ၾကားသိရသမွ်

“ဘဝမေ့ပြီး ဘဝင်ရူးခဲ့ မိတာပါ”ဆိုပြီး အလှူငွေကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပြောကြားလာတဲ့ အငြိမ်း..

(Zawgyiျဖင့္ ဖတ္ရန္)

“စာအရွည္ႀကီးေရးဖို႔ အခ်ိန္ျပန္ေရာက္လာပါၿပီ အသနားခံစာ မ်က္ရည္ခ်ူတဲ့စာလို႔လည္း တခ်ိဳ႕ကထင္မယ္ ေကာင္မ အလႉခံဖို႔စာအရွည္ႀကီးေရးၿပီး စကားဦးသန္းေနၿပီလို႔လည္း ေျပာခ်င္ေျပာၾကမယ္။

အဲ့လိုလည္းျဖစ္ႏိုင္ပါတယ္ ဒီအေတာအတြင္းမွာ ကြၽန္ေတာ္ ေတာ္ေတာ္ေလး mature ျဖစ္လာၿပီလို႔ထင္တယ္ ရုပ္ပိုင္းဆိုင္ရာ ေရာ စိတ္ပိုင္းဆိုင္ရာပါ။

ေနာက္ၿပီး ငါဘာေတြမွားခဲ့သလဲ ငါဘာေတျြပင္ဖို႔လိုသလဲ ငါဘယ္လို ဆက္လုပ္ရမလဲ ဆိုတာေတြ အရင္လို စြာစိလန္ဆတ္ဆတ္ႀကဲပံုစံနဲ႔ ငါမမွားဘူးဆိုၿပီး ရန္ျပန္ေတြ့တဲ့အေျခအေနေတြထက္

ျပသနာကို ဘယ္လ္ိုတည္တည္ၿငိမ္ၿငိမ္နဲ႔ အမွားအနည္းဆံုးျဖစ္ေအာင္ ရင္ဆ္ိုင္ရမလဲဆိုတာ ကြၽန္ေတာ္ နည္းနည္း သင္ယူၿပီးၿပီထင္တယ္ ကြၽန္ေတာ့္ရဲ့အဓိကျပသနာက အရမ္းလူသိမ်ားသြားတာလို႔ထင္တယ္ လူခ်စ္လူခင္ေပါတယ္ ငါ့ကိုခ်စ္ၾကတယ္ဟဲ့ ငါ့ကိုကာကြယ္ေပးၾကတယ္ဟဲ့ ဆိုတဲ့အေပၚမွာ အမ်ားႀကီး သာယာသြားမိတယ္ထင္တယ္။

တကယ္က ကြၽန္ေတာ္က ဘဝေမ့သြားတာျဖစ္မယ္အရင္က ကြၽန္ေတာ္က လူခ်စ္လူခင္ေပါဖို႔မေျပာနဲ႔ သူငယ္ခ်င္းေတာင္ လက္တဖက္ မျပည့္ဘူးထင္တယ္ ၈တန္း ၉တန္း မိဘေတြနဲ႔ခြဲၿပီး အေဆာင္ေနခဲ့တုန္းက တခန္းလံုးနဲ႔ တေယာက္ ႏွစ္ကုန္တဲ့ထိ စကားမေျပာဘဲေနခဲ့ဖူးတယ္

Korea drama ကားေတြထဲကလို ေျပာရရင္ အပယ္ခံလို႔ေျပာလို႔ ရမယ္ထင္တယ္။ကြၽန္ေတာ္ထမင္းစားတဲ့ခံုမွာ ဘယ္သူမွာ လာမထိုင္ၾကတဲ့အထိ ကြၽန္ေတာ္ထိုင္ရင္ အကုန္ထသြားၾကတဲ့အထိ ၁၀တန္းက်မွ သူငယ္ခ်င္း စရတယ္ ေဆးေက်ာင္းေရာက္ေတာ့လည္း ကြၽန္ေတာ္က ေဒါသထြက္လြယ္ စိတ္ဆတ္တဲ့သူဆိုေတာ့ သူငယ္ခ်င္းမၿမဲဘူး။

ၿပီး2nd year ကတည္းက ပိုက္ဆံရွာၿပီးေက်ာင္းတက္နဲ႔သူဆိုေတာ့ အခ်ိန္မေပးႏိုင္ေတာ့ best friend မေျပာနဲ႔ အ အုပ္စုထဲက လူေတြကိုေတာင္ ကြၽန္ေတာ္ေကာင္းေကာင္းမသိဘူး ေဆးေက်ာင္းမွာ ခံုနံပါတ္ကိုနာမည္နဲ႔စီတာကိုး။

ထားပါေတာ့ အဲ့လိုဘဝက လာခဲ့ၿပီးေတာ့ ရုတ္တရက္ႀကီး လူခ်စ္လူခင္အရမ္းမ်ားတဲ့ဘဝကို ရလာေတာ့ ကြၽန္ေတာ္ ဘဝေမ့သြားတာျဖစ္မယ္ ဘဝင္ရူးသြားတာလို႔ေျပာရင္လည္းရပါတယ္။ လူတေယာက္က လူတေယာက္ကို မေကာင္းျမင္ပိုင္ခြင့္ရိွတယ္။

ေဝဖန္ပိုင္ခြင့္ရိွတယ္ မုန္းခြင့္ရိွတယ္ ဆိုတာေတြကို ကြၽန္ေတာ္နားမလည္ခဲ့ဘူး ငါေကာင္းတာလုပ္ေနတာ အားလံုးအတြက္ အလုပ္လုပ္ေနတာ အဲ့အတြက္ ငါ့ကို ခ်စ္ေပးရမယ္ အျပစ္မေျပာရဘူး မေကာင္းမေျပာရဘူး မေဝဖန္ရဘူး ဆိုၿပီး မသိစိတ္ထဲရိွခဲ့တယ္ထင္တယ္။

ကြၽန္ေတာ့္ကိုမေကာင္းေျပာတဲ့သူဆို ျပန္ရန္ေတြ့တယ္ Screenshot ေတြနဲ႔ တခါတေလ chat box ထိသြားေျပာတယ္ ကေလးဆန္တဲ့စကားေတြနဲ႔ ဒီ Group ထဲမွာဆို အျမင္မတူတဲ့comment ေတြေတြ့ရင္ထုတ္ပစ္တယ္ အာရံုေနာက္တယ္ဆိုၿပီးျပန္ေတြးၾကည့္ရင္ ေတာ္ေတာ္ရွက္ဖို႔ေကာင္းပါတယ္။

ကြၽန္ေတာ္ေရာက္ေနတဲ့ေနရာနဲ႔ မတန္တဲ့ ကြၽန္ေတာ္လုပ္ေနတဲ့အလုပ္ေတြနဲ႔ မလိုက္ဖက္တဲ့ ကေလးကလားေတြ လုပ္ေနခဲ့တာ ဘုရားေတြေတာင္မွ ယံုၾကည္သူရိွတယ္ မယံုၾကည္သူရိွတယ္ ကိုးကြယ္သူရိွတယ္ မကိုးကြယ္သူရိွတယ္။

ကိုယ့္ကိုကို ဘုရားနဲ႔ႏိူင္းတာမဟုတ္ဘူးေနာ္ ကြၽန္ေတာ္အဆံုးစြန္ထိစဉ္းစားၾကည့္တာပါ I m still nothingပါ။ လူသိမ်ားလာတာနဲ႔ေနာက္ဆက္တြဲမွာ ခ်စ္တဲ့သူေတြမ်ားလာသလို မုန္းတဲ့သူေဝဖန္တဲ့သူေတြလည္းပါလာမယ္ ဒါကို ကြၽန္ေတာ္နားလည္လာတယ္။

ေဝဖန္တဲ့သူေတြမ်ားလာတာနဲ႔ ကြၽန္ေတာ့္အလုပ္ကို ရပ္ပစ္တယ္ဆိုတာ ကြၽန္ေတာ္သိပ္ကေလးဆန္လြန္းတယ္ ထင္တယ္ေနာက္အလႉေငြကိစၥ Mizzima မွာေျပာထားတဲ့အတိုင္းပဲ Heal the world စျဖစ္တဲ့ ၅လပိုင္းကေန ၁၀ လပိုင္းထိ အလႉေငြ သိန္းေပါင္း 19114သိန္းလႉၿပီးပါၿပီ။

စာရင္းေတာ့ public ခ်မျပႏိုင္ပါျပည္သူလူထုက ယံုၾကည္ေလးစားရတဲ့ ပုဂၢိုလ္တဦးတေယာက္က စစ္မယ္ဆိုစစ္ခြင့္ေပးပါမယ္ ဒါကြၽန္ေတာ့္ ေျဖရွင္းခ်က္ပါပဲ၊ ေရႊကိစၥကေတာ့ အလႉရွင္ေတြကို HTW မွာ ၈လပိုင္းကုန္ခါနီးကတည္းက ရွင္းျပၿပီးသားပါ။

ဘာလို႔မေျဖရွင္းႏိုင္တာလဲ ဘာလို႔ ခ်မျပႏိုင္တာလဲ ေျပာရင္ ကြၽန္ေတာ္ေျဖရွင္းရင္ေရာ ခ်ျပရင္ေရာ ယံုမွာလားလို႔ျပန္ေမးခ်င္ပါတယ္။ကြၽန္ေတာ္ interview မွာေျဖတဲ့အတိုင္းပဲ CDFက သိန္း ၁၀၀၀ မရဘူး စြပ္စြဲေတာ့..

CDF spoke person ကိုယ္တိုင္က ၁၀၀၀ မက ရပါတယ္ေျပာေတာ့ Spoke person ကိုကြၽန္ေတာ္ကပိုက္ဆံေပးထားလို႔လို႔ စြပ္စြဲၾကျပန္တယ္။CDF(or)KNDF pageက တရားဝင္တင္ေပးေတာ့ Page admin ေတြကို ပိုက္ဆံ ေပးၿပီးေရးခိုင္းတယ္ ေျပာၾကျပန္တယ္။

ေနာက္ဆံုးတခါ CDFေခါင္းေဆာင္ေတြနဲ႔ ကြၽန္ေတာ္နဲ႔ေပါင္းစားတယ္ေျပာၾကျပန္တယ္။ သားပစ္မယားပစ္ မိသားစုပစ္ အေသခံ အငတ္ခံၿပီး တိုက္ေနၾကတဲ့သူေတြပါ ေျပာတဲ့သူေတြေတာ့ မသိေပမယ့္ ကြၽန္ေတာ္ကေတာ့ ေတာ္ေတာ္အားနာမိတယ္။

တခုကိုေျဖရွင္းရင္ တခုထပ္စြပ္စြဲတယ္ တခုထပ္ေျဖရွင္းေတာ့ တခုထပ္စြပ္စြဲမယ္ ၿပီးရင္ေနာက္တခု ေနာက္တခု. ကြၽန္ေတာ္ mizzimaမွာ HTWက သိန္းေပါင္း ၁၉၁၁၄သိန္းလႉၿပီးပါၿပီလို႔ေျပာလိုက္တယ္ အဲ့ဒါက တခါမွ ခ်မျပရေသးတာကို ခ်ျပလိုက္တာပါ။

ကြၽန္ေတာ္တို႔စိတ္ထဲမွာ ထင္လိုက္တာ ကြၽန္ေတာ္တို႔လႉၿပီးတဲ့ amount အင္အားက မ်ားတဲ့အတြက္ အဲ့ဒီamount ကိုသာ ခ်ျပလိုက္ရင္ သူတို႔ေတာ္ေတာ္ လုပ္ႏိုင္တာပဲလို႔ appreciation ရမယ္ထင္ခဲ့တာ စြပ္စြဲတာေတြေလ်ာ့သြားမယ္ထင္ခဲ့တာ အဲ့ဒါေၾကာင့္ risk ယူၿပီး public မွာေျပာလိုက္တာပါ။

ဘာေျပာၾကလဲဆိုေတာ့ သိန္း၂ေသာင္းေက်ာ္ရတာကို သိန္း ၁၉၀၀၀ ေက်ာ္ပဲလႉျပတာပါလို႔ထပ္ေျပာၾကျပန္ပါတယ္ပဲ။ ကြၽန္ေတာ့္မိတ္ေဆြေျပာသလိုပဲ နင္က တက်ပ္လႉရင္ ၂က်ပ္ရလို႔ ၁ က်ပ္လႉျပတာေျပာမယ္၂က်ပ္လႉေတာ့ ၄က်ပ္ရလို႔ ၂က်ပ္ပဲလႉတယ္ ေျပာမယ္ ၄က်ပ္လႉေတာ့ ရတာ ၈က်ပ္လို႔ေျပာမယ္။

Trust me.It will never end until u trust me အက်ိဳးရလာဒ္အေနနဲ႔ဘာျပန္ရလဲဆိုေတာ့ ေထာင္ထဲပို႔ထားၿပီးသား ကြၽန္ေတာ့္အေဖနဲ႔အေမကို နန္းတြင္းစစ္ေၾကာေရးထဲ ျပန္ေခၚသြားတာပဲ အဖတ္တင္ပါတယ္။

အဲ့ေတာ့ ဘယ္လ္ိုေျဖရွင္းေျဖရွင္း ဆိုးက်ိဳးအျပင္ အက်ိဳးေက်းဇူးမရိွဘူးထင္ပါတယ္ ကြၽန္ေတာ့္လိုပဲ ဒီမွာ cele ဆရာဝန္အကိုတေယာက္ရိွတယ္ သူကဘာေျပာလဲဆိုေတာ့ “ညီမေလးရယ္ နင္ကမွ သိန္း ၂၀၀၀ နဲ႔ေပါင္ထားတဲ့အိမ္ျပန္ေရြးတယ္ ေယာက်ာ္းကို သိန္း၁၆၀ တန္ဆိုင္ကယ္ဝယ္ေပးတယ္ ပဲအေျပာခံရတာ ဒါေတာင္နင္က အလႉခံလို႔

ငါက အလႉေတာင္တခါမွမခံဖူးဘဲနဲ႔ သိန္း၅၀၀၀ တန္အိမ္ဝယ္တယ္ surf ကားတစီးဝယ္တယ္ ေျပာၾကတာဟဲ့”တဲ့ ကြၽန္ေတာ္တို႔က ဘာလုပ္လုပ္ အေျပာခံရေတာ့မွာ အေဝဖန္ခံရေတာ့မွာ ဘာလို႔ဆို အဲ့လမ္းေၾကာင္းေပၚ ကြၽန္ေတာ္တို႔ေရာက္သြားလို႔ပါ။

