တောင်ကုတ်မြို့နယ်၌ မကြာမီ ရက်ပိုင်းကမွေးဖွားခဲ့သည့်ဆင်အားဆင်ဖြူတော် ဟုတ်/မဟုတ်သစ်တောဌာနကစောင့်ကြည့်နေ
တောင်ကုတ်မြို့နယ်၌ မကြာမီ ရက်ပိုင်းက မွေးဖွားခဲ့တဲ့ ဆင်ငယ်အား ဆင်ဖြူတော် ဟုတ်/မဟုတ်ကို မြို့နယ်သစ်တောဌာနက စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
ထိုဆင်ပေါက်လေးကို ဇူလိုင် ၂၁ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆင်ဖြူတော်အင်္ဂါရပ်နှင့်ကိုက်ညီမညီ စောင့်ကြည့်ရန် တောင်ကုတ်မြို့နယ်
သစ်တောဦးစီးဌာနကိုအကြောင်းကြားခဲ့သည့်အတွက် မြို့နယ်သစ်တောဌာနက ထိန်းသိမ်းထားကြောင်း သိရပါတယ်။
ဆင်အချို့မှာ မွေးဖွားခါစတွင် ဆင်ဖြူကဲ့သို့အရောင်အဆင်းရှိသော်လည်း ရက်ကြာလာသည့်အခါ အရောင်ပြောင်းတတ်သည့်အတွက် ဆင်ဖြူဟုတ်/မဟုတ်ကို
၉ ရက်ခန့်ကြာစောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖြူရောင်ရှိတိုင်း ဆင်ဖြူများမဟုတ်ဘဲ ဆင်ဖြူကြန်အင်လက္ခဏာ (၈)ချက်နှင့်ပြည့်စုံမှသာ ဆင်ဖြူ လို့ သတ်မှတ်လေ့ရှိပါတယ်။
၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလက ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ဆင်ဖြူအထီး ၁ ကောင်၊ ၂၀၀၂ ခုနှစ် ဧပြီလတွင် မောင်တောမြို့နယ်မှ
ဆင်ဖြူမကြီး ၁ ကောင်၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ဆင်ဖြူမငယ်တစ်ကောင်၊ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် ဆင်ဖြူအမ ၁ ကောင်၊ ၂၀၁၀ ပြည့်နှစ်၊
စက်တင်ဘာလတွင် ဆင်ဖြူအမတစ်ကောင်ရရှိခဲ့ဖူးပြီး အဆိုပါ ဆင်ဖြူအားလုံးကို ရန်ကုန်မြို့ မင်းဓမ္မ ဆင်ဖြူတော်ဥယျာဉ်နှင့် နေပြည်တော် ဆင်ဖြူတော်ရတနာဆောင်တို့တွင်
ပြောင်းရွှေ့ထားရှိကြောင်း သိရပါတယ်။
Zawgyi
ေတာင္ကုတ္ၿမိဳ႕နယ္၌ မၾကာမီ ရက္ပိုင္းကေမြးဖြားခဲ့သည့္ဆင္အားဆင္ျဖဴေတာ္ ဟုတ္/မဟုတ္သစ္ေတာဌာနကေစာင့္ၾကည့္ေန
ေတာင္ကုတ္ၿမိဳ႕နယ္၌ မၾကာမီ ရက္ပိုင္းက ေမြးဖြားခဲ့တဲ့ ဆင္ငယ္အား ဆင္ျဖဴေတာ္ ဟုတ္/မဟုတ္ကို ၿမိဳ႕နယ္သစ္ေတာဌာနက ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရပါတယ္။
ထိုဆင္ေပါက္ေလးကို ဇူလိုင္ ၂၁ ရက္တြင္ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး ဆင္ျဖဴေတာ္အဂၤါရပ္ႏွင့္ကိုက္ညီမညီ ေစာင့္ၾကည့္ရန္ ေတာင္ကုတ္ၿမိဳ႕နယ္
သစ္ေတာဦးစီးဌာနကိုအေၾကာင္းၾကားခဲ့သည့္အတြက္ ၿမိဳ႕နယ္သစ္ေတာဌာနက ထိန္းသိမ္းထားေၾကာင္း သိရပါတယ္။
ဆင္အခ်ိဳ႕မွာ ေမြးဖြားခါစတြင္ ဆင္ျဖဴကဲ့သို႔အေရာင္အဆင္းရွိေသာ္လည္း ရက္ၾကာလာသည့္အခါ အေရာင္ေျပာင္းတတ္သည့္အတြက္ ဆင္ျဖဴဟုတ္/မဟုတ္ကို
၉ ရက္ခန႔္ၾကာေစာင့္ၾကည့္ရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
အျဖဴေရာင္ရွိတိုင္း ဆင္ျဖဴမ်ားမဟုတ္ဘဲ ဆင္ျဖဴၾကန္အင္လကၡဏာ (၈)ခ်က္ႏွင့္ျပည့္စုံမွသာ ဆင္ျဖဴ လို႔ သတ္မွတ္ေလ့ရွိပါတယ္။
၂၀၀၀ ျပည့္ႏွစ္၊ ဇန္နဝါရီလက ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္ေက်း႐ြာအနီးမွ ဆင္ျဖဴအထီး ၁ ေကာင္၊ ၂၀၀၂ ခုႏွစ္ ဧၿပီလတြင္ ေမာင္ေတာၿမိဳ႕နယ္မွ
ဆင္ျဖဴမႀကီး ၁ ေကာင္၊ ၂၀၀၂ ခုႏွစ္ ဒီဇင္ဘာလတြင္ ဆင္ျဖဴမငယ္တစ္ေကာင္၊ ၂၀၁၀ ျပည့္ႏွစ္၊ ဇြန္လတြင္ ဆင္ျဖဴအမ ၁ ေကာင္၊ ၂၀၁၀ ျပည့္ႏွစ္၊
စက္တင္ဘာလတြင္ ဆင္ျဖဴအမတစ္ေကာင္ရရွိခဲ့ဖူးၿပီး အဆိုပါ ဆင္ျဖဴအားလုံးကို ရန္ကုန္ၿမိဳ႕ မင္းဓမၼ ဆင္ျဖဴေတာ္ဥယ်ာဥ္ႏွင့္ ေနျပည္ေတာ္ ဆင္ျဖဴေတာ္ရတနာေဆာင္တို႔တြင္
ေျပာင္းေ႐ႊ႕ထားရွိေၾကာင္း သိရပါတယ္။