ၾကားသိရသမွ်

ဘုရားဆင်းတုကို ထူးထူးဆန်းဆန်း ဆွဲကြိုးနဲ့ဆွဲပေးပြီး ယတြာပြုလုပ်နေတဲ့ မအလ

အုပ်ချုပ်ရေးယန္တရားတည်တံ့စေဖို့ ဘုရားဆင်းတုကို ပလက် တီနမ်ဆွဲကြိုးနဲ့ဆွဲပေးထားပြီး ယတြာပြုလုပ်နေ

အုပ်ချုပ်ရေးယန္တရားတည်တံ့စေရေးအတွက် ဩဂုတ် လ ၂၀ ရက်နေ့က မန္တလေးကနေ ဘုရားဆင်းတု‌တော်တဆူပင့်ဆောင်ကာ ယတြာပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘုရားဆင်းတုကို ရဟတ်ယာဉ်နဲ့ သယ်ယူပင့်ဆောင်လာတာဖြစ်သလို ကုန်းကြောင်းကလည်း စစ်ကားတန်းနဲ့ လာတာလည်းရှိတယ်လို့ တပ်နဲ့ နီးစပ်တဲ့အသိုင်း အဝိုင်းက သိရပါတယ်။

အနက်ရောင်ဘုရားဆင်းတုကို ယတြာအတွက် ပလက် တီနမ်ဆွဲကြိုးမှာ ရွှေကွပ်ထားတဲ့ ကျောက်စိမ်းဆွဲသီးဆွဲပေးထားပြီး အဖြူရောင် ကော်ရည်လို အရာတွေလည်း ရင်လတ်နှင့် မျက်နှာတော်တို့မှာ သုတ်လိမ်းထားတာကို ဓာတ်ပုံအရ သိရပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အာဏာရှင်တွေရဲ့ လုပ်နည်း လုပ်ဟန်တွေအတိုင်း နည်းလမ်းမျိုးစုံသုံးကာ ကြံဆောင်နေကြပါတယ်။

——————