ကိုယ္က်ိဳးအတြက္ အလႉေငြေတြသံုးသလားလို႔ေမးတဲ့ေမးခြန္းကို အရိုးသားဆံုးေျဖရရင္ ကိုယ္က်ိဳးအတြက္မဟုတ္ေပမဲ့ ကိုယ့္သေဘာနဲ႔ကိုယ္သံုးခဲ့မိတာေတြရိွတယ္ ဥပမာ August 17 တုန္းက ေရ႔ွတန္းက ရဲေဘာ္ေတျြပန္လာေတာ့ အားရိွေအာင္ တေယာက္မုန္႔ဖိုး၁၀၀၀၀ စီေပးတာမ်ိဳး (၈သိန္း-၉သိန္းေလာက္က်ပါတယ္)

(အဲ့ဒါေတြကဒီGroup ထဲမွာမတင္ထားပါဘူး, ဓာတ္ပံုေတာ့ကြၽန္ေတာ့္ဆီရိွပါတယ္) ေနာက္ကြၽန္ေတာ္နဲ႔အတူရိွတဲ့ မရိွတဲ့ သူနာျပဳဆရာမေလးေတြ သံုးဖို႔စြဲဖို႔ ေပးတာ ( သူတို႔က CDM ကိုမွ ဒီဘက္ရြာေတြမွာ medical cover ေပးေနၾကသူေတြ ဆန္ဆီ ေတာင္မွအၾကာႀကီးေနမွတခါရၾကသူေတြပါ)

ေနာက္တခ်ိဳ႕ေရ႔ွတန္းရဲေဘာ္ကေလးေတြေရ႔ွတန္းထြက္ရင္း ဖုန္းကြဲတာ phေပ်ာက္တာ ph ပ်က္တာေတြဆို မ်ားေသာအားျဖင့္ ေကာ္မတီကလူႀကီးေတြက စာရင္းနဲ႔စာတင္ၿပီး ဝယ္ေပးတာပါ ဒါေပမဲ့ ကြၽန္ေတာ္သိတဲ့အခ်ိန္ဆို ကြၽန္ေတာ္ပဲ ပိုက္ဆံစိုက္လိုက္တာမ်ားတယ္။

ေကာ္မတီကို အရမ္းမလိုအပ္ဘဲ ပိုက္ဆံမထြက္ေစခ်င္လို႔ပါ ေနာက္က်ဆံုးရဲေဘာ္ေတြရဲ့မိသားစုေတြကိုေထာက္ပံ့တာ ေနာက္ကြၽန္ေတာ္ေမြးေပးတဲ့ တခ်ိဳ႕ကေလးေလးေတြရဲ့မိဘေတြကို ၅ေသာင္းစီေငြေၾကးေထာက္ပံ့တာ။

ေနာက္ကြၽန္ေတာ့္ေၾကာင့္ အဖမ္းခံလိုက္ရတဲ့ တခ်ိဳ႕သူေတြ တကယ္က ၆လပိုင္းကတည္းက ကြၽန္ေတာ့္ကိုကူညီသူေတြ စအဖမ္းခံရတာျဖစ္ၿပီးေတာ့ အဲ့အခ်ိန္က လူေတြသတိမထားမိတာပါ ကြၽန္ေတာ့္နဲ႔ပတ္သက္ၿပီး အဖမ္းခံရတဲ့သူေတြရဲ့က်န္ရစ္တဲ့မိသားစုရဲ့ စားဝတ္ေနေရးအတြက္ေထာက္ပံ့ေပးတာ..

ေနာက္အေရးေပၚအေျခအေန ျဖစ္လာတဲ့အခါ ၿမိဳ႔ႀကီးေတြမွာက်န္ခဲ့တဲ့ ကြၽန္ေတာ့္အဖြဲ႔သားေတြ
ေရွာင္ဖို႔တိမ္းဖို႔ စရိတ္ ေနာက္ကြၽန္ေတာ္တို႔အဖြဲ႔အတြက္မႏၲေလးကေန မွာရတဲ့တခ်ိဳ႕ပစၥည္းကုန္က်စရိတ္ေတြ ခ်က္ျပဳတ္စားေသာက္ဖို႔ အိုးခြက္ပန္းကန္

အေနြးထည္၊ ေစာင္၊ တခါတေလ မုန္႔ပဲသေရစာနဲ႔ အထားခံရိကၡာေျခာက္ ဒါေတြက ကိုယ္က်ိဳးအတြက္ သံုးတယ္လို႔ ယူဆမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ ဝန္ခံရမယ္ ဟုတ္တယ္ ကြၽန္ေတာ့္ကိုယ္ေရးကိုယ္တာအတြက္ သံုးမိတယ္။ဒါေတြကိုလည္းကြၽန္ေတာ္မွတ္မိသေလာက္ စာရင္းလုပ္ေနၿပီး ကြၽန္ေတာ့္ကိုယ္ပိုင္ပိုက္ဆံထဲကျပန္ထည့္မွာပါ။

ဒီအလုပ္ေတြစလုပ္ၿပီး ေနာက္ပိုင္းမွာ ကြၽန္ေတာ္ တတ္ႏိုင္သမ်ွေတာ့ တခ်ိဳ႕ျပသနာ ျဖစ္လာမယ္ထင္တာေလးေတြကို ဆင္ျခင္ပါတယ္။ အရင္က ကြၽန္ေတာ့္က အသံုးအျဖဳန္းနည္းနည္းႀကီးတယ္ Online ကေနပစၥည္းေတြဝယ္တာ..

cosmetics အဝတ္အစား ဖုန္း ေနာက္လက္ဝတ္ရတနာကအစ အြန္လိုင္းကပဲဝယ္တယ္ ကြၽန္ေတာ္ ဘယ္လိုသံုးလဲဆိုတာ fri ျဖစ္တာၾကာတဲ့ သူေတြကေတာ့သိမယ္။ဒါေပမဲ့ ဒီအလႉေငြစေကာက္ကတည္းက ကြၽန္ေတာ္ဘာပစၥည္းမွသိပ္မဝယ္ျဖစ္ဘူး ။

သေဘာက်တဲ့ပစၥည္းတခုခုရိွရင္ေတာင္မွ ကြၽန္ေတာ့္ကိုယ္ပိုင္ပိုက္ဆံနဲ႔ဝယ္တယ္ဆိုလည္း အခုခ်ိန္မွာ လူေတြက ငါ့ကိုတမ်ိဳးျမင္လိမ့္မယ္ ဘုန္းထားတဲ့အလႉေငြေတြနဲ႔ ဝယ္တယ္လို႔ ေျပာၾကလိမ့္မယ္ ဆိုၿပီး ဘယ္ေလာက္သေဘာက်က် မဝယ္မိေအာင္ ထိန္းပါတယ္။

အဲ့ဒါကိုသူငယ္ခ်င္းကို ေျပာျပေတာ့ သူက စိတ္မေကာင္းျဖစ္သြားတယ္ထင္တယ္ နင္လိုခ်င္တာရိွရင္ ငါဝယ္ေပးမယ္လို႔ေျပာရွာတယ္။ကြၽန္ေတာ့္ကေလးအတြက္ crochet အရုပ္ကေလးေတြ မိသားစုပံုနဲ႔ onlineက မွာတာေတာင္ ကြၽန္ေတာ္ မွာရင္ေကာင္းမလား မမွာရင္ေကာင္းမလား ၃ရက္ေလာက္စဉ္းစားခဲ့တယ္။

