ဘာကြောင့်ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲဆိုတာကို အကြောင်းအရင်းခိုင်လုံစွာနဲ့ရှင်းပြလာတဲ့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးရဲ့ ပြောကြားချက်
ဘာကြောင့် ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲ ကိုနေနိုင်ထွန်း (ဘဏ်ဝန်ထမ်းဟောင်း) ဘဏ်အပ်ငွေ အကုန်ပြန် ထုတ်ထားကြပါ ။ ဘာကြောင့် ငွေတွေ အကုန်ထုတ်သင့်သလဲဆိုတာ ဘဏ်ငွေကြေးစနစ် ကျွမ်းကျင်သူ ပြောပြတာလေးကို ပြောပြပါ့မယ် …
ပြည်သူများအနေနဲ့ မိမိတို့ပိုင်ငွေတွေကို ဘဏ်တွေက ဘာကြောင့် ကိုယ်လိုချင်သလောက် မထုတ်ပေးနိုင်သလဲဆိုတာ ဘဏ်တွေထဲမှာ ဗဟိုဘဏ် အပါအဝင် ငွေကြေးပျက်လပ်နေပြီတဲ့သဘောပါ။
ဘဏ်တွေဟာ အပ်ငွေတွေကို စီးပွားရေး လုပ်ငန်းတွေ ပြန်ချေးပေး ထားတာပါ။ လုပ်ငန်းရှင်တွေဆီကရတဲ့ ချေးငွေနဲ့ အတိုးပြန်ပေးရတာပါ။အခုချိန်မှာ စီးပွားရေးအားလုံး ရပ်တန့်နေပြီး စက်ရုံတွေလည် ပိတ်သိမ်းထားကြလို့ ဘဏ်တွေဟာ ချေးထားတဲ့ငွေတွေ ပြန်မရကြပါဘူး။ ချေးငွေတွေပြန်မရတဲ့အပြင်သာမန်ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဘဏ်တွေထဲကို အပ်ငွေတွေ လာမထည့် ကြတော့ပါဘူး။
နေ့စဉ် ပြည်သူတွေသွားထုတ်နေကြတဲ့ မိမိပိုင်ငွေတွေဟာ ဘဏ်ပိုင်ပိုက်ဆံတွေ မဟုတ်ပါဘူး။ အပ်ငွေတွေနဲ့ အစားထိုး ပြန်ထုတ်ပေးနေတာပါ။ အခုချိန်မှာ အပ်ငွေမရှိလို့ ပြည်သူပိုင် အပ်ငွေတွေ ပြန်ထုတ် မပေးနိုင်လို့ အကန့်အသတ်နဲ့ ထုတ်နေရတာတွေ တနေ့ကို ငွေနည်းနည်းပဲ ထုတ်ပေးနေတာတွေက ဘဏ်ထဲမှာ ငွေတွေမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဘဏ်ရဲ့ငွေကြေးစနစ် လှည့်ပတ်မှုက စီးပွားရေးပါပဲ။ စီးပွားရေးအားလုံး ရပ်တန့်ရင် ဘဏ်တွေထဲမှာ ငွေပျက် သွားတတ်တာပဲ။ ၂၀၀၄ မှာ အာရှဓနဘဏ် နဲ့ မေဖလားဝါးဘဏ် ပြိုလဲသွားတာလည်း စီးပွားရေးတွေ ရပ်သွားလို့ ဒေဝါလီ ခံလိုက်ရတာပဲ ။ ဘဏ်တွေ ဒေဝါလီခံလိုက်ရတာနဲ့ ပြည်သူတို့ငွေ အကုန်ဆုံးရူံးခံရတာပါပဲ။
