ၾကားသိရသမွ်

ရန်ကုန်ကို အလှည့်ကျ ပေးနေတဲ့ လာရမယ့် အချိန်မှာ ထပ်ပြတ်ဦးမည်ဟု EPC ကြေညာ

ရန်ကုန်တိုင်းကို အလှည့်ကျပေးနေတဲ့ လျှပ်စစ်မီးအနေနဲ့ လာရမယ့် အချိန်မှာ ထပ်ပြတ်ဦးမယ်လို့ အီးပီစီက ကြေညာလိုက်ပါတယ်။

ကြေညာချက် အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့်

အနောက်ပိုင်းခရိုင်အတွင်းရှိ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်များသို့ ဓာတ်အားပေးထားသော

33kV သီတာ-လိပ်ကန်ဖီဒါသည် (၂၂.၃.၂၀၂၂)ရက်နေ့ (၀၉:၃၀)နာရီအချိန်ခန့်တွင်

Under Ground Cableနှင့် Panel Flash Over အပြစ်ဖြစ်ပွားခဲ့ပြီး အဆိုပါ မြို့နယ်များအတွင်းရှိ နေရာအချို့ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

အဆိုပါ အပြစ်ဖြစ်မှုအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ

အချိန်နှင့်တပြေးညီ ပြုပြင်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဓာတ်အားပြန်ပေးနိုင်မည်ဖြစ်ပါကြောင်း

မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)

ရန်ကုန်က လူတွေကတော့ အမှောင်လူသားတွေ ဖြစ်ကုန်ကြပါပြီလို့ ရန်ကုန်နေ ပြည်သူတွေက မှတ်ချက် ပေးနေကြပါတယ်။

zawgyi,










