ၾကားသိရသမွ်

ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

မဇ္ဈိမ

ကိုဗစ် ၁၉ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ လုပ်ငန်းခွင် ပျက်ကွက်ပြီး လူအင်အား မပြည့်စုံတာနဲ့ အလွန်ကူးစက်မြန် ဗိုင်းရပ်ကူးစက်နေတာကြောင့် ဝန်နဲ့အား မမျှဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသန္တရဆေးခန်းတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ဆရာဝန်တွေ မရှိ၊ ဖွင့်လှစ်ထားတဲ့ ကိုဗစ်ကုသရေး စင်တာတွေမှာ ပါဝင်ကူညီပေးမယ့် စေတနာ့ဝန်ထမ်းတွေမရှိတဲ့အတွက် ဆရာဝန်၊ သူနာပြုတွေကို ကန်ထရိုက် စာချုပ်စနစ်နဲ့ အာဏာသိမ်း စစ်ကောင်စီက စတင်ခေါ်ယူနေတာကိုလည်း တွေ့ရပါတယ်။

ကိုဗစ္ထိန္းခ်ဳပ္ကုသေရး မႏိုင္မနင္းျဖစ္ေနလို႔ ေစတနာ့ဝန္ထမ္းေတြ ပူးေပါင္းကူညီဖို႔ စစ္ေကာင္စီ ေမတၱာရပ္ခံ

မဇၩိမ

ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းေတြမွာ မႏိုင္မနင္းျဖစ္ေနလို႔ ေစတနာ့ဝန္ထမ္းေတြအေနနဲ႔ ပူးေပါင္းပါဝင္ ကူညီေပးၾကဖို႔ စစ္ေကာင္စီလက္ေအာက္ခံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဇူလိုင္လ ၁၃ ရက္ေန႔မွာ ေမတၱာရပ္ခံထားပါတယ္။

က်န္းမာေရး ဝန္ထမ္းေတြ လုပ္ငန္းခြင္ ပ်က္ကြက္ၿပီး လူအင္အား မျပည့္စုံတာနဲ႔ အလြန္ကူးစက္ျမန္ ဗိုင္းရပ္ကူးစက္ေနတာေၾကာင့္ ဝန္နဲ႔အား မမွ်ျဖစ္ကာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ကုသေရးအပိုင္းမွာ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ကို ဆန႔္က်င္တဲ့အေနနဲ႔ က်န္းမာေရးဝန္ထမ္း အမ်ားအျပား အၾကမ္းမဖက္အာဏာဖီဆန္ေရး လႈပ္ရွားမႈ CDM ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ေဒသႏၲရေဆးခန္းေတြနဲ႔ ျပည္သူ႔ေဆး႐ုံေတြမွာ ဆရာဝန္ေတြ မရွိ၊ ဖြင့္လွစ္ထားတဲ့ ကိုဗစ္ကုသေရး စင္တာေတြမွာ ပါဝင္ကူညီေပးမယ့္ ေစတနာ့ဝန္ထမ္းေတြမရွိတဲ့အတြက္ ဆရာဝန္၊ သူနာျပဳေတြကို ကန္ထ႐ိုက္ စာခ်ဳပ္စနစ္နဲ႔ အာဏာသိမ္း စစ္ေကာင္စီက စတင္ေခၚယူေနတာကိုလည္း ေတြ႕ရပါတယ္။