အရင်အစိုးရတွေက စီးပွားရေးတွေ ရပ်မယ်၊ ငွေကြေးပျက်လပ်တော့မယ်ဆိုရင် ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ပြည်သူတွေငွေတွေ ထုတ်ပေး၊ ဝန်ထမ်းလစာတွေပေး လုပ်ခဲ့ကြပါတယ်။ အဲ့လိုငွေစက္ကူ အသစ်ရိုက်ထုတ်တာနဲ့ မြန်မာကျပ်ငွေက တန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတတ်လာပါတယ်။
အခု အခြေအနေက အဲလိုဖြေရှင်းလို့ မရပါဘူး။ ဘာကြောင့်ဆို ငွေစက္ကူအသစ်ရိုက်ထုတ်တဲ့ စက္ကူနဲ့ မှင်က ဂျာမနီက ဝယ်ယူတင်သွင်းရတာဖြစ်လို့ပဲ။ အမေရိကန်က စီးပွားရေးပိတ်ဆို့လိုက်တော့ ဂျာမနီက မရောင်းတော့ပါဘူး။ အခြားနိုင်ငံတွေဆီကလည်း ဝယ်ယူလို့ မရတော့ပါဘူး။
ဘာကြောင့် ငွေတွေပြန်ထုတ်သင့်သလဲဆိုတာ ပြန်ရေးပြရရင်
၁။ ဘဏ်ထဲမှာ ငွေတွေမရှိတော့လို့
၂။ စီးပွားရေးတွေ ရပ်နေလို့
၃။ ငွေစက္ကူအသစ်ရိုက်ထုတ်လို့ မရတော့လို့
၄။ စစ်ကောင်စီက သိန်းနဲ့ချီတဲ့ဝန်ထမ်းတွေကို လစာမပေးနိုင်တဲ့အပြင် ပင်စင်လစာတွေကိုပါ နောက် ၁ လလောက်နေရင် မပေးနိုင်တော့တာပဲ ပင်စင်လစာနဲ့ ဝန်ထမ်းလစာတွေကို ပြည်သူတွေရဲ့အပ်ငွေတွေကို မတရား သိမ်းဆည်းထိန်းချုပ်ပြီး ဝန်ထမ်းလစာတွေ ပင်စင်လစာတွေရဲ့ပြဿနာကို ဖြေရှင်းနိုင်လို့ မိမိတို့ငွေကြေတွေ ဆုံးရှုံးသွားနိုင်လို့ပဲ။
၅။ ပြည်တွင်းစစ်မီးစတင်ဖို့ အချိန်နီးလာလို့ပဲ၊ ပြည်တွင်းစစ်ဖြစ်ဖို့က ရာခိုင်နှုန်းများနေလို့ပဲ
၆။ အပ်ငွေမရှိပဲ ထုတ်ငွေသာများနေတဲ့ဘဏ်တွေဟာ မကြာခင် ဒေဝါလီခံရနိုင်လို့ပါပဲ
၇။ ဗိုလ်ချုပ်ပုံပါတဲ့ ၁၀၀၀ ကျပ်တန် နဲ့ ၅၀၀ ကျပ်တန်တွေ ဖျက်သိမ်းနိုင်လို့ပဲ
၈။ လုပ်ငန်းရှင်တွေ၊ ခရိုနီတွေ စီးပွားရေးပိတ်ဆို့ခံရနိုင်တာလည်း ပါတယ် ဒါ ကထိခိုက်မှု နည်းပါတယ် ။ ဘဏ်ကောင့် သစ်ဖွင့်ရင် အဲ့ဒီအကောင့်က ကြိုက်သလောက် ငွေထုတ် ငွေသွင်းလုပ်လို့ရတယ်ဆိုတာ ပြည်သူကို လိမ်လည်ပြီး ငွေလိမ်ယူမယ့် အကွက်ပါပဲ ။
