နည်းပညာခေတ်ကို လုပ်အားနဲ့ ဘယ်လိုမှ ယှဉ်မရပါဘူး ။ ကိုရီးယားတို့ ဂျပန်တို့မှာ ၅ နှစ်လောက် အလုပ်သွားလုပ်၊ သိန်း ၂ ထောင်စုမိပြီပဲ ထားဉီး။ မြန်မာပြည် ပြန်ရောက်ရင် ဂျပန် ကား သိန်း ၅၀၀ တန်လောက်ပဲ ဝယ်စီးတယ်၊ ကျန်တဲ့ ၁၅၀၀ လောက်ကို တိုက်ခန်းဝယ်။ အဲ့တိုက်ခန်း ရောင်းတဲ့သူက အဲ့ပိုက်ဆံနဲ့ ကားအကောင်းစား သိန်း ၁၅၀၀ တန် ဝယ်စီးလိုက်ပြီ ထားပါတော့ ၊ ကိုယ်လုပ်ခဲ့တဲ့ ၅ နှစ်လုပ်ခ အကုန် သူ့နိုင်ငံအကုန် ပြန်ရောက်သွားတယ်။
ကားတစ်စီးထုတ်ဖို့ ဆိုတာ ရက်ပိုင်းတောင် မကြာပါဘူး နည်းပညာဆိုတာ အဲဒါပဲ ။ ဆန်စပါးလို စောင့်နေစရာ မလိုဘူး လိုသလောက် ထုတ်လုပ်လို့ရတယ် ။ စပါးဆိုတာ တစ်နှစ် ၅ ခါမှ စိုက်လို့ မရတာ ကားကတော့ လိုအပ်ရင် စက်ရုံထပ်ဆောက်လို့ ရပါတယ်။

ကိုယ်လက်လှမ်းမမှီတဲ့ နည်းပညာတွေမှ အများကြီးပဲ တွေးဖို့တောင် ဉာဏ်မမှီတာ တစ်ပုံကြီး ရှိသေးတယ် ။ နည်းပညာတွေဟာ အရမ်းအရေးကြီးတယ် ဆိုတာ တွေးမိတာကို ပြောချင်တာပါ ။ နည်းပညာ နိမ့်ကျရင် လယ် လုပ်ရတာ ခြင်း တူရင်တောင် စက်နဲ့ လုပ်တဲ့သူနဲ့ နွားနဲ့ အတူတူ ရုန်းတဲ့သူ ကွာသလို ကွာပါလိမ့်မယ်။
နိုင်ငံခြားကို သွားဖို့အသည်းအသန်တွေ ကြိုးစားနေတာ မြင်တော့ တွေးမိတယ် ။ တိုးတက်ပြီးသား နိုင်ငံတွေက ငါးကြင်းကြော်ဖို့ ဆီကို ငါးကြင်းဆီကရ ဆိုသလိုပဲ။ ဥပမာ ကားထုတ်ဖို့ မြန်မာက အလုပ်သမားတွေ ခေါ်တယ် ခိုင်းတယ် ကားတွေကို မြန်မာပြည် ပြန်တင်သွင်းတယ် ။ အလုပ်သမား အတွက် ပေးရတဲ့ငွေကို အသာလေးပြန်ယူလို့ရတယ်။
အပေါ်ဆုံးအပိုဒ်မှာ ရေးသလိုပေါ့။ သူတို့ကတော့ အဲ့လောက်အသေးစား နည်းပညာလေးတွေမှာ အချိန်ကုန်မခံဘူး။ သူတို့လူတွေ မသုံးဘူး မရင်းပါဘူး။ အဲ့ထက်မြင့်တဲ့ နည်းပညာတွေ အတွက်ပဲ အချိန်ပေးမှာပါ။ ဆင်းရဲတဲ့ နိုင်ငံတိုင်းကတော့ ဒီလိုပါပဲ ဘာမှမလုပ်ဘဲ နေလို့တော့ ဘာမှ မဖြစ်ဘူးပေါ့။ ” သဘောကျလို့ပါ မိတ်ဆွေများအား ချစ်ခင်စွာဖြင့် Moy Tun (စာပေ ပရဟိတ)

