ၾကားသိရသမွ်

ပြန်ပေးဆွဲခံရတယ်လို့ လိမ်ညာပြီး အဖေဆီကနေ ခြိမ်းခြောက်ငွေတောင်းခဲ့တဲ့ ညီအစ်မ ၃ ယောက်ရဲ့အဖြစ်

တချို့လူတွေက ငွေကို လောဘကြီးတာကြောင့် မလုပ်သင့်တာတွေကို လုပ်မိကြပါတယ်။ မလေးရှားနိုင်ငံက ညီအစ်မ သုံးယောက်ကတော့ ငွေကို မကြံကောင်းမစည်ရာ ကြံစည်မိလို့ ရဲဖမ်းတာ ခံလိုက်ရပါတယ်။

သူတို့ ညီအစ်မသုံးယောက် ပြန်ပေးဆွဲခံရတယ် လို့ လိမ်ညာပြီး အဖေဆီကနေ ငွေပြန်ညှစ်တာပါ။ သူတို့အဖေက ရဲကို တိုင်လိုက်တဲ့အခါ ၃ ယောက်လုံး အဖမ်းခံလိုက်ရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့တုန်းက အသက် ၂၅ နှစ်ကနေ ၃၂ နှစ်အရွယ်ကြား ရှိကြတဲ့ ညီအစ်မသုံးယောက်က သူတို့ ပြန်ပေးဆွဲခံလိုက်ရလို့ ငွေနဲ့လာရွေးပါလို့ အဖေကို ဖုန်းဆက်ပါတယ်။

ဒါပေမယ့် အသက် ၆၆ နှစ်အရွယ်အဖေက ရဲကို ချက်ချင်း အကြောင်းကြားလိုက်တာကြောင့် ရဲက သူတို့ ၃ ယောက်ကို လိုက်ရှာပါတယ်။ အောက်တိုဘာလ ၄ ရက် ည ၈ နာရီခွဲမှာ သူတို့ ညီအစ်မ ၃ ယောက်ကို နေရာနှစ်နေရာမှာ ရှာတွေ့ပါတယ်။ သူတို့ ၃ ယောက်ကို အောက်တိုဘာ ၇ ရက်နေ့အထိ ချုပ်မိန့်ပေးထားပါတယ်။

သူတို့ညီအစ်မ ၃ ယောက်က အဖေဆီကနေ ငွေလိုချင်တာကြောင့် ဇာတ်လမ်း အတုအယောင် ဖန်တီးလိုက်တာပါ။ ရဲတွေကတော့ ဆက်လက် စစ်ဆေးနေပါတယ်။ စီရင်ချက်ချမယ် ဆိုရင် အများဆုံးထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ဆောင်ရနိုင်ပါတယ်။ ဒါမှမဟုတ် ကျာပွတ်နဲ့ ရိုက်နှက် အပြစ်ပေးခံရမှာပါ။

ဒါမှမဟုတ် ထောင်လည်းကျ၊ ငွေဒဏ်လည်းဆောင်၊ ကျာပွတ်နဲ့လည်း အရိုက်ခံရနိုင်ပါတယ်။ မိသားစုချင်း လုပ်ကြံဇာတ်လမ်းထွင်ပြီး ငွေညှစ်ရင် မိဘကတော့ ခွင့်လွှတ်ချင် ခွင့်လွှတ်မှာပါ။ တရားဥပဒေကတော့ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။

Zombie (Lovemedia)

for zawgyi

ျပန္ေပးဆြဲခံရတယ္လို႔ လိမ္ညာၿပီး အေဖဆီကေန ၿခိမ္းေျခာက္ေငြေတာင္းခဲ့တဲ့ ညီအစ္မ ၃ ေယာက္ရဲ႕အျဖစ္

တခ်ိဳ႕လူေတြက ေငြကို ေလာဘႀကီးတာေၾကာင့္ မလုပ္သင့္တာေတြကို လုပ္မိၾကပါတယ္။ မေလးရွားႏိုင္ငံက ညီအစ္မ သုံးေယာက္ကေတာ့ ေငြကို မႀကံေကာင္းမစည္ရာ ႀကံစည္မိလို႔ ရဲဖမ္းတာ ခံလိုက္ရပါတယ္။

သူတို႔ ညီအစ္မသုံးေယာက္ ျပန္ေပးဆြဲခံရတယ္ လို႔ လိမ္ညာၿပီး အေဖဆီကေန ေငြျပန္ညႇစ္တာပါ။ သူတို႔အေဖက ရဲကို တိုင္လိုက္တဲ့အခါ ၃ ေယာက္လုံးအဖမ္းခံလိုက္ရပါတယ္။ ေအာက္တိုဘာလ ၁ ရက္ေန႔တုန္းက အသက္ ၂၅ ႏွစ္ကေန ၃၂ ႏွစ္အ႐ြယ္ၾကား ရွိၾကတဲ့ ညီအစ္မသုံးေယာက္က သူတို႔ျပန္ေပးဆြဲခံလိုက္ရလို႔ ေငြနဲ႔လာေ႐ြးပါလို႔ အေဖကို ဖုန္းဆက္ပါတယ္။

ဒါေပမယ့္ အသက္ ၆၆ ႏွစ္အ႐ြယ္အေဖက ရဲကို ခ်က္ခ်င္း အေၾကာင္းၾကားလိုက္တာေၾကာင့္ ရဲက သူတို႔ ၃ ေယာက္ကို လိုက္ရွာပါတယ္။ ေအာက္တိုဘာလ ၄ ရက္ ည ၈ နာရီခြဲမွာ သူတို႔ ညီအစ္မ ၃ ေယာက္ကို ေနရာႏွစ္ေနရာမွာ ရွာေတြ႕ပါတယ္။ သူတို႔ ၃ ေယာက္ကို ေအာက္တိုဘာ ၇ ရက္ေန႔အထိ ခ်ဳပ္မိန႔္ေပးထားပါတယ္။

သူတို႔ညီအစ္မ ၃ ေယာက္က အေဖဆီကေန ေငြလိုခ်င္တာေၾကာင့္ ဇာတ္လမ္း အတုအေယာင္ ဖန္တီးလိုက္တာပါ။ ရဲေတြကေတာ့ ဆက္လက္ စစ္ေဆးေနပါတယ္။ စီရင္ခ်က္ခ်မယ္ ဆိုရင္ အမ်ားဆုံးေထာင္ဒဏ္ ၁၀ ႏွစ္နဲ႔ ေငြဒဏ္ ေဆာင္ရႏိုင္ပါတယ္။ ဒါမွမဟုတ္ က်ာပြတ္နဲ႔ ႐ိုက္ႏွက္ အျပစ္ေပးခံရမွာပါ။

ဒါမွမဟုတ္ ေထာင္လည္းက်၊ ေငြဒဏ္လည္းေဆာင္၊ က်ာပြတ္နဲ႔လည္း အ႐ိုက္ခံရႏိုင္ပါတယ္။ မိသားစုခ်င္း လုပ္ႀကံဇာတ္လမ္းထြင္ၿပီး ေငြညႇစ္ရင္ မိဘကေတာ့ ခြင့္လႊတ္ခ်င္ ခြင့္လႊတ္မွာပါ။ တရားဥပေဒကေတာ့ ခြင့္လႊတ္မွာ မဟုတ္ပါဘူး။

Zombie (Lovemedia)