ၾကားသိရသမွ်

ချောင်းဦးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျ

ချောင်းဦးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချောင်းဦးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉နာရီခန့်တွင် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးလောင် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

” ရွာလုံးကျွတ် နီးပါးလောက် မီးလောင် ပျက်စီးတယ်။ ရွာမှာ အိမ်ခြေက ၄ဝဝ လောက်ရှိတယ်။ အိမ်ခြေ အရေအတွက်ဘယ်လောက် ပျက်စီးတယ်ဆိုတာတော့ မသိရသေးဘူး။ အကုန်လုံးကို မီးရှို့သွားတာ ပြာပဲကျန်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင်းရှိ အိမ်ခြေ(၄၀၀)ကျော်ရှိသည့် ချောင်းဦးကျေးရွာကို ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ၍ ဒေသပြည်သူများအားလုံး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန် ပြန်ကြာရေးအဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။