လူ႐ႊင္ေတာ္ေကာင္းေက်ာ္ အဖမ္းမခံရခင္ ေရးသားခဲ့တဲ့ ျဖစ္ရပ္မွန္ရွင္းတမ္း
လူ႐ႊင္ေတာ္ေကာင္းေက်ာ္ အဖမ္းမခံရခင္ ဧၿပီလ ၁၇ရက္ညကေရးသားခဲ့တဲ့ ျဖစ္ရပ္မွန္ရွင္းတမ္းေလးပါ။
“ငါ့အလွည့္ေတာ့ ေရာက္ပီထင္တယ္
မိတ္ေဆြေတြက cbကေနလာေျပာမွသိရတယ္ဟန္ၿငိမ္းဦး ဆိုသူကဘာေရးထားသလဲေပါ့?သူေရးထားတဲ့အခ်က္အလက္ေတြ ေသခ်ာဖတ္မိေတာ့မွဘဲကိုယ့္ဘာသာၿပဳံးမိေတာ့တယ္ ။
လိုင္းေပၚမွာအၿမဲမိုက္႐ိုင္းေနတဲ့ ေကာင္းေက်ာ္ တဲ့fbစသုံးကတည္းကခုခ်ိန္ထိ ၁၀ႏွစ္နီးပါး အေကာင့္ထဲမွာfriျဖစ္ေနၾကတဲ့ နယိပါယ္အစုံက မိတ္ေဆြေတြ ေကာင္းေက်ာ္fbေပၚမွာ မိုက္႐ိုင္းတဲ့အေရးအသား ဘယ္တုန္းကမွမေရးခဲ့တာကိုသိၾကတယ္
အႏုပညာသမား(လူ႐ႊင္ေတာ္)တစ္ေယာက္မို႔ ေျပာခ်င္တာရွိရင္ေတာင္မွ ရယ္စရာေလးေရာပီး ယဥ္ေက်းစြာ အၿမဲေရးေနတာ။(႐ိုင္းစိုင္းေသာ ဆဲေရးတိုင္းထြာ ညစ္ညမ္းေစႏိုင္တဲ့သေဘာေဆာင္တဲ့အေရးအသားမ်ိဳးေတာင္အၿမဲေရွာင္ခဲ့တယ္။
ေကာင္းေက်ာ္နဲ႔ ဟားငါးေကာင္က တစ္ဖြဲ႕ထဲေတြ တဲ့ဟုတ္ရဲ႕လား ဟန္ၿငိမ္းဦးရယ္ ေသခ်ာလို႔လား အခုထိလဲ အဆက္သြယ္ရွိေနတုန္း တဲ့။
ဲ့အဲ့ဒီအခ်က္ကေတာ့ ဝန္ခံတယ္ နဂိုကတည္းက fbမွာfriေတြျဖစ္ေနေတာ့ ဟားငါးေကာင္နဲ႔လဲအဆက္သြယ္ရွိတယ္ဖိုက္စတားနဲ႔လဲရွိတယ္ သီးေလးသီးနဲ႔လဲရွိတယ္ ခင္လႈိင္နဲ႔လဲရွိတယ္ ဒိန္းေဒါင္နဲ႔လဲအဆက္သြယ္ရွိတယ္ အုန္းသီးနဲ႔လဲရွိတယ္ လူ႐ႊင္ေတာ္အေတာ္မ်ားမ်ားနဲ႔ သူတို႔ဘက္က ဘေလာ့တာမဟုတ္ခဲ့ရင္ေတာ့ အကုန္အဆက္သြယ္ရွိတယ္ ။
(ကိုကစပီးေတာ့ ဘယ္လူ႐ႊင္ေတာ္မွ မဘေလာ့ဘူး)
ဘာတဲ့ ဟားငါးေကာင္ကို ေနာက္ကြယ္ကေန ပံပိုးပီးေထာက္ပို႔ လုပ္ေနတယ္ တဲ့(ေသခ်ာရဲ႕လားဟန္ၿငိမ္းဦးရယ္)အဲ့အခ်က္ေလာက္ရီစရာေကာင္းတာေတြမရွိေတာ့ဘူး