ဒါက ကြၽန္ေတာ္ တတ္ႏိုင္သမ်ွကိုယ့္ကိုကို ဆင္ျခင္ ထိန္းသိမ္းၿပီးေနခဲ့တယ္ ဆိုတာေျပာျပတာပါ ဒါေပမဲ့ သိပ္ေတာ့လည္း မထူးပါဘူး
အေျပာခံရမယ့္ အခ်ိန္ေရာက္လာတဲ့အခါ အေျပာခံရတာပါပဲ။ အာမခံႏိုင္တာတခုကေတာ့ ကြၽန္ေတာ့္ကိုယ္က်ိဳးအတြက္ အလႉေငြနဲ႔ ကြၽန္ေတာ္ဖိနပ္တရံေတာင္ ဝယ္မစီးခဲ့ပါဘူး။

စစ္ေဘးေရွာင္ေတြအတြက္ လႉလိုက္တဲ့အထုပ္ထဲက ဖိနပ္ပဲယူစီးပါတယ္ အိမ္ေပါင္ထားတာလည္း တခါမွမရိွပါဘူး ေရြးတယ္ဆိုတာ ပို​ေတာင္ေဝးပါေသးတယ္ ဆိုင္ကယ္လည္း မဝယ္ပါဘူး။အလႉေငြေကာက္လို႔ ငါအေျပာခံရတာ အလႉေငြ မေကာက္ေတာ့ဘူးကြာ ရပ္မယ္လို႔ ဆံုးျဖတ္လိုက္တဲ့ေနာက္မွာ ဘာျပသနာေတြရိွလာလဲဆိုေတာ့ ကြၽန္ေတာ့္ရဲ့လုပ္အားရပ္တန္႔သြားတာပဲ We are nothing without donation and so do I

ကြၽန္ေတာ္လႉခဲ့ဖူးတဲ့ အဖြဲ႔ေတြကphဆက္လာတယ္ မင္းကင္း ကနီ ေနျပည္ေတာ္ ပုလဲ တမူး နဲ႔တျခားၿမိဳ႔ေတြ တိုက္ပြဲေတြဆက္တိုက္ျဖစ္ေနေၾကာင္း အက်အဆံုးမ်ားေၾကာင္း အေရးေပၚပစၥည္းဝယ္ဖို႔လိုေနေၾကာင္း ျဖစ္ႏိုင္ရင္ကူညီေစလိုေၾကာင္း..

ခါတိုင္းဆိုရင္ေတာ့ ကြၽန္ေတာ္ တက္တက္ႂကြၾကြ လႈပ္ရွားမွာပဲ အခုကေတာ့ ျငင္းလိုက္မိတယ္ ကြၽန္ေတာ့္ျပသနာေတြလည္း အကိုတို႔ၾကားမယ္ထင္တယ္ ကြၽန္ေတာ္အခု donation ေတြရပ္လိုက္ၿပီ ေျပာရမွာအားနာေပမဲ့ ကြၽန္ေတာ္ မကူညီႏိုင္ေတာ့ဘူးဆိုေတာ့..

ဘာျပန္ေျပာၾကလဲဆိုရင္ နားလည္ပါတယ္ ကြၽန္ေတာ္တို႔ဆရာမဘက္မွာရိွပါတယ္ အားတင္းထားပါတဲ့ ကြၽန္ေတာ္မကူညီႏိုင္တာအတြက္ မျငဴစူတဲ့အျပင္ ျပန္ေတာင္အားေပးသြားတယ္။ အဲ့ညက ကြၽန္ေတာ္အိပ္မေပ်ာ္ဘူး ၊အသက္ေတာင္ရင္းထားတဲ့သူေတြကို ကြၽန္ေတာ္ကကူညီဖို႔ ျငင္းလိုက္တာတဲ့

ဘယ္ေလာက္ရွက္စရာေကာင္းလိုက္သလဲ အသက္ေတာင္ရင္းေနၾကတာကို ကြၽန္ေတာ္က နာမည္ေလးေတာင္ မရင္းႏိုင္ဘူးလားလို႔ ကိုယ့္ကိုကိုျပန္ေမးၾကည့္တယ္ ခ်င္းျပည္နယ္ မွာေန့တိုင္းတိုက္ပြဲေတျြဖစ္ေနတယ္ မင္းတပ္ကသူတို႔ခ်စ္ေပးၾကတဲ့ အေျပာခံအဆိုခံၿပီး ကာကြယ္ေပးၾကတဲ့ ဆရာမၿငိမ္းဆိုတဲ့ ဆရာဝန္က ဘာလုပ္ေနသလဲ

Fbေပၚက ကိုယ္နဲ႔မသိတဲ့ မေတြ့ဖူးတဲ့ သူေတြရဲ့post ေတြအတြက္ ေခ်ာင္မွာ ထိုင္ၿပီးငိုင္ေနတယ္ စိတ္ညစ္ေနတယ္။ မဟုတ္ေသးဘူး ငါလုပ္ေနတာေတြမဟုတ္ေသးဘူး အတူရိွေနတဲ့ ဆရာဝန္စီနီယာအကိုကို ရင္ဖြင့္ေတာ့ သူကဘာေျပာလဲဆိုေတာ့ နင္ မေထာက္ပံ့ႏိုင္ရင္ နင္က ဒီေပၚမွာ လူပိုပဲညီမေလးတဲ့၊ ဟုတ္တာေပါ့ လူပိုအေနနဲ႔ေတာ့ကြၽန္ေတာ္ဆက္မေနခ်င္ဘူး အဲ့ဒါဆိုရင္ ဘာဆက္လုပ္မလဲ။

အေျပာခံမလား နာမည္ပ်က္ခံမလားလူပိုအေနနဲ႔ ကိုယ့္ေရ႔ွမွာ ရိကၡာျပတ္လပ္ေနတာေတြ ေသေၾကေနၾကတာေတြ ရင္နာခံၿပီးထိုင္ၾကည့္မလားဆို ပထမလမ္းကို ကြၽန္ေတာ္ေရြးမယ္ နာမည္ ေက်ာ္ၾကားမူ ဆိုတာ တကယ္က ဘာမွမဟုတ္ပါဘူး သတ္မွတ္ခ်က္ပါပဲ။ လူခ်စ္လူခင္မ်ားတယ္ဆိုတာလည္းတကယ္ကေတာ့ Fbက love react အေရအတြက္သက္သက္ပါပဲ

တကယ္ဒုကၡေရာက္ေတာ့ ေဘးနားကအတူရိွတဲ့သူေတြပဲဒုကၡခံရတာပဲ ဒီေတာ္လွန္ေရးၿပီးရင္ ေတာ္လွန္ေရးကရတဲ့ အက်ိဳးအျမတ္ နာမည္ထင္ေပၚမႈ ေငြေၾကး ေနရာဘာတခုမွ ကြၽန္ေတာ္မယူဘူးA Nyein ဆိုတဲ့သတ္မွတ္ခံထားရတဲ့ဘဝမွာလည္း ဆက္မေနဘူး။အရင္လိုစီးပြါးေရး ျပန္လုပ္ျဖစ္ရင္ ဟုတ္ကဲ့ ဘာအလိုရိွပါသလဲ အားေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ ေျပာရတဲ့ဘဝကိုပဲ ျပန္သြားမယ္။

ဆရာဝန္ဆက္လုပ္ျဖစ္ခဲ့ရင္လည္း နင္ကဆရာဝန္ျဖစ္မလာခဲ့သင့္ဘူးလို႔ အဆူခံရတဲ့ဘဝကိုပဲ ေက်ေက်နပ္နပ္ျပန္သြားမယ္။ ေနာက္ဆံုးကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ့္ကိုယံုၾကည္ေပးပါ ဆက္ယံုၾကည္ေပးပါ။ ကြၽန္ေတာ္ management လြဲတာရိွေကာင္းရိွမယ္ အေတြးေတြမွားသြားတာ တျခားသူေတြနဲ႔ အယူအဆ ထင္ျမင္ခ်က္ေတြမတူတာ ရိွေကာင္းရိွမယ္

