Zawgyi
စစ္ကိုင္း-မံုရြာကားလမ္းမေပၚမွာမနက္ကျဖစ္သြားတာပါ
ဧၿပီ ၊ ၂၂-၂၀၂၂
စစ္ကိုင္းတိုင္း ၊ ကေလးခရိုင္ ၊ မင္းကင္းၿမိဳ့နယ္၊ ပ်ဥ္းကိုင္းေက်းရြာအနီး ၊ မုံရြာ – တန္႔ဆည္ – ကေလးဝ မဟာၿမိဳင္ကားလမ္းမွာ မေန႔ ဧၿပီ၂၁ရက္ ေန႔လယ္ပိုင္းက ကုန္ကားတစ္စီး ဓားျပတိုက္ခံခဲ့ရတယ္လို့ ကားသမားေတြဆီက သိရပါတယ္။
” ဓားျပတိုက္ခံရတဲ့ကားက ၁၂ ဘီးကုန္တင္ကားျဖစ္တယ္ ၊ ေမာ္လိုက္ၿမိဳ့နယ္ ၊ ကင္းတပ္ရြာဘက္က ကားျဖစ္တယ္ ၊ မုံရြာကေန ကုန္ေတြနဲ႔ တက္လာတာ ” လို့ ကားသမားတေယာက္က ေျပာပါတယ္။
မုံရြာ-ကေလးဝ-ေမာ္လိုက္-ေဖာင္းျပင္-ဟုမၼလင္း ကုန္စည္ပို့ေဆာင္ေရးလုပ္ငန္းရွင္တဦးက ” ပ်ဥ္းကိုင္းရြာနဲ႔ ၇ မိုင္အလိုမွာ ဓားျပတိုက္ခံရတာပါ ၊ လူသုံးကုန္နဲ႔ စားသုံးကုန္ပစၥည္း ကာလတန္ဘိုး သိန္း ၁ ေထာင္ေလာက္ရွိတယ္ ၊ ဓားျပက လူ အေယာက္ ၂၀ ေက်ာ္တယ္ ” လို့ ေျပာပါတယ္။
ဓားျပတိုက္ခံရတဲ့ ကုန္ကားဟာ ေမာ္လိုက္ၿမိဳ့နယ္ ၊ ကင္းတပ္ေက်းရြာက ဦးမင္းမင္းနဲ႔ ဦးသားသားႀကီး ဆိုသူတို့ ေမာင္းႏွင္းလာတာျဖစ္ၿပီး ကားေပၚက ကုန္ပစၥည္းေတြ ဓားျပတိုက္လုယူခံရတာျဖစ္တယ္လို့ သိရပါတယ္။
ခ်င္းတြင္းျမစ္ေၾကာင္းေဘးက ၿမိဳ့နယ္ေတြနဲ႔ ေက်းလက္ေဒသေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ကစလို့ ေရလမ္းေၾကာင္းမွာ မၾကာခဏ ဓားျပအတိုက္ခံရတဲ့အတြက္ ကုန္းလမ္းခရီးနဲ႔ ကုန္စည္သယ္ယူပို့ေဆာင္တဲ့အခါ အခုလို ဓားျပအတိုက္ခံရတာျဖစ္တယ္လို့ ကားသမားေတြရဲ့ ေျပာျပခ်က္အရ သိရပါတယ္။
ပုံစာ-မဟာၿမိဳင္ကားလမ္းတေနရာ
Unicode
စစ်ကိုင်း-မုံရွာကားလမ်းမပေါ်မှာမနက်ကဖြစ်သွားတာပါ
ဧပြီ ၊ ၂၂-၂၀၂၂
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းကျေးရွာအနီး ၊ မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းမှာ မနေ့ ဧပြီ၂၁ရက် နေ့လယ်ပိုင်းက ကုန်ကားတစ်စီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
” ဓားပြတိုက်ခံရတဲ့ကားက ၁၂ ဘီးကုန်တင်ကားဖြစ်တယ် ၊ မော်လိုက်မြို့နယ် ၊ ကင်းတပ်ရွာဘက်က ကားဖြစ်တယ် ၊ မုံရွာကနေ ကုန်တွေနဲ့ တက်လာတာ ” လို့ ကားသမားတယောက်က ပြောပါတယ်။
မုံရွာ-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက ” ပျဉ်းကိုင်းရွာနဲ့ ၇ မိုင်အလိုမှာ ဓားပြတိုက်ခံရတာပါ ၊ လူသုံးကုန်နဲ့ စားသုံးကုန်ပစ္စည်း ကာလတန်ဘိုး သိန်း ၁ ထောင်လောက်ရှိတယ် ၊ ဓားပြက လူ အယောက် ၂၀ ကျော်တယ် ” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ ကုန်ကားဟာ မော်လိုက်မြို့နယ် ၊ ကင်းတပ်ကျေးရွာက ဦးမင်းမင်းနဲ့ ဦးသားသားကြီး ဆိုသူတို့ မောင်းနှင်းလာတာဖြစ်ပြီး ကားပေါ်က ကုန်ပစ္စည်းတွေ ဓားပြတိုက်လုယူခံရတာဖြစ်တယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကြောင်းဘေးက မြို့နယ်တွေနဲ့ ကျေးလက်ဒေသတွေဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ ရေလမ်းကြောင်းမှာ မကြာခဏ ဓားပြအတိုက်ခံရတဲ့အတွက် ကုန်းလမ်းခရီးနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့အခါ အခုလို ဓားပြအတိုက်ခံရတာဖြစ်တယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပုံစာ-မဟာမြိုင်ကားလမ်းတနေရာ