တောင်ပေါ်ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ ကရုဏာရှင် ဒေါက်တာမလေး A Nyein ကိုတော့ ပရိသတ်တွေ အားလုံး သိကြမှာပါနော်..။
တိုက်ပွဲတွေကြား တစ်ရွာဝင်တစ်ရွာထွက် ပြေးလွှားရှောင်တိမ်းရင်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပြီး အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်ကျိုးစွန့် ကြိုးစားပါဝင်နေတဲ့ ဒေါက်တာမလေး A Nyein ရဲ့ အနစ်နာခံပေးဆပ်မှုတွေကလည်း ပြည်သူတွေကို လေးစားချီးကျူးစေခဲ့ပါတယ်..။
Photo Credit – Original Uploader
Photo Credit – Original Uploader
Photo Credit – Original Uploader
လက်ရှိမှာလည်း စစ်ရှောင်ပြည်သူတွေနဲ့အတူ နေထိုင်နေတဲ့ မီးအိမ်ရှင်ဂရုဏာမလေးဟာ နွေးထွေးတဲ့မေတ္တာတွေအပြည့်နဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ဆေးကုသပေးနေတာ တွေ့ရပါတယ်..။
သူမရဲ့ငြိမ်းဆေးခန်းမှာ ဆေးခန်းလာပြတဲ့ ကလေးငယ်လေးတွေကို ဆေးကုပေးရင်း မုန့်တွေပါဝေကျွေးတဲ့ ပုံရိပ်လေးတွေကလည်း မြင်ရသူအဖို့ ကြည်နူးမှုလေးတွေ ကူးစက်စေပါတယ်..။
Photo Credit – Original Uploader
Photo Credit – Original Uploader
Photo Credit – Original Uploader
Photo Credit – Original Uploader
ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေနဲ့ လူကြီးလူငယ်မရွေး အားလုံးကို လေးစားချစ်ခင်စေတဲ့ A Nyain ကတော့ သူမရဲ့ မွေးနေ့လေးမှာလည်း ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းခဲ့တာတွေကလည်း တကယ်ကို အေးချမ်းပျော်ရွှင်စရာလေးပါပဲ..။
အခုတစ်ခါမှာတော့ ဆေးကုပေးရင်း ပြုံးပျော်နေကြတဲ့ ဒေါက်တာမလေး A Nyein နဲ့ ကလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။
Photo Credit – Original Uploader
Photo Credit – Original Uploader
Photo Credit – Original Uploader