ဒါေပမဲ့ကိုယ္က်ိဳးအတြက္ေငြအလြဲသံုးစားမလုပ္ဘူးဆိုတာ အသက္နဲ႔ရင္းၿပီးအာမခံရဲပါတယ္။အကယ္၍ မယံုၾကည္ႏိုင္ဘူးဆိုရင္ေတာင္ ကြၽန္ေတာ္တို႔လုပ္အားကို အသိအမွတ္ျပဳေပးပါ သိန္းေပါင္း ၁၉၀၀၀ ေက်ာ္ပါ $ 1million နီးပါးပါ။ အိမ္တအိမ္ခိုင္ခန္႔ဖို႔တည္တန္႔ဖို႔ဆိုတာ ေဒါက္တိုင္ေတြအမ်ားႀကီးလိုပါတယ္ ကြၽန္ေတာ္တို႔က ေဒါက္တိုင္ေတြထဲကတတိုင္ပါ

အတြင္းမွာျခစားေနတယ္ ပိုးထိုးေနတယ္လို႔ထင္ရင္ေတာင္ အစားထိုးဖို႔ ေနာက္ထပ္တိုင္မရိွေသးရင္ ၿဖိဳခ်လို႔မျဖစ္ေသးပါဘူး အိမ္ၿပိဳသြားပါလိမ့္မယ္ မၿပိဳရင္ေတာင္ ခိုင္ခန္႔မူအားနည္းသြားပါလိမ့္မယ္။ အားလံုးၿပီးစီးၿပီဆိုမွ ၿဖိဳခ်ပါ ေနာက္မက်ပါဘူး အိမ္တည္ေဆာက္ၿပီးဖို႔က အရင္အေရးႀကီးတာပါ”ဆိုၿပီး ဆရာဝန္မေလး အၿငိမ္းက ေျဖရွင္းလာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

“စာအရှည်ကြီးရေးဖို့ အချိန်ပြန်ရောက်လာပါပြီ.. အသနားခံစာ မျက်ရည်ချူတဲ့စာလို့လည်း တချို့ကထင်မယ်.. ကောင်မ အလှူခံဖို့စာအရှည်ကြီးရေးပြီး စကားဦးသန်းနေပြီလို့လည်း ပြောချင်ပြောကြမယ်။ အဲ့လိုလည်းဖြစ်နိုင်ပါတယ် ဒီအတောအတွင်းမှာ ကျွန်တော် တော်တော်လေး mature ဖြစ်လာပြီလို့ထင်တယ် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာပါ။

နောက်ပြီး ငါဘာတွေမှားခဲ့သလဲ ငါဘာတွေပြင်ဖို့လိုသလဲ ငါဘယ်လို ဆက်လုပ်ရမလဲ ဆိုတာတွေ အရင်လို စွာစိလန်ဆတ်ဆတ်ကြဲပုံစံနဲ့ ငါမမှားဘူးဆိုပြီး ရန်ပြန်တွေ့တဲ့အခြေအနေတွေထက်ပြသနာကို ဘယ်လ်ိုတည်တည်ငြိမ်ငြိမ်နဲ့ အမှားအနည်းဆုံးဖြစ်အောင် ရင်ဆ်ိုင်ရမလဲဆိုတာ ကျွန်တော် နည်းနည်း သင်ယူပြီးပြီထင်တယ်

ကျွန်တော့်ရဲ့အဓိကပြသနာက အရမ်းလူသိများသွားတာလို့ထင်တယ် လူချစ်လူခင်ပေါတယ် ငါ့ကိုချစ်ကြတယ်ဟဲ့ ငါ့ကိုကာကွယ်ပေးကြတယ်ဟဲ့ ဆိုတဲ့အပေါ်မှာ အများကြီး သာယာသွားမိတယ်ထင်တယ်။ တကယ်က ကျွန်တော်က ဘဝမေ့သွားတာဖြစ်မယ်အရင်က ကျွန်တော်က လူချစ်လူခင်ပေါဖို့မပြောနဲ့ သူငယ်ချင်းတောင် လက်တဖက် မပြည့်ဘူးထင်တယ်။

၈တန်း ၉တန်း မိဘတွေနဲ့ခွဲပြီး အဆောင်နေခဲ့တုန်းက တခန်းလုံးနဲ့ တယောက် နှစ်ကုန်တဲ့ထိ စကားမပြောဘဲနေခဲ့ဖူးတယ် Korea drama ကားတွေထဲကလို ပြောရရင် အပယ်ခံလို့ပြောလို့ ရမယ်ထင်တယ်။ကျွန်တော်ထမင်းစားတဲ့ခုံမှာ ဘယ်သူမှာ လာမထိုင်ကြတဲ့အထိ ကျွန်တော်ထိုင်ရင် အကုန်ထသွားကြတဲ့အထိ ၁၀တန်းကျမှ သူငယ်ချင်း စရတယ်

ဆေးကျောင်းရောက်တော့လည်း ကျွန်တော်က ဒေါသထွက်လွယ် စိတ်ဆတ်တဲ့သူဆိုတော့ သူငယ်ချင်းမမြဲဘူး။
ပြီး2nd year ကတည်းက ပိုက်ဆံရှာပြီးကျောင်းတက်နဲ့သူဆိုတော့ အချိန်မပေးနိုင်တော့ best friend မပြောနဲ့ အ အုပ်စုထဲက လူတွေကိုတောင် ကျွန်တော်ကောင်းကောင်းမသိဘူး ဆေးကျောင်းမှာ ခုံနံပါတ်ကိုနာမည်နဲ့စီတာကိုး။

ထားပါတော့ အဲ့လိုဘဝက လာခဲ့ပြီးတော့ ရုတ်တရက်ကြီး လူချစ်လူခင်အရမ်းများတဲ့ဘဝကို ရလာတော့ ကျွန်တော် ဘဝမေ့သွားတာဖြစ်မယ်ဘဝင်ရူး သွားတာလို့ပြောရင်လည်းရပါတယ်။ လူတယောက်က လူတယောက်ကို မကောင်းမြင်ပိုင်ခွင့်ရှိတယ်။ ဝေဖန်ပိုင်ခွင့်ရှိတယ် မုန်းခွင့်ရှိတယ် ဆိုတာတွေကို ကျွန်တော်နားမလည်ခဲ့ဘူး ငါကောင်းတာလုပ်နေတာ အားလုံးအတွက် အလုပ်လုပ်နေတာ

အဲ့အတွက် ငါ့ကို ချစ်ပေးရမယ် အပြစ်မပြောရဘူး မကောင်းမပြောရဘူး မဝေဖန်ရဘူး ဆိုပြီး မသိစိတ်ထဲရှိခဲ့တယ်ထင်တယ်။ကျွန်တော့်ကိုမကောင်းပြောတဲ့သူဆို ပြန်ရန်တွေ့တယ် Screenshot တွေနဲ့ တခါတလေ chat box ထိသွားပြောတယ် ကလေးဆန်တဲ့စကားတွေနဲ့ ဒီGroup ထဲမှာဆို အမြင်မတူတဲ့comment တွေတွေ့ရင်ထုတ်ပစ်တယ် အာရုံနောက်တယ်ဆိုပြီး ပြန်တွေးကြည့်ရင် တော်တော်ရှက်ဖို့ကောင်းပါတယ်။

