အိမ်
Credit
unicode
ပရိသတ်ကြီးရေ စည်သူဝင်းနဲ့ ခြောက်နှစ်ကျော် လက်တွဲခဲ့တဲ့ ကောင်မလေးကတော့ လူမှုကွန်ယက်မှာ ဖောက်ပြန်ထားတဲ့
အချက်အလက် တွေကို တင်ပြီး နာရီပိုင်းအကြာမှာပဲ အကောင့် အဟက်ခံ ခဲ့ရပါတယ်။
သူမဆီကို ပြန်လာပါရစေ ဆိုပြီး ငိုယို တောင်းပန်ထားတဲ့ စည်သူဝင်းရဲ့စာတွေကို သက်သေအဖြစ် တစ်ခုချင်းစီ ထုတ်ပြလိုက်တဲ့
မြတ်နိုးအိမ်
တစ်ချို့ပရိသတ်တွေ ကလည်း သူမကို အပြစ်တင် ဝေဖန်နေ တာကြောင့် အတော်လေးကို ပင်ပန်းနေတာ ဖြစ်ပါတယ်။
မကြာသေးခင်က မြတ်နိုးအိမ်ရဲ့ Instagram အကောင့်တွင် အခုလိုရေးသားထားတာ ဖြစ်ပါတယ်။
” မနက်ဖြန်ဆို ခြောက်နှစ်ပြည့်မှာ ပြောတော့ အရမ်းချစ်တယ်ဆို အရင်အမှားတွေအတွက် ပြင်ပြီး
နောင်တရ တယ်ဆို လက်ထပ်ကြတော့မယ်ဆို နောက်တစ်ယောက်ရှိနေတာတောင် အရမ်းချစ်ပြခဲ့ အရမ်းဂရုစိုက် ပြခဲ့တာတွေကဟန်ဆောင် ခဲ့တာတွေပဲလား။
အားလုံး မျက်စိစုံမှိတ်ပြီး ယုံမိခဲ့တဲ့ ငါ့အမှားလား နင်ပဲ မင်းသားမို့ ဟန်ဆောင် ကောင်းလွန်းခဲ့တာလား?
ငါ့ကိုလည်း တစ်ချိန်လုံး love you miss youပြောတာတွေက တစ်ဖက်ကိုလဲအဲ့ပုံစံ အတိုင်းတဲ့လား။
ငါ့အတွက်ပဲ ထင်ခဲ့တာ ၆ နှစ်လုံး ရင်နာလိုက်တာ ငါ့ဘေးမှာလဲ ငါ့ကို အရမ်းချစ်ပြ ဟိုဘက်ကိုလဲ တစ်ချိန်လုံး ချစ်ပြ။
ငါက ချစ်တယ် လွမ်းတယ် တီတီတာတာတွေပြန်မပြောတတ် ခဲ့လို့လားစကားတွေ ချိုသာစွာ မပြောတတ်ပေမယ့်
ဘယ်လောက်ထိ အကောင်းဆုံး ရှိပေးခဲ့လဲဆိုတာ အသိဆုံးပါပဲ
ဘဝမှာ မိသားစုနဲ့ ဝေးတစ်ယောက်တည်းမို့ အချစ်ငတ်ခဲ့တဲ့ငါ့ကို လှည့်ဖျားရက်တယ်။
ရင်တွေကွဲလွန်းလို့ သေတော့မယ် ပိုဆိုးတာက တစ်ဖက်ကလဲ သိရက်နဲ့ နှစ်ယောက်ပေါင်းပြီး လိမ်ရက်တယ် အရူး လုပ်ရက်တယ်။
“ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
Credit