အရမ်းဆာလွန်းလို့ ကြက်သားဟင်းနဲ့ ထမင်းကို လမ်းဘေးမှာ ထိုင်ချပြီး စားနေရရှာတဲ့ အဖိုး
ထမင်း (၁)နပ် တန်ဖိုး
မနက်က ကြက်သားဟင်းနှင့် အယောက် (၁၀၀၀)စာ ထမင်းကျွေးတော့… ပလုံကောက်တဲ့ အဖိုး တယောက်လာပြီး တောင်းရှာတယ်။

အဖိုးကို တန်းစီးခိုင်းပြီ…အထုပ်လေးလဲ ရရော… ချက်ချင်း ဘေးလေးမှာ…ထိုင်ချပြီ စားရှာတယ်။ အဖိုး…ဗိုက်အရမ်း ဆာနေလို့လား။
ဟုတ်တယ် သား… ဒီနေ့ သားတို့နဲ့ တွေ့တာ အဖိုး ကံကောင်းတာပဲ။ ဘာလို့လဲ အဖိုး၊ တနေကုန် ထမင်း မစားရတဲ့ရက်တွေ ရှိတယ် သားရယ်။ ဒီနေ့တော့ ကြက်သားဟင်းနဲ့ဆိုတော့…အဖိုး အရမ်းစားချင်လာလို့ပါ။ ပိုတာလေး အဖိုး ပြန်ယူသွားမယ်နော်…ညနေကျ ထပ်စားမလို့… ကြက်သားဟင်းမစားရတာ ကြာပြီ
ဟုတ် အဖိုး…ရပါတယ် ယူသွားပါ…ထပ်ထည့်ပေးမယ်နော်…လာ ခုံပေါ် တင်စားပါနော်။ ကျေးဇူးပါ သားရယ်…အရမ်း ဆာနေလို့ပါ။

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးသော (၇)ရက်သားသမီးများအား ကျေးဇူးတင်ပါတယ်ဗျ )
ဪ…ထမင်းတနပ်ရဲ့ တန်ဖိုး…ရှိသူအဖို့ မသိသာပေမဲ့…မရှိတဲ့သူ အတွက်ကျ အရမ်း တန်ဖိုးရှိနေပါလား။ ဆာနေသူများအတွက် အမြဲ ကျွေးနိုင်တဲ့ လက်တစုံ ဖြစ်ရပါလို၏။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ



