ၾကားသိရသမွ်

ဗိုလ်နဂါးအဖွဲ့ အစည်းအဝေးပြုလုပ်စဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ဝိုင်းထားကာ

ဗိုလ္နဂါးအဖြဲ႕ အစည္းအေဝးျပဳလုပ္စဥ္ စစ္ေကာင္စီတပ္က ရဟတ္ယာဥ္ ၄ စီးျဖင့္ ဝိုင္းသတ္ဖို႔ ျပဳလုပ္

RNA_ဇန္နဝါရီ ၁၀ ရက္၊ ၂၀၂၂ ခုႏွစ္။

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ဦးေႏွာက္ေက်း႐ြာတြင္ ဗိုလ္နဂါးအဖြဲ႕ အစည္းအေဝးျပဳလုပ္ေနစဥ္ ယေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္ဝန္းက်င္က စစ္ေကာင္စီတပ္က စစ္ရဟတ္ယာဥ္ ၄ စီးျဖင့္ တပ္သားမ်ားခ်ကာ ႐ြာကိုဝိုင္းထားၿပီး ဗိုလ္နဂါးအဖြဲ႕ကို တိုက္ခိုက္သတ္ျဖတ္ဖို႔ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

” ဦးေႏွာက္ေက်း႐ြာအေပၚကေန ရဟတ္ယာဥ္ ေလးစီး ဝဲၿပီး တပ္သားေတြခ်တာ ဗိုလ္နဂါးအဖြဲ႕အစည္းအေဝးလုပ္တာ ေပါက္သြားတယ္၊ ဒလန္သတင္းေပးတာေပါ့၊

အဲဒါလဲၾကား စခေတြကို ေလယာဥ္နဲ႔ ခ်ေတာ့ အျခား PDF ေတြက ဒီေကာင္ေတြကို ခ်ဖို႔ျပင္ၾကတာ အခုက ဗိုလ္နဂါးတို႔က လြတ္သြားၿပီ အဝိုင္းခံရတာကေန ထြက္ႏိုင္သြားၿပီ ဘာဆက္ျဖစ္မလဲေတာ့ မသိေသးဘူး နာရီဝက္ေလာက္ပဲ ရွိေသးတယ္ ျဖစ္သြားတာ ” ဟု ပုလဲၿမိဳ႕ ေဒသခံ တဦးက ေျပာသည္။

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ပုလဲၿမိဳ႕နယ္အေျခစိုက္ ဗိုလ္နဂါးအဖြဲသည့္ အင္အားႀကီးမားလာၿပီး စစ္ေကာင္စီတပ္အထိနာေအာင္ လုပ္ေနသည့္အဖြဲ႕ျဖစ္ေၾကာင္း၊ စစ္ကိုင္းတိုင္းအတြင္းရွိ PDF မ်ားသည္ စစ္ေကာင္စီတပ္ကို အထိနာေအာင္ ျပဳလုပ္ေနသည့္အတြက္ စစ္ေကာင္စီက အၿငိဳးအေတးထားကာ ေလေၾကာင္းျဖင့္ ပစ္ခတ္မႈမ်ားစြာျပဳလုပ္ၿပီး ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ားမီးရႈိ႕ခံရသလို အသတ္ခံရသည့္ ျပည္သူမ်ားရွိေၾကာင္း သိရသည္။

#RedNewsAgency

ဗိုလ်နဂါးအဖွဲ့ အစည်းအဝေးပြုလုပ်စဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ဝိုင်းသတ်ဖို့ ပြုလုပ်

RNA_ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာတွင် ဗိုလ်နဂါးအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၄ စီးဖြင့် တပ်သားများချကာ ရွာကိုဝိုင်းထားပြီး ဗိုလ်နဂါးအဖွဲ့ကို တိုက်ခိုက်သတ်ဖြတ်ဖို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ဦးနှောက်ကျေးရွာအပေါ်ကနေ ရဟတ်ယာဉ် လေးစီး ဝဲပြီး တပ်သားတွေချတာ ဗိုလ်နဂါးအဖွဲ့အစည်းအဝေးလုပ်တာ ပေါက်သွားတယ်၊ ဒလန်သတင်းပေးတာပေါ့၊

အဲဒါလဲကြား စခတွေကို လေယာဉ်နဲ့ ချတော့ အခြား PDF တွေက ဒီကောင်တွေကို ချဖို့ပြင်ကြတာ အခုက ဗိုလ်နဂါးတို့က လွတ်သွားပြီ အဝိုင်းခံရတာကနေ ထွက်နိုင်သွားပြီ ဘာဆက်ဖြစ်မလဲတော့ မသိသေးဘူး နာရီဝက်လောက်ပဲ ရှိသေးတယ် ဖြစ်သွားတာ ” ဟု ပုလဲမြို့ ဒေသခံ တဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးအဖွဲသည့် အင်အားကြီးမားလာပြီး စစ်ကောင်စီတပ်အထိနာအောင် လုပ်နေသည့်အဖွဲ့ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ PDF များသည် စစ်ကောင်စီတပ်ကို အထိနာအောင် ပြုလုပ်နေသည့်အတွက် စစ်ကောင်စီက အငြိုးအတေးထားကာ လေကြောင်းဖြင့် ပစ်ခတ်မှုများစွာပြုလုပ်ပြီး ဒေသခံပြည်သူများ၏ နေအိမ်များမီးရှို့ခံရသလို အသတ်ခံရသည့် ပြည်သူများရှိကြောင်း သိရသည်။

#RedNewsAgency