မြန်မာနိုင်ငံတွင် အရည်အချင်းရှိပြီး ထူးချွန်လွန်းတဲ့ အားကစားသမားများစွာရှိပါတယ်။ သူတို့ရဲ့ တစ်ဘဝလုံးကိုအားကစားလောကမှာပဲ နှစ်မြှုပ်ရင်း ဖြတ်သန်းကုန်ဆုံးခဲ့ကြတာပါ။
မနေ့ကလည်း မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမားတစ်ဦး ကွယ်လွန်သွားခဲ့တာကြောင့် ပြည်သူတွေအားလုံးက နှမျောတသ ဖြစ်ခဲ့ကြရပါတယ်။ သူကွန်လွန်သွားခဲ့ပုံတွေကို ပြည်သူတစ်ဦးမှ လူမှုကွန်ယက်တွင် အသေးစိတ်ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။
ကစားသမားရဲ့ နာမည်ကတော့ ကိုချစ်ကိုလို့ ခေါ်ပြီး ကိုယ်ပိုင်လေ့ကျင့်ရေးရုံရအောင် ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။ သူကတော့ ဘိလိယက်လေ့ကျင့်ရုံထဲ ကွယ်လွန်သွားတာဖြစ်ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ် လောက်ကတည်းက စဖျားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။
စဖျားတဲ့အချိန်မှာ ကိုယ်အပူချိန်တက်နေတာကြောင့် ဘယ်ဆေးခန်းမှ လက်မခံတဲ့အတွက် အသိဆရာဝန် (Family Doctor)နဲ့ ပြကြည့်တဲ့အခါ ကိုဗစ်ရောဂါမဟုတ်ကြောင်း အဆုတ်ဓာတ်မှန်တွေရိုက်၊ စစ်ဆေးမှုတွေ ပြုလုပ်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
မနေ့က မနက်ပိုင်းတွင် သူအိပ်ပျော်နေတာကို သွားနှိုးတော့မှ ဆုံးသွားမှန်းသိရပြီး ကွယ်လွန်ချ်ိန်မှာ ပါးစပ်မှ အမြှုပ်တွေထွက်နေကြောင်းကိုလည်း ဆရာဝန်ပြောပြချက်အရ သိရှိရပါတယ်။
မနေ့က အစာမှားပြီး Food Poison 80% နဲ့COVID 20% ဖြစ်နိုင်တယ်လို့ ဆရာဝန်မှပြောကြားထားပေမယ့် dead body အတည်ပြုချက်ကတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Dead body သယ်ဖို့အတွက်လည်း ဘယ်ကမှ လာရောက်ခြင်းမရှိတဲ့အတွက် နေပြည်တော်မှ ဆရာမတစ်ယောက်ရဲ့ကူညီမှုဖြင့် ဗဟန်းမြို့နယ်က နာရေးကူညီမှုကားကို အကူအညီလှမ်းတောင်းရတယ်လို့ သိရှိရပါတယ်။
ကိုယ်ပိုင်အခန်းလေးတောင် မရဘဲ ဘိလိယက်ခုံဘေးမှာ ဖြစ်သလိုနေထိုင်ရတဲ့ ကိုချစ်ကိုရဲ့ အိပ်ရာလေးကို မြင်ပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ကိုချစ်ကိုတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader