ၾကားသိရသမွ်

VPN တွေစစ်တဲ့ မအလရဲ့ တပည့်ကျော်တွေကို အာ့မှာတစ်ကွက်ပြလိုက်ပီ…

အာ့မှာတစ်ကွက်ပြလိုက်ပီ

လမ်းမှာစစ်ဆေးရေးနဲ့ တွေ့တာ..

” ဟျောင့်…မင်း ဖုန်းပေးစမ်း..”

” ဟုတ်…ဒီမှာ အစ်ကို ”

” ပေး..”

” သေချာတော့..ကိုင်နော် အစ်ကို ။ ဖုန်းတန်ဖိုးက အစ်ကိုတို့ တစ်နှစ်စာ လစာလောက် ရှိတယ်..”

” ဟျောင့်..လျှာမရှည်နဲ့ ။ ငါကိုင်ချင်သလို ကိုင်မယ် ။ ဒါနဲ့ လော့ဒ်က ဘယ်လို ဖွင့်ရတာလဲ ”

” မျက်လုံးနဲ့ ဖွင့်ရတာ အစ်ကို..”

” ဟွန်း…ဒါလေးများ..”

ပြောပြီးသူ့မျက်လုံးကြီးနဲ့ ပြူးပြဲ ကြည့်ပြီးဖွင့်ပါလေရော..

ပြီးတော့..

” ဟျောင့်..မရပါလား..”

” ဪ..ရမလား ။ ကျုပ်ဖုန်းကို ကျုပ်မျက်လုံးနဲ့ ဖွင့်မှ ရမှာပေါ့..”. .

” ဟာ..လိ့လိုပဲ ။ စောစောက မပြောဘူး ။ ရော့…ဖွင့်စမ်း..”

ရှက်ကိုးရှက်ကန်းနဲ့ဖုန်း ပြန်ပေးလို့..ဖွင့်ပေးလိုက်ပြီး..

” ရပြီ အစ်ကို..”

” ဟင်..မင်း facebook က log in မဝင်ထားပါလားကွ ။ ရော့..fb ပါ တစ်ခါတည်း ဖွင့်…”

” ဖွင့်လို့ မရဘူး အစ်ကို..”

” ဘာကွ..!။ မင်း သေချင်လို့လား ။ ဖွင့်ဆို ဖွင့်စမ်း..”

” ဟာ..မရပါဘူးဆို ။ facebook က vpn ခံမှ ဖွင့်လို့ရတာလေ..”

” အာ့ဆို…ခံလေ..”

” အောင်မယ်….ဘာလို့ ခံရမှာလဲ ။ ခင်ဗျားတို့ပဲ vpn သုံးရင် ထောင် ၃ နှစ်ဆို…”

” တိန်…”

ဟွန်း

ဘာရမလဲ..

မင်းတို့ ဥပဒေ..

မင်းတို့ အရင်ခံ…ဒါပဲ..

လူချွန်တော်

credit #photo

unicode

အာ့မှာတစျကှကျပွလိုကျပီ




























credit #photo