နည္းပညာေခတ္ကို လုပ္အားနဲ႔ ဘယ္လိုမွ ယွဥ္မရပါဘူး ။ ကိုရီးယားတို႔ ဂ်ပန္တို႔မွာ ၅ ႏွစ္ေလာက္ အလုပ္သြားလုပ္၊ သိန္း ၂ ေထာင္စုမိၿပီပဲ ထားဉီး။ ျမန္မာျပည္ ျပန္ေရာက္ရင္ ဂ်ပန္ ကား သိန္း ၅၀၀ တန္ေလာက္ပဲ ဝယ္စီးတယ္၊ က်န္တဲ့ ၁၅၀၀ ေလာက္ကို တိုက္ခန္းဝယ္။ အဲ့တိုက္ခန္း ေရာင္းတဲ့သူက အဲ့ပိုက္ဆံနဲ႔ ကားအေကာင္းစား သိန္း ၁၅၀၀ တန္ ဝယ္စီးလိုက္ၿပီ ထားပါေတာ့ ၊ ကိုယ္လုပ္ခဲ့တဲ့ ၅ ႏွစ္လုပ္ခ အကုန္ သူ႔ႏိုင္ငံအကုန္ ျပန္ေရာက္သြားတယ္။
ကားတစ္စီးထုတ္ဖို႔ ဆိုတာ ရက္ပိုင္းေတာင္ မၾကာပါဘူး နည္းပညာဆိုတာ အဲဒါပဲ ။ ဆန္စပါးလို ေစာင့္ေနစရာ မလိုဘူး လိုသေလာက္ ထုတ္လုပ္လို႔ရတယ္ ။ စပါးဆိုတာ တစ္ႏွစ္ ၅ ခါမွ စိုက္လို႔ မရတာ ကားကေတာ့ လိုအပ္ရင္ စက္႐ုံထပ္ေဆာက္လို႔ ရပါတယ္။
ကိုယ္လက္လွမ္းမမွီတဲ့ နည္းပညာေတြမွ အမ်ားႀကီးပဲ ေတြးဖို႔ေတာင္ ဉာဏ္မမွီတာ တစ္ပုံႀကီး ရွိေသးတယ္ ။ နည္းပညာေတြဟာ အရမ္းအေရးႀကီးတယ္ ဆိုတာ ေတြးမိတာကို ေျပာခ်င္တာပါ ။ နည္းပညာ နိမ့္က်ရင္ လယ္ လုပ္ရတာ ျခင္း တူရင္ေတာင္ စက္နဲ႔ လုပ္တဲ့သူနဲ႔ ႏြားနဲ႔ အတူတူ ႐ုန္းတဲ့သူ ကြာသလို ကြာပါလိမ့္မယ္။

ႏိုင္ငံျခားကို သြားဖို႔အသည္းအသန္ေတြ ႀကိဳးစားေနတာ ျမင္ေတာ့ ေတြးမိတယ္ ။ တိုးတက္ၿပီးသား ႏိုင္ငံေတြက ငါးၾကင္းေၾကာ္ဖို႔ ဆီကို ငါးၾကင္းဆီကရ ဆိုသလိုပဲ။ ဥပမာ ကားထုတ္ဖို႔ ျမန္မာက အလုပ္သမားေတြ ေခၚတယ္ ခိုင္းတယ္ ကားေတြကို ျမန္မာျပည္ ျပန္တင္သြင္းတယ္ ။ အလုပ္သမား အတြက္ ေပးရတဲ့ေငြကို အသာေလးျပန္ယူလို႔ရတယ္။
အေပၚဆုံးအပိုဒ္မွာ ေရးသလိုေပါ့။ သူတို႔ကေတာ့ အဲ့ေလာက္အေသးစား နည္းပညာေလးေတြမွာ အခ်ိန္ကုန္မခံဘူး။ သူတို႔လူေတြ မသုံးဘူး မရင္းပါဘူး။ အဲ့ထက္ျမင့္တဲ့ နည္းပညာေတြ အတြက္ပဲ အခ်ိန္ေပးမွာပါ။ ဆင္းရဲတဲ့ ႏိုင္ငံတိုင္းကေတာ့ ဒီလိုပါပဲ ဘာမွမလုပ္ဘဲ ေနလို႔ေတာ့ ဘာမွ မျဖစ္ဘူးေပါ့။ ” သေဘာက်လို႔ပါ မိတ္ေဆြမ်ားအား ခ်စ္ခင္စြာျဖင့္ Moy Tun (စာေပ ပရဟိတ)