ကျွန်တော်ရောက်နေတဲ့နေရာနဲ့ မတန်တဲ့ ကျွန်တော်လုပ်နေတဲ့အလုပ်တွေနဲ့ မလိုက်ဖက်တဲ့ ကလေးကလားတွေ လုပ်နေခဲ့တာ ဘုရားတွေတောင်မှ ယုံကြည်သူရှိတယ် မယုံကြည်သူရှိတယ် ကိုးကွယ်သူရှိတယ် မကိုးကွယ်သူရှိတယ်။ ကိုယ့်ကိုကို ဘုရားနဲ့နိူင်းတာမဟုတ်ဘူးနော် ကျွန်တော်အဆုံးစွန်ထိစဉ်းစားကြည့်တာပါ I m still nothingပါ။

လူသိများလာတာနဲ့နောက်ဆက်တွဲမှာ ချစ်တဲ့သူတွေများလာသလို မုန်းတဲ့သူဝေဖန်တဲ့သူတွေလည်းပါလာမယ် ဒါကို ကျွန်တော်နားလည်လာတယ်။ဝေဖန်တဲ့သူတွေများလာတာနဲ့ ကျွန်တော့်အလုပ်ကို ရပ်ပစ်တယ်ဆိုတာ ကျွန်တော်သိပ်ကလေးဆန်လွန်းတယ် ထင်တယ်နောက်အလှူငွေကိစ္စ Mizzima မှာပြောထားတဲ့အတိုင်းပဲ Heal the world စဖြစ်တဲ့ ၅လပိုင်းကနေ ၁၀လပိုင်းထိ အလှူငွေ သိန်းပေါင်း 19114သိန်းလှူပြီးပါပြီ။

စာရင်းတော့ public ချမပြနိုင်ပါ ပြည်သူလူထုက ယုံကြည်လေးစားရတဲ့ ပုဂ္ဂိုလ်တဦးတယောက်က စစ်မယ်ဆိုစစ်ခွင့်ပေးပါမယ် ဒါကျွန်တော့် ဖြေရှင်းချက်ပါပဲ၊ ရွှေကိစ္စကတော့ အလှူရှင်တွေကို HTW မှာ ၈လပိုင်းကုန်ခါနီးကတည်းက ရှင်းပြပြီးသားပါ။ ဘာလို့မဖြေရှင်းနိုင်တာလဲ ဘာလို့ ချမပြနိုင်တာလဲ ပြောရင် ကျွန်တော်ဖြေရှင်းရင်ရော ချပြရင်ရော ယုံမှာလားလို့ပြန်မေးချင်ပါတယ်။ကျွန်တော် interview မှာဖြေတဲ့အတိုင်းပဲ CDFက သိန်း ၁၀၀၀ မရဘူး စွပ်စွဲတော့..

CDF spoke person ကိုယ်တိုင်က ၁၀၀၀ မက ရပါတယ်ပြောတော့ Spoke person ကိုကျွန်တော်ကပိုက်ဆံပေးထားလို့လို့ စွပ်စွဲကြပြန်တယ်။ CDF(or)KNDF pageက တရားဝင်တင်ပေးတော့ Page admin တွေကို ပိုက်ဆံ ပေးပြီးရေးခိုင်းတယ် ပြောကြပြန်တယ်။ နောက်ဆုံးတခါ CDFခေါင်းဆောင်တွေနဲ့ ကျွန်တော်နဲ့ပေါင်းစားတယ်ပြောကြပြန်တယ်။

သားပစ်မယားပစ် မိသားစုပစ် အသေခံ အငတ်ခံပြီး တိုက်နေကြတဲ့သူတွေပါ ပြောတဲ့သူတွေတော့ မသိပေမယ့် ကျွန်တော်ကတော့ တော်တော်အားနာမိတယ်။ တခုကိုဖြေရှင်းရင် တခုထပ်စွပ်စွဲတယ် တခုထပ်ဖြေရှင်းတော့ တခုထပ်စွပ်စွဲမယ် ပြီးရင်နောက်တခု နောက်တခု. ကျွန်တော် mizzimaမှာ HTWက သိန်းပေါင်း ၁၉၁၁၄သိန်းလှူပြီးပါပြီလို့ပြောလိုက်တယ် အဲ့ဒါက တခါမှ ချမပြရသေးတာကို ချပြလိုက်တာပါ။

ကျွန်တော်တို့စိတ်ထဲမှာ ထင်လိုက်တာ ကျွန်တော်တို့လှူပြီးတဲ့ amount အင်အားက များတဲ့အတွက် အဲ့ဒီamount ကိုသာ ချပြလိုက်ရင် သူတို့တော်တော် လုပ်နိုင်တာပဲလို့ appreciation ရမယ်ထင်ခဲ့တာ စွပ်စွဲတာတွေလျော့သွားမယ်ထင်ခဲ့တာ အဲ့ဒါကြောင့် risk ယူပြီး public မှာပြောလိုက်တာပါ။ဘာပြောကြလဲဆိုတော့ သိန်း၂သောင်းကျော်ရတာကို သိန်း ၁၉၀၀၀ ကျော်ပဲလှူပြတာပါလို့ထပ်ပြောကြပြန်ပါတယ်ပဲ။

ကျွန်တော့်မိတ်ဆွေပြောသလိုပဲနင်က တကျပ်လှူရင် ၂ကျပ်ရလို့ ၁ ကျပ်လှူပြတာပြောမယ်၂ကျပ်လှူတော့ ၄ကျပ်ရလို့ ၂ကျပ်ပဲလှူတယ် ပြောမယ် ၄ကျပ်လှူတော့ ရတာ ၈ကျပ်လို့ပြောမယ်။ Trust me . It will never end until u trust me အကျိုးရလာဒ်အနေနဲ့ဘာပြန်ရလဲဆိုတော့ ထောင်ထဲပို့ထားပြီးသား ကျွန်တော့်အဖေနဲ့အမေကို နန်းတွင်းစစ်ကြောရေးထဲ ပြန်ခေါ်သွားတာပဲ အဖတ်တင်ပါတယ်။

အဲ့တော့ ဘယ်လ်ိုဖြေရှင်းဖြေရှင်း ဆိုးကျိုးအပြင် အကျိုးကျေးဇူးမရှိဘူးထင်ပါတယ် ကျွန်တော့်လိုပဲ ဒီမှာ cele ဆရာဝန်အကိုတယောက်ရှိတယ် သူကဘာပြောလဲဆိုတော့ “ညီမလေးရယ် နင်ကမှ သိန်း ၂၀၀၀ နဲ့ပေါင်ထားတဲ့အိမ်ပြန်ရွေးတယ် ယောကျာ်းကို သိန်း၁၆၀ တန်ဆိုင်ကယ်ဝယ်ပေးတယ် ပဲအပြောခံရတာ

ဒါတောင်နင်က အလှူခံလို့ ငါက အလှူတောင်တခါမှမခံဖူးဘဲနဲ့ သိန်း၅၀၀၀ တန်အိမ်ဝယ်တယ် surf ကားတစီးဝယ်တယ် ပြောကြတာဟဲ့”တဲ့ ကျွန်တော်တို့က ဘာလုပ်လုပ် အပြောခံရတော့မှာ အဝေဖန်ခံရတော့မှာ ဘာလို့ဆို အဲ့လမ်းကြောင်းပေါ် ကျွန်တော်တို့ရောက်သွားလို့ပါ။

ကိုယ်ကျိုးအတွက် အလှူငွေတွေသုံးသလားလို့မေးတဲ့မေးခွန်းကို အရိုးသားဆုံးဖြေရရင် ကိုယ်ကျိုးအတွက်မဟုတ်ပေမဲ့ ကိုယ့်သဘောနဲ့ကိုယ်သုံးခဲ့မိတာတွေရှိတယ် ဥပမာ August 17 တုန်းက ရှေ့တန်းက ရဲဘော်တွေပြန်လာတော့ အားရှိအောင် တယောက်မုန့်ဖိုး၁၀၀၀၀ စီပေးတာမျိုး (၈သိန်း-၉သိိန်းလောက်ကျပါတယ်)

(အဲ့ဒါတွေကဒီGroup ထဲမှာမတင်ထားပါဘူး, ဓာတ်ပုံတော့ကျွန်တော့်ဆီရှိပါတယ်) နောက်ကျွန်တော်နဲ့အတူရှိတဲ့ မရှိတဲ့ သူနာပြုဆရာမလေးတွေ သုံးဖို့စွဲဖို့ ပေးတာ ( သူတို့က CDM ကိုမှ ဒီဘက်ရွာတွေမှာ medical cover ပေးနေကြသူတွေ ဆန်ဆီ တောင်မှအကြာကြီးနေမှတခါရကြသူတွေပါ) နောက်တချို့ရှေ့တန်းရဲဘော်ကလေးတွေရှေ့တန်းထွက်ရင်း ဖုန်းကွဲတာ phပျောက်တာ ph ပျက်တာတွေဆို

များသောအားဖြင့် ကော်မတီကလူကြီးတွေက စာရင်းနဲ့စာတင်ပြီး ဝယ်ပေးတာပါ ဒါပေမဲ့ ကျွန်တော်သိတဲ့အချိန်ဆို ကျွန်တော်ပဲ ပိုက်ဆံစိုက်လိုက်တာများတယ်။ ကော်မတီကို အရမ်းမလိုအပ်ဘဲ ပိုက်ဆံမထွက်စေချင်လို့ပါ နောက်ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုထောက်ပံ့တာ နောက်ကျွန်တော်မွေးပေးတဲ့ တချို့ကလေးလေးတွေရဲ့မိဘတွေကို ၅သောင်းစီငွေကြေးထောက်ပံ့တာ။

နောက်ကျွန်တော့်ကြောင့် အဖမ်းခံလိုက်ရတဲ့ တချို့သူတွေ တကယ်က ၆လပိုင်းကတည်းက ကျွန်တော့်ကိုကူညီသူတွေ စအဖမ်းခံရတာဖြစ်ပြီးတော့ အဲ့အချိန်က လူတွေသတိမထားမိတာပါ ကျွန်တော့်နဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့သူတွေရဲ့ကျန်ရစ်တဲ့မိသားစုရဲ့ စားဝတ်နေရေးအတွက်ထောက်ပံ့ပေးတာ..

နောက်အရေးပေါ်အခြေအနေ ဖြစ်လာတဲ့အခါ မြို့ကြီးတွေမှာကျန်ခဲ့တဲ့ ကျွန်တော့်အဖွဲ့သားတွေ ရှောင်ဖို့တိမ်းဖို့ စရိတ် နောက်ကျွန်တော်တို့အဖွဲ့အတွက် မန္တလေးကနေ မှာရတဲ့တချို့ပစ္စည်းကုန်ကျစရိတ်တွေ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန် အနွေးထည်၊ စောင်၊ တခါတလေ မုန့်ပဲသရေစာနဲ့ အထားခံရိက္ခာခြောက် ဒါတွေက ကိုယ်ကျိုးအတွက် သုံးတယ်လို့ ယူဆမယ်ဆိုရင်တော့ ကျွန်တော် ဝန်ခံရမယ်။

ဟုတ်တယ် ကျွန်တော့်ကိုယ်ရေးကိုယ်တာအတွက် သုံးမိတယ်။ဒါတွေကိုလည်းကျွန်တော်မှတ်မိသလောက် စာရင်းလုပ်နေပြီး ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံထဲက
ပြန်ထည့်မှာပါ။ဒီအလုပ်တွေစလုပ်ပြီး နောက်ပိုင်းမှာ ကျွန်တော် တတ်နိုင်သမျှတော့ တချို့ပြသနာ ဖြစ်လာမယ်ထင်တာလေးတွေကို ဆင်ခြင်ပါတယ်။ အရင်က ကျွန်တော့်က အသုံးအဖြုန်းနည်းနည်းကြီးတယ် Online ကနေပစ္စည်းတွေဝယ်တာ..

cosmetics အဝတ်အစား ဖုန်း နောက်လက်ဝတ်ရတနာကအစ အွန်လိုင်းကပဲဝယ်တယ် ကျွန်တော် ဘယ်လိုသုံးလဲဆိုတာ fri ဖြစ်တာကြာတဲ့ သူတွေကတော့သိမယ်။ဒါပေမဲ့ ဒီအလှူငွေစကောက်ကတည်းက ကျွန်တော်ဘာပစ္စည်းမှသိပ်မဝယ်ဖြစ်ဘူး ။သဘောကျတဲ့ပစ္စည်းတခုခုရှိရင်တောင်မှ ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်တယ်ဆိုလည်း

အခုချိန်မှာ လူတွေက ငါ့ကိုတမျိုးမြင်လိမ့်မယ် ဘုန်းထားတဲ့အလှူငွေတွေနဲ့ ဝယ်တယ်လို့ ပြောကြလိမ့်မယ် ဆိုပြီး ဘယ်လောက်သဘောကျကျ မဝယ်မိအောင် ထိန်းပါတယ်။အဲ့ဒါကိုသူငယ်ချင်းကို ပြောပြတော့ သူက စိတ်မကောင်းဖြစ်သွားတယ်ထင်တယ် နင်လိုချင်တာရှိရင် ငါဝယ်ပေးမယ်လို့ပြောရှာတယ်။

ကျွန်တော့်ကလေးအတွက် crochet အရုပ်ကလေးတွေ မိသားစုပုံနဲ့ onlineက မှာတာတောင် ကျွန်တော်မှာရင်ကောင်းမလား မမှာရင်ကောင်းမလား ၃ရက်လောက်စဉ်းစားခဲ့တယ်။ဒါက ကျွန်တော် တတ်နိုင်သမျှကိုယ့်ကိုကို ဆင်ခြင် ထိန်းသိမ်းပြီးနေခဲ့တယ် ဆိုတာပြောပြတာပါ ဒါပေမဲ့ သိပ်တော့လည်း မထူးပါဘူး

အပြောခံရမယ့် အချိန်ရောက်လာတဲ့အခါ အပြောခံရတာပါပဲ။ အာမခံနိုင်တာတခုကတော့ ကျွန်တော့်ကိုယ်ကျိုးအတွက် အလှူငွေနဲ့ ကျွန်တော်ဖိနပ်တရံတောင် ဝယ်မစီးခဲ့ပါဘူး။စစ်ဘေးရှောင်တွေအတွက် လှူလိုက်တဲ့အထုပ်ထဲက ဖိနပ်ပဲယူစီးပါတယ် အိမ်ပေါင်ထားတာလည်း တခါမှမရှိပါဘူး

