ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင် စစ်ကြောရေးတွင် ခြေထောက်ကျိုး၊ ဆေးကုသခွင့် မရ
ဧရာဝတီ၊ နိုဝင်ဘာ ၃၀၊ ၂၀၂၁
မိတ္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင် စစ်ကြောရေးတွင်ခြေထောက်ကျိုးပြီး ဆေးကုသခွင့်လည်း မရကြောင်း သိရသည်။
အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်လည်း ပါဝင်သည့် ကျောင်းဆရာမမသဲစုနိုင်အား PDF ခေါင်းဆောင် အမျိုးသမီးဆိုသည့် ခေါင်းစဉ်ဖြင့် စစ်ကောင်စီက နိုဝင် ဘာ ၂၂ ရက်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မသဲစုနိုင်သည် လက်ရှိအချိန်ထိ တပ်မ ၉၉ ၌သာ ရှိနေပြီး ခြေထောက်ကျိုးဒဏ်ရာနှင့် ၁ ပတ်ကျော်သည်အထိစစ်ကြောနေခြင်းကြောင့် စိုးရိမ်ရကြောင်း ပခုက္ကူ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ထုတ်ပြန်ထား သည်။
ထို့ပြင် သမဝါယမကောလိပ် (မန္တလေး) နှင့်သမဝါယမ ဒီဂရီကောလိပ်(သန်လျင်)တို့မှ ကျောင်းသားဟောင်းဖြစ်သူမတ္တရာမြို့နယ် သမဝါယမ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ပြီးCDMပြုလုပ်ထားသည့်ကိုရဲသူလှိုင်သည်လည်း နိုဝင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း စစ်ကိုင်း သမဝါယမ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
unicode
#WhatsHappeningInMyanmar
#RejectMilitaryCoup