ဟန္ၿငိမ္းဦးေရ ဟားငါးေကာင္ကို ပံ့ပိုးၿပီး ေထာက္ပို႔လုပ္ဖို႔ေနေနသာသာကို႔မိသားစုနဲ႔ကိုယ္ေတာင္မွ မပံ့ပိုး မေထာက္ပို႔ႏိုင္တဲ့အျပင္ အလုပ္မရွိလို႔ အေႂကြးရွင္ေတြ ေသာက္ေႂကြးေတြနဲ႔ တိုင္ေတြပါတ္ေနပီး မိန္းမက ေစ်းမေရာင္းတတ္ ေရာင္းတတ္နဲ႔ မနက္စာနဲ႔ညစာ နပ္မွန္ေနယုံေလး မိန္းမထမီနားခိုစားေနရတာ က်ေတာ့ မငိးကထည့္မေျပာဘူး (အရမ္းေတာ္တဲ့ေထာက္လွမ္းေရး )
ဟန္ၿငိမ္းဦးေရ မင္းေပးတဲ့လိပ္စာကလဲ အမွန္ပါဘဲကြ(မင္းေသာက္တလြဲ ေပတဲ့သတင္းကို ယုံစားပီး တာဝန္ရွိသူမ်ားလာေရာက္ေခၚယူစစ္ေဆးခဲ့ရင္လဲ ေအးေဆးစြာ လိုက္သြားယုံပါဘဲ ငါ့ညီရယ္)
ဟန္ၿငိမ္းဦးေရ မိတ္ေဆြေတြကစိတ္ေတြပူပီဦးေကာင္းေရွာင္ေတာ့ ေျပးေတာ့တဲ့ ငါကေတာ့ မင္းေပးထားတဲ့သတင္းအခ်က္အလက္ ေသာက္တလြဲေတြ အခ်က္အလက္ေတြက တစ္ခုမွမဟုတ္လို႔ (လိပ္ျပာလုံစြာနဲ႔)ေရွာင္လဲမေရွာင္ဘူး ေျပးလဲမေျပးဘူး စိတ္ခ်ပါ မင္းလဲမင္းအလုပ္မင္းလုပ္ေနတာမို႔ စိတ္မဆိုးပါဘူးကြာ။
(အဲ့) ဟန္ၿငိမ္းဦးေရ တစ္ခုေတာ့ မင္းကိုအရမ္းစိတ္ဆိုတယ္ကြ မင္းရွာေဖြစုေဆာင္းထားတဲ့ သတင္းအခ်က္အလက္ထဲ
ငါ့မွာ သူမ်ားကိုေထာက္ပို႔ဖိုေနေနသာသာ အေႂကြးေတြနဲ႔တိုင္ပါတ္ေနတဲ့ အေၾကာင္းကို ထိန္ခ်န္ပီးသတင္းမေပးတာကိုေတာ့အရမ္းစိတ္ဆိုးတယ္ကြ။
(မင္းသာအဲ့ဒီအခ်က္အလက္ကေလးထည့္ေရးရင္ ေစတနာရွင္ေတြကငါ့ကိုသနားပီး ကူညီေထာက္ပံေပးၾကရင္ အေႂကြးေၾကႏိုင္တဲ့အခြင့္အေရးႀကီးလက္လြတ္သြားတာကိုေတာ့ အရမ္းစိတ္ဆိုးတယ္ကြာ)
ဟန္ၿငိမ္းဦးဘယ္သူဆိုတာလဲငါမသိသလိုမင္းနဲ႔ငါလဲဘာရန္ၿငိဳးမွမရွိဘူးထင္တာပါဘဲ.သတင္းေပးရင္လဲေသခ်ာတိက်တဲ့သတင္းမ်ိဳးေပးပါကြ
အက်ငိ့နဲ႔တူေသာ အက်ိဳးဆိုတာ မၾကာတတ္ဘူး ငါ့ညီေရ။
(ဟန္ၿငိမ္းဦး လိုင္းေပၚတင္ၿပီးဖမ္းခိုင္းလာရင္ ဟုတ္ဟုတ္ မဟုတ္ဟုတ္ ဖမ္းကိုဖမ္းရမယ္လို႔ ဥပေဒမွာျပဌာန္းထားရင္ေတာ့လဲ ငါတို႔တိုင္းသူျပည္သားေတြ ကံၾကမၼာဘဲေပါ့)
#KaungKyaw

