ဆရာတော်ကြီး ပြောရင် ကွက်တိမှန်ပါတယ် ။
ထိုင်းမှာ ကလေးလေးတွေ ဂူပိတ်မိတုန်းကလည်း ဆရာတော်ကြီးက ပြန်တွေ့လိမ့်မယိလို့ ပြောခဲ့တာ မှန်ခဲ့ပါတယ်။
အခုလည်း ဆရာတော်ကြီး စကားကို သေချာလိုက်နာပါ့မယ် အရှင်ဘုရား
🙏🏻မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်
▪️သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း/အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။
(၁)လောကပါလ နတ်မင်းကြီး
(၂)သာသနာစောင့် နတ်မင်းကြီး
ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဒါန၊သီလ၊ဘာဝနာ တစ်ခုခုပြု ပြီးတိုင်း”လောကပါလနတ်မင်းကြီး နှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းကြပါစေ
ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
စိတ်ဆင်းရဲခြင်းကင်းကြပါစေ
ကိုယ်/စိတ်နှစ်ဖြာချမ်း သာစွာဖြင့် မိမိတို့ ခန္ဓာ့တာဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ ”
လို့ (၃)ခေါက်ရွတ်ပြီး အထူး မေတ္တာပို့ပါ။
ပြီးလျှင် “မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ်( ဥပမာ။ ။ ရှင်ပြုအလှူ၊ ကျောင်းအလှူ၊ ရေတွင်းရေကန် တံတားအလှူ၊ ရွှေသက်န်းအလှူ၊ ကမ္မဌာန်း ဝိပသနာ တရားအားထုတ်ခဲ့မှု ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိခဲ့မှု )
စသည့် ကုသိုလ်များနှင့်တစ်ကွ မိမိတသက်တာပြုခဲ့သော ကုသိုလ်အစုစုအား လောကပါလနတ်မင်းကြီး၊သာသနာစောင့်နတ်မင်းကြီး နှင့် လောကပါလအစောင့်အရှောက်များလုံးကို အမျှဝေပါသည်။ သာဓုခေါ်ဆိုကြပါ။”
ဆိုပြီးသေချာအမျှပေးဝေပါ။
“မတရား ရိုက်နှက် သတ်ဖြတ်ခြင်း၊အကြမ်းဖက်ခြင်း ခံနေရသည့် ပြည်သူများကိုလည်း ကာကွယ်စောင့်ရှောက်ပေးပြီး လောကပါလတရားပြန်လည်ထွန်းကားလာပါရစေ” ဆုတောင်းပါ။
တစ်ကယ်ထိရောက်ပါတယ်။
Credit