ဥပမာ ဘဏ်တွေထဲမှာသာ ငွေတကယ်ရှိနေရင် ဘဏ်အကောင့်သစ် ဖွင့်ခိုင်းစရာမလိုပါဘူး။ အကောင့်ဟောင်းက ငွေတွေကိုသာ အကုန်ထုတ်ပေးရဲဖို့ပဲ လိုတာပါ။
အခုဟာ ပြည်သူတွေဆီမှာ ငွေတစ်သိန်းရှိတယ် ထား၊ အဲ့ဒီထဲက ၅ သောင်းကို ပြည်သူက ဘဏ်အကောင့်ထဲမှာ သိမ်းထားမယ်။ ဘဏ်ထဲမှာ သိမ်းထားတဲ့ ၅ သောင်းတောင် အပြည့်မထုတ်ပေးပဲ ဗဟိုဘဏ်က ထိန်းချုပ်ထားတာခံရတဲ့အပြင် နောက် ၅ သောင်းကို လိမ်လည်သိမ်းယူဖို့ ကြံနေတာပါပဲ။
အရင် ၅ သောင်းကိုတောင် ထုတ်မပေးနိုင်ပဲနဲ့ နောက်ထပ် ပြည်သူလက်ထဲကျန်နေတဲ့ ၅ သောင်းကို အကောင့်သစ်ဖွင့် စိတ်ကြိုက်ထုတ်ယူခွင့်ပေးမယ်ဆိုတာ မဖြစ်နိုင်တဲ့ လိမ်ညာမှုကြီးဖြစ်ကြောင်း မိမိပိုင် ချွေးနည်းစာ ငွေကြေးမဆုံးရူံးစေချင်ရင် ကျွန်တော့်လို လုပ်ကြပါ။
ဘဏ်အကောင့်ထဲမှာရှိတဲ့ ကျွန်တော် တစ်ထောင်ကျပ်သာချန်ထားပြီး အကုန်ပြန်ထုတ်ယူ သိမ်းထားလို့ပဲ၊ ဒီလိုအချိန်မှာ ကိုယ့်လက်ထဲမှာ သိမ်းထားတာလောက်လုံခြုံတဲ့ အရာမရှိဘူး။ ကိုယ့်မိသားစု အရေးအကြောင်းတခုဖြစ်လို့ ငွေလိုအပ်လာရင် ချက်ချင်းထုတ်ယူလို့မရတဲ့ ဘဏ်ထဲမှာဘာကြောင့် အပ်ထားကြမှာလဲ …
Crd
zawgyi
ဘာေၾကာင့္ဘဏ္ထဲကေငြေတြ ျပန္ထုတ္သင့္သလဲဆိုတာကို အေၾကာင္းအရင္းခိုင္လုံစြာနဲ႔ရွင္းျပလာတဲ့ ဘဏ္ဝန္ထမ္းေဟာင္းတစ္ဦးရဲ႕ ေျပာၾကားခ်က္
ဘာေၾကာင့္ ဘဏ္ထဲကေငြေတြ ျပန္ထုတ္သင့္သလဲ ကိုေနႏိုင္ထြန္း (ဘဏ္ဝန္ထမ္းေဟာင္း) ဘဏ္အပ္ေငြ အကုန္ျပန္ ထုတ္ထားၾကပါ ။ ဘာေၾကာင့္ ေငြေတြ အကုန္ထုတ္သင့္သလဲဆိုတာ ဘဏ္ေငြေၾကးစနစ္ ကြၽမ္းက်င္သူ ေျပာျပတာေလးကို ေျပာျပပါ့မယ္ …
ျပည္သူမ်ားအေနနဲ႔ မိမိတို႔ပိုင္ေငြေတြကို ဘဏ္ေတြက ဘာေၾကာင့္ ကိုယ္လိုခ်င္သေလာက္ မထုတ္ေပးႏိုင္သလဲဆိုတာ ဘဏ္ေတြထဲမွာ ဗဟိုဘဏ္ အပါအဝင္ ေငြေၾကးပ်က္လပ္ေနၿပီတဲ့သေဘာပါ။
ဘဏ္ေတြဟာ အပ္ေငြေတြကို စီးပြားေရး လုပ္ငန္းေတြ ျပန္ေခ်းေပး ထားတာပါ။ လုပ္ငန္းရွင္ေတြဆီကရတဲ့ ေခ်းေငြနဲ႔ အတိုးျပန္ေပးရတာပါ။အခုခ်ိန္မွာ စီးပြားေရးအားလုံး ရပ္တန႔္ေနၿပီး စက္႐ုံေတြလည္ ပိတ္သိမ္းထားၾကလို႔ ဘဏ္ေတြဟာ ေခ်းထားတဲ့ေငြေတြ ျပန္မရၾကပါဘူး။ ေခ်းေငြေတြျပန္မရတဲ့အျပင္သာမန္ျပည္သူေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြကလည္း ဘဏ္ေတြထဲကို အပ္ေငြေတြ လာမထည့္ ၾကေတာ့ပါဘူး။