လူရွှင်တော်ကောင်းကျော် အဖမ်းမခံရခင် ရေးသားခဲ့တဲ့ ဖြစ်ရပ်မှန်ရှင်းတမ်း
လူရွှင်တော်ကောင်းကျော် အဖမ်းမခံရခင် ဧပြီလ ၁၇ရက်ညကရေးသားခဲ့တဲ့ ဖြစ်ရပ်မှန်ရှင်းတမ်းလေးပါ။
“ငါ့အလှည့်တော့ ရောက်ပီထင်တယ်
မိတ်ဆွေတွေက cbကနေလာပြောမှသိရတယ်ဟန်ငြိမ်းဦး ဆိုသူကဘာရေးထားသလဲပေါ့?သူရေးထားတဲ့အချက်အလက်တွေ သေချာဖတ်မိတော့မှဘဲကိုယ့်ဘာသာပြုံးမိတော့တယ် ။
လိုင်းပေါ်မှာအမြဲမိုက်ရိုင်းနေတဲ့ ကောင်းကျော် တဲ့fbစသုံးကတည်းကခုချိန်ထိ ၁၀နှစ်နီးပါး အကောင့်ထဲမှာfriဖြစ်နေကြတဲ့ နယိပါယ်အစုံက မိတ်ဆွေတွေ ကောင်းကျော်fbပေါ်မှာ မိုက်ရိုင်းတဲ့အရေးအသား ဘယ်တုန်းကမှမရေးခဲ့တာကိုသိကြတယ်
အနုပညာသမား(လူရွှင်တော်)တစ်ယောက်မို့ ပြောချင်တာရှိရင်တောင်မှ ရယ်စရာလေးရောပီး ယဉ်ကျေးစွာ အမြဲရေးနေတာ။(ရိုင်းစိုင်းသော ဆဲရေးတိုင်းထွာ ညစ်ညမ်းစေနိုင်တဲ့သဘောဆောင်တဲ့အရေးအသားမျိုးတောင်အမြဲရှောင်ခဲ့တယ်။
ကောင်းကျော်နဲ့ ဟားငါးကောင်က တစ်ဖွဲ့ထဲတွေ တဲ့ဟုတ်ရဲ့လား ဟန်ငြိမ်းဦးရယ် သေချာလို့လား အခုထိလဲ အဆက်သွယ်ရှိနေတုန်း တဲ့။
ဲ့အဲ့ဒီအချက်ကတော့ ဝန်ခံတယ် နဂိုကတည်းက fbမှာfriတွေဖြစ်နေတော့ ဟားငါးကောင်နဲ့လဲအဆက်သွယ်ရှိတယ်ဖိုက်စတားနဲ့လဲရှိတယ် သီးလေးသီးနဲ့လဲရှိတယ် ခင်လှိုင်နဲ့လဲရှိတယ် ဒိန်းဒေါင်နဲ့လဲအဆက်သွယ်ရှိတယ် အုန်းသီးနဲ့လဲရှိတယ် လူရွှင်တော်အတော်များများနဲ့ သူတို့ဘက်က ဘလော့တာမဟုတ်ခဲ့ရင်တော့ အကုန်အဆက်သွယ်ရှိတယ် ။
(ကိုကစပီးတော့ ဘယ်လူရွှင်တော်မှ မဘလော့ဘူး)
ဘာတဲ့ ဟားငါးကောင်ကို နောက်ကွယ်ကနေ ပံပိုးပီးထောက်ပို့ လုပ်နေတယ် တဲ့(သေချာရဲ့လားဟန်ငြိမ်းဦးရယ်)အဲ့အချက်လောက်ရီစရာကောင်းတာတွေမရှိတော့ဘူး