ရွေးတယ်ဆိုတာ ပို​တောင်ဝေးပါသေးတယ် ဆိုင်ကယ်လည်း မဝယ်ပါဘူး။အလှူငွေကောက်လို့ ငါအပြောခံရတာ အလှူငွေ မကောက်တော့ဘူးကွာ ရပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ ဘာပြသနာတွေရှိလာလဲဆိုတော့ ကျွန်တော့်ရဲ့လုပ်အားရပ်တန့်သွားတာပဲ We are nothing without donation and so do I

ကျွန်တော်လှူခဲ့ဖူးတဲ့ အဖွဲ့တွေကphဆက်လာတယ် မင်းကင်း ကနီ နေပြည်တော် ပုလဲ တမူး နဲ့တခြားမြို့တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေကြောင်း အကျအဆုံးများကြောင်း အရေးပေါ်ပစ္စည်းဝယ်ဖို့လိုနေကြောင်း ဖြစ်နိုင်ရင်ကူညီစေလိုကြောင်း ခါတိုင်းဆိုရင်တော့ ကျွန်တော် တက်တက်ကြွကြွ လှုပ်ရှားမှာပဲ အခုကတော့ ငြင်းလိုက်မိတယ် ကျွန်တော့်ပြသနာတွေလည်း အကိုတို့ကြားမယ်ထင်တယ်

ကျွန်တော်အခု donation တွေရပ်လိုက်ပြီ ပြောရမှာအားနာပေမဲ့ ကျွန်တော် မကူညီနိုင်တော့ဘူးဆိုတော့ ဘာပြန်ပြောကြလဲဆိုရင် နားလည်ပါတယ် ကျွန်တော်တို့ဆရာမဘက်မှာရှိပါတယ် အားတင်းထားပါတဲ့ ကျွန်တော်မကူညီနိုင်တာအတွက် မငြူစူတဲ့အပြင် ပြန်တောင်အားပေးသွားတယ်။ အဲ့ညက ကျွန်တော်အိပ်မပျော်ဘူး

အသက်တောင်ရင်းထားတဲ့သူတွေကို ကျွန်တော်ကကူညီဖို့ ငြင်းလိုက်တာတဲ့ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ အသက်တောင်ရင်းနေကြတာကို ကျွန်တော်က နာမည်လေးတောင် မရင်းနိုင်ဘူးလားလို့ ကိုယ့်ကိုကိုပြန်မေးကြည့်တယ် ၊ချင်းပြည်နယ် မှာနေ့တိုင်းတိုက်ပွဲတွေဖြစ်နေတယ် မင်းတပ်ကသူတို့ချစ်ပေးကြတဲ့ အပြောခံအဆိုခံပြီး ကာကွယ်ပေးကြတဲ့ ဆရာမငြိမ်းဆိုတဲ့ ဆရာဝန်က ဘာလုပ်နေသလဲ

Fbပေါ်က ကိုယ်နဲ့မသိတဲ့ မတွေ့ဖူးတဲ့ သူတွေရဲ့post တွေအတွက် ချောင်မှာ ထိုင်ပြီးငိုင်နေတယ် စိတ်ညစ်နေတယ်။ မဟုတ်သေးဘူး ငါလုပ်နေတာတွေမဟုတ်သေးဘူး အတူရှိနေတဲ့ ဆရာဝန်စီနီယာအကိုကို ရင်ဖွင့်တော့ သူကဘာပြောလဲဆိုတော့ နင် မထောက်ပံ့နိုင်ရင် နင်က ဒီပေါ်မှာ လူပိုပဲညီမလေးတဲ့၊

ဟုတ်တာပေါ့ လူပိုအနေနဲ့တော့ကျွန်တော်ဆက်မနေချင်ဘူး အဲ့ဒါဆိုရင် ဘာဆက်လုပ်မလဲ။အပြောခံမလား နာမည်ပျက်ခံမလားလူပိုအနေနဲ့ ကိုယ့်ရှေ့မှာ ရိက္ခာပြတ်လပ်နေတာတွေ သေကြေနေကြတာတွေ ရင်နာခံပြီးထိုင်ကြည့်မလားဆို ပထမလမ်းကို ကျွန်တော်ရွေးမယ်

နာမည် ကျော်ကြားမူ ဆိုတာ တကယ်က ဘာမှမဟုတ်ပါဘူး သတ်မှတ်ချက်ပါပဲ။ လူချစ်လူခင်များတယ်ဆိုတာလည်းတကယ်ကတော့ Fbက love react အရေအတွက်သက်သက်ပါပဲ တကယ်ဒုက္ခရောက်တော့ ဘေးနားကအတူရှိတဲ့သူတွေပဲဒုက္ခခံရတာပဲ ဒီတော်လှန်ရေးပြီးရင် တော်လှန်ရေးကရတဲ့ အကျိုးအမြတ်

နာမည်ထင်ပေါ်မှု ငွေကြေး နေရာဘာတခုမှ ကျွန်တော်မယူဘူးA Nyein ဆိုတဲ့သတ်မှတ်ခံထားရတဲ့ဘဝမှာလည်း ဆက်မနေဘူး။အရင်လိုစီးပွါးရေး ပြန်လုပ်ဖြစ်ရင် ဟုတ်ကဲ့ ဘာအလိုရှိပါသလဲ အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောရတဲ့ဘဝကိုပဲ ပြန်သွားမယ်။

ဆရာဝန်ဆက်လုပ်ဖြစ်ခဲ့ရင်လည်း နင်ကဆရာဝန်ဖြစ်မလာခဲ့သင့်ဘူးလို့ အဆူခံရတဲ့ဘဝကိုပဲ ကျေကျေနပ်နပ်ပြန်သွားမယ်။ နောက်ဆုံးကျွန်တော်ပြောချင်တာက ကျွန်တော့်ကိုယုံကြည်ပေးပါ ဆက်ယုံကြည်ပေးပါ။ကျွန်တော် management လွဲတာရှိကောင်းရှိမယ် အတွေးတွေမှားသွားတာ

တခြားသူတွေနဲ့ အယူအဆ ထင်မြင်ချက်တွေမတူတာ ရှိကောင်းရှိမယ်။ဒါပေမဲ့ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစားမလုပ်ဘူးဆိုတာ အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်။အကယ်၍ မယုံကြည်နိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့လုပ်အားကို အသိအမှတ်ပြုပေးပါ သိန်းပေါင်း ၁၉၀၀၀ ကျော်ပါ $1million နီးပါးပါ။

အိမ်တအိမ်ခိုင်ခန့်ဖို့တည်တန့်ဖို့ဆိုတာ ဒေါက်တိုင်တွေအများကြီးလိုပါတယ် ကျွန်တော်တို့က ဒေါက်တိုင်တွေထဲကတတိုင်ပါ အတွင်းမှာခြစားနေတယ် ပိုးထိုးနေတယ်လို့ထင်ရင်တောင် အစားထိုးဖို့ နောက်ထပ်တိုင်မရှိသေးရင် ဖြိုချလို့မဖြစ်သေးပါဘူး အိမ်ပြိုသွားပါလိမ့်မယ်

မပြိုရင်တောင် ခိုင်ခန့်မူအားနည်းသွားပါလိမ့်မယ်။အားလုံးပြီးစီးပြီဆိုမှ ဖြိုချပါ နောက်မကျပါဘူး အိမ်တည်ဆောက်ပြီးဖို့က အရင်အရေးကြီးတာပါ”ဆိုပြီး ဆရာဝန်မလေး အငြိမ်းက ဖြေရှင်းလာခဲ့တာပဲ ဖြစ်ပါတယ်နော်။