အကြည်တော်ကိုဟာသ၀တ္ထုရေးသူတစ်ယောက်သာထင်ခဲ့တာဒီလိုကဗျာမျိုးလည်းရေးတတ်သူပါ👇👇👇
တချို့ကကြက်သားဟင်းကို ကြွားနေကြတယ်။
တချို့ကဖက်များခင်းလို့ စားနေရတယ်။
တချို့ကစျေးတက်လို့ မုန်းနေကြတယ်။
တချို့ကကလေးလက်ဆွဲလို့ ပုန်းနေရတယ်။
တချို့ကရည်းစားနဲ့ အချစ်တွေပွါးနေကြတယ်။

တချို့ကမငြီးတွားဘဲ မျှစ်တွေစားနေရတယ်။
တချို့ကအမျိုးနဲ့အဆွေနဲ့ လွမ်းနေကြတယ်။
တချို့ကမိုးထဲရေထဲ လှမ်းနေရတယ်။
တချို့ကအိပ်ယာခင်းပြီး မိုက်နေကြတယ်။
တချို့ကသိက္ခာရင်းပြီး တိုက်နေရတယ်။
ကြိတ်ခါရှင်းလို့ မရတဲ့အချိန်မို့ဘာဖြစ်ဖြစ်ငါ့လိပ်ပြာတော့လုံပါရစေ။
#အကြည်တော်
unicode
တခြို့ကသိက်ခာရငျးပွီး တိုကျနရေတယျ။
unicode