ဟန်ငြိမ်းဦးရေ ဟားငါးကောင်ကို ပံ့ပိုးပြီး ထောက်ပို့လုပ်ဖို့နေနေသာသာကို့မိသားစုနဲ့ကိုယ်တောင်မှ မပံ့ပိုး မထောက်ပို့နိုင်တဲ့အပြင် အလုပ်မရှိလို့ အကြွေးရှင်တွေ သောက်ကြွေးတွေနဲ့ တိုင်တွေပါတ်နေပီး မိန်းမက ဈေးမရောင်းတတ် ရောင်းတတ်နဲ့ မနက်စာနဲ့ညစာ နပ်မှန်နေယုံလေး မိန်းမထမီနားခိုစားနေရတာ ကျတော့ မငိးကထည့်မပြောဘူး (အရမ်းတော်တဲ့ထောက်လှမ်းရေး )
ဟန်ငြိမ်းဦးရေ မင်းပေးတဲ့လိပ်စာကလဲ အမှန်ပါဘဲကွ(မင်းသောက်တလွဲ ပေတဲ့သတင်းကို ယုံစားပီး တာဝန်ရှိသူများလာရောက်ခေါ်ယူစစ်ဆေးခဲ့ရင်လဲ အေးဆေးစွာ လိုက်သွားယုံပါဘဲ ငါ့ညီရယ်)
ဟန်ငြိမ်းဦးရေ မိတ်ဆွေတွေကစိတ်တွေပူပီဦးကောင်းရှောင်တော့ ပြေးတော့တဲ့ ငါကတော့ မင်းပေးထားတဲ့သတင်းအချက်အလက် သောက်တလွဲတွေ အချက်အလက်တွေက တစ်ခုမှမဟုတ်လို့ (လိပ်ပြာလုံစွာနဲ့)ရှောင်လဲမရှောင်ဘူး ပြေးလဲမပြေးဘူး စိတ်ချပါ မင်းလဲမင်းအလုပ်မင်းလုပ်နေတာမို့ စိတ်မဆိုးပါဘူးကွာ။
(အဲ့) ဟန်ငြိမ်းဦးရေ တစ်ခုတော့ မင်းကိုအရမ်းစိတ်ဆိုတယ်ကွ မင်းရှာဖွေစုဆောင်းထားတဲ့ သတင်းအချက်အလက်ထဲ
ငါ့မှာ သူများကိုထောက်ပို့ဖိုနေနေသာသာ အကြွေးတွေနဲ့တိုင်ပါတ်နေတဲ့ အကြောင်းကို ထိန်ချန်ပီးသတင်းမပေးတာကိုတော့အရမ်းစိတ်ဆိုးတယ်ကွ။
(မင်းသာအဲ့ဒီအချက်အလက်ကလေးထည့်ရေးရင် စေတနာရှင်တွေကငါ့ကိုသနားပီး ကူညီထောက်ပံပေးကြရင် အကြွေးကြေနိုင်တဲ့အခွင့်အရေးကြီးလက်လွတ်သွားတာကိုတော့ အရမ်းစိတ်ဆိုးတယ်ကွာ)
ဟန်ငြိမ်းဦးဘယ်သူဆိုတာလဲငါမသိသလိုမင်းနဲ့ငါလဲဘာရန်ငြိုးမှမရှိဘူးထင်တာပါဘဲ.သတင်းပေးရင်လဲသေချာတိကျတဲ့သတင်းမျိုးပေးပါကွ
အကျငိ့နဲ့တူသော အကျိုးဆိုတာ မကြာတတ်ဘူး ငါ့ညီရေ။
(ဟန်ငြိမ်းဦး လိုင်းပေါ်တင်ပြီးဖမ်းခိုင်းလာရင် ဟုတ်ဟုတ် မဟုတ်ဟုတ် ဖမ်းကိုဖမ်းရမယ်လို့ ဥပဒေမှာပြဌာန်းထားရင်တော့လဲ ငါတို့တိုင်းသူပြည်သားတွေ ကံကြမ္မာဘဲပေါ့)
#KaungKyaw



