ၾကားသိရသမွ်

သားျဖစ္သူရဲ႕ ေက်ာင္း၌က်င္းပျပဳလုပ္ေသာ အေမမ်ားေန႔အစည္းအေဝးတြင္ မိခင္ျဖစ္သူအစား အမ်ိဳးသမီးတစ္ဦးလို ပန္းေရာင္ဇာဂါဝန္ေလးဝတ္စားသြားခဲ့သည့္ ဖခင္တစ္ဦး

အိမ္ေထာင္တစ္ခုတည္ၿပီဆိုကတည္းက တစ္ဦးႏွင့္တစ္ဦး နားလည္မႈထားကာ တစ္သက္တာလုံး ေပါင္းဖက္သြားၾကျခင္းသည္ အေကာင္းဆုံးဆိုေပမယ့္လည္း မိဘေတြအဆင္မေျပေတာ့၍ ကြာရွင္းၾကသည့္အခါ သားသမီးေလးေတြအဖို႔ မ်က္ႏွာငယ္ေနရမွာ အမွန္ပင္ျဖစ္သည္။

သို႔ျဖစ္၍ ထိုင္းႏိုင္ငံမွ အသက္၃၂ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ အိမ္ေထာင္က်ၿပီးေနာက္ သားေလးႏွစ္ေယာက္ရွိခဲ့ရာ အလုပ္ကလည္း သိပ္ၿပီးမဆင္မေျပေတာ့၍ စားဝတ္ေနေရး ခက္ခဲလာရာ ဆင္းရဲဒဏ္မခံႏိုင္သည့္ ဇနီးျဖစ္သူမွ ကြာရွင္းရန္ ေတာင္းဆိုလာခဲ့သည္။

ထိုအခ်ိန္တြင္ ၅ႏွစ္ႏွင့္ ၃ႏွစ္အ႐ြယ္ သားေလးႏွစ္ေယာက္ကိုေတာ့ ဖခင္ျဖစ္သူကပဲ ေကြၽးေမြးေစာင့္ေရွာက္ထားရာ တစ္ေန႔တြင္ သားငယ္ေလးရဲ႕ ေက်ာင္းကေန အေမမ်ားေန႔အတြက္ က်င္းပျပဳလုပ္ေသာ ေက်ာင္းကပြဲအခမ္းအနားတြင္ မိခင္ျဖစ္သူေတြကိုသာ တက္ေရာက္ရန္ ဖိတ္ၾကားခဲ့သည္။

ထိုစဥ္ အမ်ိဳးသားသည္ ဇနီးျဖစ္သူႏွင့္ ကြာရွင္းထားသည့္အတြက္ အခက္ေတြ႕ေနစဥ္ မိခင္ျဖစ္သူအစား ကိုယ္တိုင္ပဲ အမ်ိဳးသမီးတစ္ဦးလို ပန္းေရာင္ဇာဂါဝန္ေလးအား ဝတ္ဆင္ခဲ့ၿပီး ေက်ာင္းကပြဲသို႔ တက္ေရာက္ခဲ့ၿပီး သားျဖစ္သူ စိတ္အားမငယ္ဖို႔ရာ လုပ္ေဆာင္ေပးခဲ့ျခင္းျဖင့္ အမ်ားမွ ခ်ီးမြမ္းခဲ့ၾကသည္။

Rain (For Ialinks)

Unicode

သားဖြစ်သူရဲ့ ကျောင်း၌ကျင်းပပြုလုပ်သော အမေများနေ့အစည်းအဝေးတွင် မိခင်ဖြစ်သူအစား အမျိုးသမီးတစ်ဦးလို ပန်းရောင်ဇာဂါဝန်လေးဝတ်စားသွားခဲ့သည့် ဖခင်တစ်ဦး

အိမ်ထောင်တစ်ခုတည်ပြီဆိုကတည်းက တစ်ဦးနှင့်တစ်ဦး နားလည်မှုထားကာ တစ်သက်တာလုံး ပေါင်းဖက်သွားကြခြင်းသည် အကောင်းဆုံးဆိုပေမယ့်လည်း မိဘတွေအဆင်မပြေတော့၍ ကွာရှင်းကြသည့်အခါ သားသမီးလေးတွေအဖို့ မျက်နှာငယ်နေရမှာ အမှန်ပင်ဖြစ်သည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၃၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီးနောက် သားလေးနှစ်ယောက်ရှိခဲ့ရာ အလုပ်ကလည်း သိပ်ပြီးမဆင်မပြေတော့၍ စားဝတ်နေရေး ခက်ခဲလာရာ ဆင်းရဲဒဏ်မခံနိုင်သည့် ဇနီးဖြစ်သူမှ ကွာရှင်းရန် တောင်းဆိုလာခဲ့သည်။

ထိုအချိန်တွင် ၅နှစ်နှင့် ၃နှစ်အရွယ် သားလေးနှစ်ယောက်ကိုတော့ ဖခင်ဖြစ်သူကပဲ ကျွေးမွေးစောင့်ရှောက်ထားရာ တစ်နေ့တွင် သားငယ်လေးရဲ့ ကျောင်းကနေ အမေများနေ့အတွက် ကျင်းပပြုလုပ်သော ကျောင်းကပွဲအခမ်းအနားတွင် မိခင်ဖြစ်သူတွေကိုသာ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

ထိုစဥ် အမျိုးသားသည် ဇနီးဖြစ်သူနှင့် ကွာရှင်းထားသည့်အတွက် အခက်တွေ့နေစဥ် မိခင်ဖြစ်သူအစား ကိုယ်တိုင်ပဲ အမျိုးသမီးတစ်ဦးလို ပန်းရောင်ဇာဂါဝန်လေးအား ဝတ်ဆင်ခဲ့ပြီး ကျောင်းကပွဲသို့ တက်ရောက်ခဲ့ပြီး သားဖြစ်သူ စိတ်အားမငယ်ဖို့ရာ လုပ်ဆောင်ပေးခဲ့ခြင်းဖြင့် အများမှ ချီးမွမ်းခဲ့ကြသည်။

Rain (For Ialinks)