အစပ်စားခြင်းက လူများစွာရဲ့ ဝါသနာဖြစ်ပေမဲ့ အစပ်စားတာဟာ လူတိုင်းလိုလို မစားနိုင်ပါဘူး ။ နောက်ပြီး အစပ်အရမ်း
စားရင်လည်း အစာအိမ်နဲ့ လူ့ကျန်းမာရေးကို အလွယ်တကူထိခိုက်စေနိုင်ပါတယ်
Shanghaiist မှ သတင်းအချက်အလက်များအရ Hen Li ပြည်နယ် Zhengzhou မြို့တွင် နေထိုင်တဲ့ မစ္စတာ Li
Yongzhi ဟာ ငရုတ်သီးစွဲခြင်းကို ထူးဆန်းတဲ့ ဝါသနာတစ်ခုကြောင့် ကျော်ကြားလာခဲ့ပါတယ်
လူများက မစ္စတာ Li Yongzhi ကို“ ငရုတ်သီးဘုရင်” လို့ နာမည်ပြောင်ဖြင့် ခေါ်လေ့ရှိပါတယ် ။ သူက ငရုတ်သီးကို
ထမင်းစားသလိုပင် အားရပါးရကို စားပြီး လူများစွာက သူ့ရဲ့ အစာအိမ်နဲ့ ကျန်းမာရေးကို စိတ်ပူကြပါတယ်
အဆိုပါ “Spicy King” ဟာ တစ်နေ့လျှင် ငရုတ် ၅ အောင်စကို စားပြီး ဖရဲသီးအစေ့ကဲ့သို့ ငရုတ်သီးကို စုပ်လိုက်ပါတာ် ။
မစ္စတာ Li က ငရုတ်သီးစားရတာဝါသနာပါတာကိုသိတာကြောင့် သူက ငရုပ်သီး ၈ မျိုးကို သူကိုယ်တိုင်စိုက်ပျိုးခဲ့ပြီး စပါးရိတ်သိမ်းချိန်တိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ ငရုတ်သီးစားပွဲရှိခဲ့ပါတယ်
အစပ်စားပြီး ၉ နှစ်အကြာမှာ မစ္စတာ Li က တစ်နေ့လျှင် ငရုတ် ၅ အောင်စကို စားပြီး ရေအနည်းငယ်သာသောက်
လိုက်ရာ နောက်ဆုံးတွင် Liရဲ့ အစာအိမ်က ပြသနာဖြစ်လာခဲ့ပါတယ်
အဲဒီမတိုင်ခင်က သူကဆရာဝန်ဆီသွားပြီး ဆရာဝန်က တိကျတဲ့သတိပေးချက်မပေးခဲ့ပါဘူး ။ ဒါပေမယ့် အခုသူ့ကိုယ်သူတဖြည်းဖြည်း သူ့ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပေမယ့် ငရုတ်သီးစားတာကို မရှောင်ခဲ့ပါ
သူ့ရဲ့ အစာအိမ်က ပြင်းထန်စွာနာကျင်လေ့ရှိပြီး ပြင်းထန်တဲ့ နာကျင်မှုကြောင့် ဆရာဝန်များနဲ့မိသားစုများက မစ္စတာLi
ဟာ သူ့ခန္ဓာကိုယ်ဖိအားကို သက်သာစေရန် နေ့စဉ်စားနေတဲ့ ငရုတ်သီးပမာဏကို လျှော့ချရန် ဖျောင်းဖျခဲ့ပါတယ်
ငရုတ်သီးက မီးဖိုချောင်မှာ ရင်းနှီးတဲ့ အမွှေးအကြိုင်ဖြစ်သော်လည်း ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေသောကြောင့် အမြောက်အများမစားသင့်ပါ
ငရုတ်သီးကို အသင့်အတင့်စားသုံးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာအဖြစ်အပျက်များကို ကာကွယ်ခြင်း၊ နာကျင်မှုလျော့ကျခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစတဲ့ ရေရှည်အကျိုးကျေးဇူးများရနိုင်ပါတယ်
Crd