ေန႔စဥ္ ျပည္သူေတြသြားထုတ္ေနၾကတဲ့ မိမိပိုင္ေငြေတြဟာ ဘဏ္ပိုင္ပိုက္ဆံေတြ မဟုတ္ပါဘူး။ အပ္ေငြေတြနဲ႔ အစားထိုး ျပန္ထုတ္ေပးေနတာပါ။ အခုခ်ိန္မွာ အပ္ေငြမရွိလို႔ ျပည္သူပိုင္ အပ္ေငြေတြ ျပန္ထုတ္ မေပးႏိုင္လို႔ အကန႔္အသတ္နဲ႔ ထုတ္ေနရတာေတြ တေန႔ကို ေငြနည္းနည္းပဲ ထုတ္ေပးေနတာေတြက ဘဏ္ထဲမွာ ေငြေတြမရွိဘူးဆိုတဲ့ အဓိပၸာယ္ပါပဲ။
ဘဏ္ရဲ႕ေငြေၾကးစနစ္ လွည့္ပတ္မႈက စီးပြားေရးပါပဲ။ စီးပြားေရးအားလုံး ရပ္တန႔္ရင္ ဘဏ္ေတြထဲမွာ ေငြပ်က္ သြားတတ္တာပဲ။ ၂၀၀၄ မွာ အာရွဓနဘဏ္ နဲ႔ ေမဖလားဝါးဘဏ္ ၿပိဳလဲသြားတာလည္း စီးပြားေရးေတြ ရပ္သြားလို႔ ေဒဝါလီ ခံလိုက္ရတာပဲ ။ ဘဏ္ေတြ ေဒဝါလီခံလိုက္ရတာနဲ႔ ျပည္သူတို႔ေငြ အကုန္ဆုံး႐ူံးခံရတာပါပဲ။
အရင္အစိုးရေတြက စီးပြားေရးေတြ ရပ္မယ္၊ ေငြေၾကးပ်က္လပ္ေတာ့မယ္ဆိုရင္ ေငြစကၠဴအသစ္႐ိုက္ထုတ္ၿပီး ျပည္သူေတြေငြေတြ ထုတ္ေပး၊ ဝန္ထမ္းလစာေတြေပး လုပ္ခဲ့ၾကပါတယ္။ အဲ့လိုေငြစကၠဴ အသစ္႐ိုက္ထုတ္တာနဲ႔ ျမန္မာက်ပ္ေငြက တန္ဖိုးက်ဆင္းၿပီး ကုန္ေဈးႏႈန္းတတ္လာပါတယ္။
အခု အေျခအေနက အဲလိုေျဖရွင္းလို႔ မရပါဘူး။ ဘာေၾကာင့္ဆို ေငြစကၠဴအသစ္႐ိုက္ထုတ္တဲ့ စကၠဴနဲ႔ မွင္က ဂ်ာမနီက ဝယ္ယူတင္သြင္းရတာျဖစ္လို႔ပဲ။ အေမရိကန္က စီးပြားေရးပိတ္ဆို႔လိုက္ေတာ့ ဂ်ာမနီက မေရာင္းေတာ့ပါဘူး။ အျခားႏိုင္ငံေတြဆီကလည္း ဝယ္ယူလို႔ မရေတာ့ပါဘူး။
ဘာေၾကာင့္ ေငြေတြျပန္ထုတ္သင့္သလဲဆိုတာ ျပန္ေရးျပရရင္
၁။ ဘဏ္ထဲမွာ ေငြေတြမရွိေတာ့လို႔
၂။ စီးပြားေရးေတြ ရပ္ေနလို႔
၃။ ေငြစကၠဴအသစ္႐ိုက္ထုတ္လို႔ မရေတာ့လို႔
၄။ စစ္ေကာင္စီက သိန္းနဲ႔ခ်ီတဲ့ဝန္ထမ္းေတြကို လစာမေပးႏိုင္တဲ့အျပင္ ပင္စင္လစာေတြကိုပါ ေနာက္ ၁ လေလာက္ေနရင္ မေပးႏိုင္ေတာ့တာပဲ ပင္စင္လစာနဲ႔ ဝန္ထမ္းလစာေတြကို ျပည္သူေတြရဲ႕အပ္ေငြေတြကို မတရား သိမ္းဆည္းထိန္းခ်ဳပ္ၿပီး ဝန္ထမ္းလစာေတြ ပင္စင္လစာေတြရဲ႕ျပႆနာကို ေျဖရွင္းႏိုင္လို႔ မိမိတို႔ေငြေၾကေတြ ဆုံးရႈံးသြားႏိုင္လို႔ပဲ။
