာ္ဒယ္, ဘယ္ HD, ဘယ္ေမထုံမက ပိုလွသလဲပဲ စိတ္ဝင္စားၾကတယ္။
ႏိုင္ငံေရးစိတ္ဝင္စား, ႏိုင္ငံေရးသတင္းစိတ္ဝင္စားတယ္ဆိုတာ ဟန္ျပသာလုပ္ၾကတယ္။
မိမိပတ္ဝန္းက်င္မွာ အေနေခ်ာင္လည္ဖို႔မွ်သာေယာင္ဝါးစိတ္ဝင္စားျပတယ္။တဖက္ဖက္ကို မွီကပ္ျပ႐ုံသာပဲ။
တကယ္စိတ္ဝင္စားသူ ၂၀% ေအာက္မွာပဲရွိတယ္။ ဒီလိုလူေတြရဲ႕လက္သုံးစကားက ျမန္ျမန္ၿပီးခ်င္ၿပီဆိုတာပဲ။
ဒါေၾကာင့္ဟိုလူ႔ Blame လည္းယုံတယ္။ ဒီလူ႔ေဖာင္းေနလည္း ယုံၾကတာပဲ။ သူတို႔သိတယ္ဆိုတယ သူတို႔ပတ္ဝန္းက်င္မွ်ပဲ။
အတၱဖုံးလႊမ္းသြားၾကတယ္။ ဒါေၾကာင့္လည္း ရွိသမွ်ဆိုက္ဝါးကိုယုံတယ္။ သတင္းမွန္လွ်င္စိတ္မဝင္စားဘူး။ သူတို႔နဲ႔မွမဆိုင္ပဲကိုး။
ဒီလိုနဲ႔ပဲ တဖက္က အဆက္မျပတ္ ဆိုက္ဝါးထည့္တယ္။ ေျပာခဲ့သလိုပဲ။
ဆိုက္ဝါးဆိုတာ အင္မတန္သိမ္ေမြ႕တယ္။ ဉာဏ္မ်က္လုံးကမ္းလွ်င္ ၾကည့္လို႔မျမင္ဘူး။ သတိထားၾကပါ။ ဆိုက္ဝါးကာလျဖစ္တယ္။ ဘာေၾကာင့္ဆိုေတာ့ သူ
တို႔ရႈံးေနၿပီေၾကာင့္ပဲ။
BK