ၾကားသိရသမွ်

ဗီယက်နမ်မှာ လူကြိုက်များပြီး လက်မလည်အောင် ရောင်းကောင်းနေတဲ့ အိမ်မြှောင် ထမင်းကြော်

နိုင်ငံတိုင်းမှာ နေရာဒေသအလိုက် ဒေသထွက် အစားအစာဆိုတာရှိကြပြီး များသောအားဖြင့်တော့ လူကြိုက်များကြပါတယ်။ ဘယ်ဒေသမှာတော့ ဘယ်လို အစားအစာတွေက ကောင်းတယ်ဆိုတာ လူတိုင်းသိကြပြီး အလည်အပတ်သွားတဲ့အခါတော့ ထိုဒေသရဲ့ နာမည်ကြီးအစားအစာကို လက်ဆောင်အဖြစ် ဝယ်ယူတာမျိုး၊ စားသုံးတာမျိုး ပြုလုပ်တတ်ကြပါတယ်။

 

.

ဒါပေမဲ့ အချို့အစားအစာတွေက အရမ်းကို စိတ်လှုပ်ရာစဖွယ်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွေဒေသမှာ လုံးဝမစားဘဲ ရွံ့စရာ၊ ကြောက်စရာလို ထင်ထားတဲ့အရာတွေက အခြားဒေသမှာတော့ အကြိုက်ဆုံးအစားအစာတစ်ခုအနေနဲ့ စားသုံးနေကြလို့ပါပဲ။ ယခုလည်းဗီယက်နမ်က အစားအသောက် ပုံတွေ ကြောင့် ဗီယက်နမ်လူမျိုးတွေကို အစားအသောက် ပက်စက်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

.

ယခုတလော ဗီယက်နမ်မှာ လက်မလည်အောင် ရောင်းကောင်းနေတဲ့ အရာကတော့ အိမ်မြှောင်ပဲဖြစ်ပါတယ်။ အဆိုပါ အိမ်မြှောင်ဟာ ဈေးကွက်မှာ ဈေးကောင်းရရှိပြီး အိမ်မြှောင်ကြပ်တိုက်ကင်၊ အိမ်မြှောင်ကြော် ဆိုပြီး ထမင်းနဲ့ တွဲဖက်ရောင်းချလျှက်ရှိပါတယ်။ အသားငါး၊ ငါးခြောက်လိုမျိုး ကုန်သည်တွေဟာ သိုလှောင်ပြီး စီးပွားဖြစ်ရောင်းချမှုတွေလည်းရှိပါတယ်။

.

အခြားသူတွေအတွက်တော့ အိမ်မြှောင်တစ်ကောင် ဟင်းခွက်ထဲကျသွားရင် ရွှံ့ရှာမှန်းတီးပေမဲ့ ဗီယက်နမ်တွေ အတွက်တော့ အိမ်မြှောင်ကို တကူးတက အခြောက်လှန်းပြီး မုန့်ပဲ သရေစာတစ်ခုလို မြိန်ရေ ရှက်ရည် စားသုံးနေကြတာတော့ တကယ့်ကို အံ့သြစရာပါပဲ။ ကဲ! မိတ်ဆွေတို့ရော ဒီလို အစားအသောက်မျိုး စားဖို့အစီအစဉ်ရှိကြလား?

Source:worldofbuzz

Shar by (TarTay Media)

ႏိုင္ငံတိုင္းမွာ ေနရာေဒသအလိုက္ ေဒသထြက္ အစားအစာဆိုတာရွိၾကၿပီး မ်ားေသာအားျဖင့္ေတာ့ လူႀကိဳက္မ်ားၾကပါတယ္။ ဘယ္ေဒသမွာေတာ့ ဘယ္လို အစားအစာေတြက ေကာင္းတယ္ဆိုတာ လူတိုင္းသိၾကၿပီး အလည္အပတ္သြားတဲ့အခါေတာ့ ထိုေဒသရဲ႕ နာမည္ႀကီးအစားအစာကို လက္ေဆာင္အျဖစ္ ဝယ္ယူတာမ်ိဳး၊ စားသုံးတာမ်ိဳး ျပဳလုပ္တတ္ၾကပါတယ္။

.

ဒါေပမဲ့ အခ်ိဳ႕အစားအစာေတြက အရမ္းကို စိတ္လႈပ္ရာစဖြယ္ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ေတြေဒသမွာ လုံးဝမစားဘဲ ႐ြံ႕စရာ၊ ေၾကာက္စရာလို ထင္ထားတဲ့အရာေတြက အျခားေဒသမွာေတာ့ အႀကိဳက္ဆုံးအစားအစာတစ္ခုအေနနဲ႔ စားသုံးေနၾကလို႔ပါပဲ။ ယခုလည္းဗီယက္နမ္က အစားအေသာက္ ပုံေတြ ေၾကာင့္ ဗီယက္နမ္လူမ်ိဳးေတြကို အစားအေသာက္ ပက္စက္တယ္ဆိုၿပီး ေဝဖန္မႈေတြ ရွိလာခဲ့ပါတယ္။

.

ယခုတေလာ ဗီယက္နမ္မွာ လက္မလည္ေအာင္ ေရာင္းေကာင္းေနတဲ့ အရာကေတာ့ အိမ္ေျမႇာင္ပဲျဖစ္ပါတယ္။ အဆိုပါ အိမ္ေျမႇာင္ဟာ ေဈးကြက္မွာ ေဈးေကာင္းရရွိၿပီး အိမ္ေျမႇာင္ၾကပ္တိုက္ကင္၊ အိမ္ေျမႇာင္ေၾကာ္ ဆိုၿပီး ထမင္းနဲ႔ တြဲဖက္ေရာင္းခ်လွ်က္ရွိပါတယ္။ အသားငါး၊ ငါးေျခာက္လိုမ်ိဳး ကုန္သည္ေတြဟာ သိုေလွာင္ၿပီး စီးပြားျဖစ္ေရာင္းခ်မႈေတြလည္းရွိပါတယ္။

.

အျခားသူေတြအတြက္ေတာ့ အိမ္ေျမႇာင္တစ္ေကာင္ ဟင္းခြက္ထဲက်သြားရင္ ႐ႊံ႕ရွာမွန္းတီးေပမဲ့ ဗီယက္နမ္ေတြ အတြက္ေတာ့ အိမ္ေျမႇာင္ကို တကူးတက အေျခာက္လွန္းၿပီး မုန႔္ပဲ သေရစာတစ္ခုလို ၿမိန္ေရ ရွက္ရည္ စားသုံးေနၾကတာေတာ့ တကယ့္ကို အံ့ၾသစရာပါပဲ။ ကဲ! မိတ္ေဆြတို႔ေရာ ဒီလို အစားအေသာက္မ်ိဳး စားဖို႔အစီအစဥ္ရွိၾကလား?

Source:worldofbuzz

Shar by (TarTay Media)