၅။ ျပည္တြင္းစစ္မီးစတင္ဖို႔ အခ်ိန္နီးလာလို႔ပဲ၊ ျပည္တြင္းစစ္ျဖစ္ဖို႔က ရာခိုင္ႏႈန္းမ်ားေနလို႔ပဲ
၆။ အပ္ေငြမရွိပဲ ထုတ္ေငြသာမ်ားေနတဲ့ဘဏ္ေတြဟာ မၾကာခင္ ေဒဝါလီခံရႏိုင္လို႔ပါပဲ
၇။ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ၁၀၀၀ က်ပ္တန္ နဲ႔ ၅၀၀ က်ပ္တန္ေတြ ဖ်က္သိမ္းႏိုင္လို႔ပဲ
၈။ လုပ္ငန္းရွင္ေတြ၊ ခ႐ိုနီေတြ စီးပြားေရးပိတ္ဆို႔ခံရႏိုင္တာလည္း ပါတယ္ ဒါ ကထိခိုက္မႈ နည္းပါတယ္ ။ ဘဏ္ေကာင့္ သစ္ဖြင့္ရင္ အဲ့ဒီအေကာင့္က ႀကိဳက္သေလာက္ ေငြထုတ္ ေငြသြင္းလုပ္လို႔ရတယ္ဆိုတာ ျပည္သူကို လိမ္လည္ၿပီး ေငြလိမ္ယူမယ့္ အကြက္ပါပဲ ။
ဥပမာ ဘဏ္ေတြထဲမွာသာ ေငြတကယ္ရွိေနရင္ ဘဏ္အေကာင့္သစ္ ဖြင့္ခိုင္းစရာမလိုပါဘူး။ အေကာင့္ေဟာင္းက ေငြေတြကိုသာ အကုန္ထုတ္ေပးရဲဖို႔ပဲ လိုတာပါ။
အခုဟာ ျပည္သူေတြဆီမွာ ေငြတစ္သိန္းရွိတယ္ ထား၊ အဲ့ဒီထဲက ၅ ေသာင္းကို ျပည္သူက ဘဏ္အေကာင့္ထဲမွာ သိမ္းထားမယ္။ ဘဏ္ထဲမွာ သိမ္းထားတဲ့ ၅ ေသာင္းေတာင္ အျပည့္မထုတ္ေပးပဲ ဗဟိုဘဏ္က ထိန္းခ်ဳပ္ထားတာခံရတဲ့အျပင္ ေနာက္ ၅ ေသာင္းကို လိမ္လည္သိမ္းယူဖို႔ ႀကံေနတာပါပဲ။
အရင္ ၅ ေသာင္းကိုေတာင္ ထုတ္မေပးႏိုင္ပဲနဲ႔ ေနာက္ထပ္ ျပည္သူလက္ထဲက်န္ေနတဲ့ ၅ ေသာင္းကို အေကာင့္သစ္ဖြင့္ စိတ္ႀကိဳက္ထုတ္ယူခြင့္ေပးမယ္ဆိုတာ မျဖစ္ႏိုင္တဲ့ လိမ္ညာမႈႀကီးျဖစ္ေၾကာင္း မိမိပိုင္ ေခြၽးနည္းစာ ေငြေၾကးမဆုံး႐ူံးေစခ်င္ရင္ ကြၽန္ေတာ့္လို လုပ္ၾကပါ။
ဘဏ္အေကာင့္ထဲမွာရွိတဲ့ ကြၽန္ေတာ္ တစ္ေထာင္က်ပ္သာခ်န္ထားၿပီး အကုန္ျပန္ထုတ္ယူ သိမ္းထားလို႔ပဲ၊ ဒီလိုအခ်ိန္မွာ ကိုယ့္လက္ထဲမွာ သိမ္းထားတာေလာက္လုံၿခဳံတဲ့ အရာမရွိဘူး။ ကိုယ့္မိသားစု အေရးအေၾကာင္းတခုျဖစ္လို႔ ေငြလိုအပ္လာရင္ ခ်က္ခ်င္းထုတ္ယူလို႔မရတဲ့ ဘဏ္ထဲမွာဘာေၾကာင့္ အပ္ထားၾကမွာလဲ …
Crd